Monday, March 30, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့အာဇာနည်နေ့အထိမ်းအမှတ် ကုသိုလ်ပြုဆွမ်းကပ်

    မော်လမြိုင်မြို့အာဇာနည်နေ့အထိမ်းအမှတ် ကုသိုလ်ပြုဆွမ်းကပ်

    -

    မင်းတော်လဝီ – မွန်နိုင်ငံရေးပါတီခေါင်းဆောင်များအပါအဝင် သက်ဆိုင်ရာအာဏာပိုင်များက ယမန် နေ့၌ ဇူလိုင် ၁၉ ရက်နေ့ တွင် ကျရောက်သည့် ၆၅ကြိမ်မြောက်အာဇာနည်နေ့ အထိမ်း အမှတ်အဖြစ် မော်လမြိုင်မြို့ရှိ ဓမ္မဗိမာန် တော်ကြီးတွင် သံဃာတော်များကို ဆွမ်းကပ်၍ ရေစက်ချအမျှဝေခဲ့သည်။

    ယမန်နေ့နံနက်ပိုင်းတွင်ပြုလုပ်သည့် ယင်းဆွမ်းကပ် ရေစက်ချပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့် နှင့်အဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီများ မှပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များနှင့် မြို့နယ်၊ ရပ်ကွက်များမှအုပ်ချုပ်ရေးမှူးများတက် ရောက်သည် ဟု မွန်ဒီမိုကရေစီပါတီ အလုပ်အမှုဆောင် ကော်မတီ နိုင်စိုးမြင့်က ပြောသည်။

    ၎င်းက “နိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ် သုံးဦးစီ တက်ရောက်တယ်၊ သံဃာတော် ၉ပါးကို ဆွမ်းကပ်လှူဒါန်းပြီး တရားနာရေစက်ချတာပါပဲ။ အခြားဘာမှ မလုပ်ဘူး”ဟု ပြောသည်။

    မော်လမြိုင်မြို့ရှိ အမျိုးသားဒီမိုကရေစီပါတီ အဖွဲ့ချုပ် (NLD) ပါတီလည်း အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဆွမ်းကပ်လှူဒါန်းသည်ဟု မော်လမြိုင်မြို့နယ် (NLD)ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်က ပြောသည်။

    ထိုနည်းတူ ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင်လည်း အာဇာနည်နေ့အခမ်းအနားကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်ကျင်းပသည်ဟု အုပ်ချုပ်ရေးမှူးတဦးက ပြောသည်။

    ၎င်းက “သံဃာတော်ကိုဆွမ်းကျွေးပြီးရင်အခမ်းအနားကို အစီအစဉ်အတိုင်းကျင်းပတယ်၊ နိုင်ငံတော် သမ္မတမိန့်ခွန်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းကဖတ်ကြားတယ်” ဟု ပြောသည်။
    ဘုရားသုံးဆူမြို့ရှိ NLD ရုံးတွင်မူ အလံတဝက်လွှင့်ထူပြီး ကျဆုံးသည့်အာဇာနည်ခေါင်းဆောင်များကို ခရာဥသြများဆွဲပြီး အလေးပြုခဲ့ကြသည်။

    ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့၌ ရန်ကုန်မြို့အတွင်းဝန်ရုံးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးခေါင်းဆောင် ၉ ဦးတို့ အစည်းအဝေးပြုလုပ်နေစဉ် ဂဋ္ဌုန်ဦးစော၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည့်နေ့ကို အာဇာနည်နေ့ဟု သတ်မှတ်ခဲ့သည်။

    ကျဆုံးခဲ့သည့် အာဇာနည် ခေါင်းဆောင်ကြီးများမှာ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်း ပွန်စော်ဘွားကြီး စပ်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ အတွင်းဝန် ဦးအုန်းမောင်နှင့် သက်တော်စောင့် ရဲဘော် ကိုထွေး တို့ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks