spot_img
Saturday, October 4, 2025
More
    spot_img
    Homeသတင်းမွန်လူမျိုးများကို နိုင်ငံသားစီစစ်ရေးကတ်ပြားများတွင် မွန်မြန်မာဟုဖော်ပြခံရ

    မွန်လူမျိုးများကို နိုင်ငံသားစီစစ်ရေးကတ်ပြားများတွင် မွန်မြန်မာဟုဖော်ပြခံရ

    -

    မင်းတော်လဝီ – မွန်ပြည်နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးပြုလုပ်သည့် မွန်လူမျိုးများ နိုင်ငံသားစီစစ်ရေးကတ်/မှတ်ပုံတင်ကတ် ပြုလုပ်ရာတွင် မွန်-မြန်မာ လူမျိုးအဖြစ် ဖော်ပြခံနေရသည်ဟု ဒေသခံများကပြောသည်။

    ပဲခူးတိုင်းပဲခူးမြို့ ရပ်ကွက် ၁၉ မှ မွန်လူငယ်တဦးက “၁၈နှစ်ပြည့် နိုင်ငံသားကတ် သွားလုပ်တော့ မွန်စစ်စစ် ဖြစ်တဲ့အကြောင်း မွန်စစ်စစ်မိဘနှစ်ပါးရဲ့ နိုင်ငံသားကတ် ကိုပြတာလည်း မွန်လို့ပြောင်းမပေးဘူး၊ မှတ်ပုံတင်ကို မယူချင်လဲနေလို့ ပြောတဲ့အတွက် ဒီအတိုင်း ယူခဲ့ရတယ်”ဟုပြောသည်။

    မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင်လည်း အလားတူဖြစ်နေကြောင်း သံဖြူဇရပ်မြို့နယ် ပငကျေးရွာမှ ဒေသခံ တဦးက ပြောသည်။

    ၎င်းက “ကျနော့်သမီးလေး ၁၂ နှစ်ပြည့်လို့ နိုင်ငံသားကတ် သွားလုပ်တော့ ကျနော်လည်းမွန်လူမျိုး၊ ဇနီးသည် လည်းမွန်လူမျိုးပဲ၊ သမီးကိုတော့ မွန်မြန်မာလို့ မှတ်ပုံတင်မှာ ထည့်လိုက်တယ်”ဟုပြောသည်။
    သို့သော် မွန်ပြည်နယ်ရှိ တချို့ဒေသများတွင်မူ ဗုဒ္ဓဘာသာကို ကိုးကွယ်သည့် မွန်လူမျိုးများကို မှတ်ပုံတင်ကတ် ထဲတွင် မွန်/ ဗုဒ္ဓဘာသာအဖြင့် ဖော်ပြပေးသည်။

    ပဲခူး အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ မြို့နယ်လူဝင်မှုကြီးကြပ်ရေးမှူးကမူ “မွန်ဆိုမွန်၊ မွန်မြန်မာဆို မွန်မြန်မာပဲ ရေးတယ်၊ မွန်ကို မွန်မြန်မာလို့မရေးဖို့ ဝန်ထမ်းတွေကို သတိပေးထားမယ်”ဟု ပြောသည်။
    ယခုလက်ရှိတွင် ကရင်လူမျိုးများနေထိုင်ရာ နယ်စပ်ဒေသတလျှောက်ရှိ ဝေလံခေါင်ဖျားသည့် နေရာများတွင် Norwegian Refugee Council (NRC) နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနအဖွဲ့တို့ပူးပေါင်းပြီး နိုင်ငံသားစီစစ်ရေး ကတ်ပြားစီမံချက် ပြုလုပ်နေသည်။

    ကိုပဲခူးတိုင်း ကျောက်ကြီးမြို့နယ်၊ ကရင်ပြည်နယ် ဖာပွန်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် နယ်မြေကျွမ်းကျင်သူအဖြစ်ခရီးလိုက်ပါဆောင်ရွက်ပေးသူ တဦးက “နိုင်ငံသားစိစစ်ရေးကတ်ပြားမှာပါတဲ့ လူမျိုးဆိုတဲ့နေရာမှာ ကရင်လူမျိုးကို ကရင်မြန်မာလို့ ရေးထားတာကို တွေ့ ရတယ်”ဟု ပြောသည်။

    နိုင်ငံသားစိစစ်ရေးကတ်ပြားရှိ မူလတိုင်းရင်းသား လူမျိုးနောက်တွင် မြန်မာဟု တွဲပြီးဖော်ပြခြင်းသည် မြန်မာနိုင်ငံတွင်နေထိုင်ခြင်း အဓိပ္ပါယ်သက်ရောက်ကြောင်း လဝက မှူးက ရှင်းပြသည်ဟု ၎င်းကပြောသည်။

    ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင် မွန်လူမျိုးအများစု နေထိုင်ရာ ရန်ကုန်မြို့၊ ပဲခူးမြို့ရှိ ဒေသတချို့အပါအဝင် တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် တိုင်းရင်းရေးရာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ဝင်ရန် မွန်တိုင်းရင်းသား ဦးရေ စာရင်းကောက်ခံခဲ့သည်။

    ယင်းသို့ကောက်ခံရာတွင် မွန်တိုင်းရင်းသားလူဦးရေ (၅၇,ဝ၀ဝ) ပြည့်မီသည့် ကရင်ပြည်နယ်တွင် အမတ် ၁ ဦးသာရရှိခဲ့သည်။

    ကျန်သည့်တိုင်းဒေသများတွင် သတ်မှတ်ထားသည့် လူဦးရေ မပြည့်မီခြင်းသည် မွန်လူဦးရေ အရေအတွက်အမှန်ကို မှတ်တမ်း တင်ခွင့်မရခဲ့ခြင်းကြောင့်ဖြစ်သည်ဟု မွန်နိုင်ငံရေး ခေါင်းဆောင်တဦးဖြစ်သည့် နိုင်တလကောင်းရတ်က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,200SubscribersSubscribe
    spot_img

    Latest posts