spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်းမွန်ပညာရေးအတွက် ဂျပန်နိုင်ငံ ရောက်မွန်လူမျိုးများ ကျပ်သိန်း (၂၀) ကူညီ

    မွန်ပညာရေးအတွက် ဂျပန်နိုင်ငံ ရောက်မွန်လူမျိုးများ ကျပ်သိန်း (၂၀) ကူညီ

    -

    မိလရီထော – မွန်ပညာရေးအတွက် ဂျပန်နိုင်ငံရာက်မွန်လူမျိုးများက မြန်မာကျပ်ငွေ သိန်း (၂၀) ထောက်ပံ့ကြောင်း မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဌ ဒေါက်တာမင်းကြည်ဝင်း က ပြောသည်။

    ၎င်းက “ကျနော်တို့က ပညာရေး ဘဏ္ဍာငွေအခက်ခဲဖြစ်နေတဲ့အတွက် မျိုးချစ်တဲ့ စိတ်နဲ့ ဒီငွေကို ထောက်ပံ့ပေးတာဖြစ်တယ်လို့ သူတို့ပြောတယ်၊ ဘာပဲဖြစ်ဖြစ် အခုလို ထောက်ပံ့ပေးတာ ကိုကျနော်တို့အဖွဲ့အနေနဲ့ဝမ်းသာတယ်” ဟု ပြောသည်။

    ယင်းထောက်ပံ့ငွေများကို မွန်လူမျိုးများနေထိုင်သည့် မြို့နယ် ၅ မြို့နယ်မှ ဆရာ/ဆရာမများအား လစာအဖြင့် ပေးသွားမည်ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    မွန်ပြည်သစ်ပါတီ ထိန်းချုပ်သည့်ဧရိယာပြင်ပရှိ သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရောနှင့် ကရင်ပြည်နယ် ကော့ကရိတ်နှင့် ဖားအံမြို့နယ်များမှ မွန်အမျိုးသားကျောင်းများကို မွန်ပြည်သစ်ပါတီက မွန်စာပေယဉ်ကျေးမှုကော်တီ (ဗဟို)လက်အောက်သို့ ယခုနှစ် မတ်လ (၁၈)ရက်နေ့တွင် လွှဲပြောင်းလိုက်သည်။

    ယင်း (၅)မြို့နယ်ကို လွှဲပြောင်းပြီးနောက်တွင် အဆိုပါစာသင်ကျောင်းများအတွက် ဘဏ္ဍာငွေထောက်ပံ့ရေးအခက်အခဲအတွက် မွန်စာပေ ယဉ်ကျေးမှုကော်မတီ(ဗဟို)က နယ်ကျေးရွာများတွင် ရန်ပုံငွေရရှိရေးအတွက် စည်းရုံးရေးများ ပြုလုပ်ခဲ့ကြသည်။

    မွန်ပြည်နယ် သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရောနှင့် ကရင်ပြည်နယ် ကော့ကရိတ်နှင့် ဖားအံမြို့နယ်တို့ တွင် မွန်အမျိုးသားကျောင်းများအပြင် အစိုးရကျောင်းနှင့် တွဲဖက်သင်ကြားနေသည့်မွန်စာသင် ကျောင်းပေါင်း (၁၄၅) ကျောင်းရှိသည်။

    မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(ဗဟို)ကို မွန်ပြည်နယ်ရှိ မြို့နယ်အသီးသီးရမှ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် မွန်စာပေ သင်ကြားရေးအဖွဲ့များ၊ တက္ကသိုလ် ပညာသင်ကြားမှု ထောက်ပံ့ရေးအဖွဲ့၊ မွန်ရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့၊ မွန်လူငယ်များ အစည်းအရုံး၊ မွန်သဘင်သည်များ အစည်းအရုံးနှင့် မွန်ဂီတ အစည်းအရုံး စသည့် အဖွဲ့အစည်းများဖြင့် ၂၀ဝ၉ ခုနှစ်တွင်ဖွဲ့စည်းခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts