spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းသံလွင်တိုင်းမ်းဂျာနယ် နှစ်ပတ်တစ်ကြိမ်ထုတ်ဝေခွင့်ရပြီ

    သံလွင်တိုင်းမ်းဂျာနယ် နှစ်ပတ်တစ်ကြိမ်ထုတ်ဝေခွင့်ရပြီ

    -

    ဂျူရီချိုင်း – မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် လစဉ်ထုတ် သံလွင်တိုင်းမ်းဂျာနယ်ကို လာမည့်သြဂုတ် လတွင် နှစ်ပတ်တကြိမ်ထုတ်ဝေရန် ခွင့်ပြုချက်ရပြီဖြစ်သည်ဟု အယ်ဒီတာအဖွဲ့ဝင်က ပြောသည်။

    ယခုလ (၄) ရက်နေ့က သံလွင်တိုင်းမ်းဂျာနယ်ကို နှစ်ပတ်တကြိမ် ထုတ်ဝေခွင့်ရရှိရန် စာပေစိစစ်ရေးရုံးသို့ လျှောက်တင်ခဲ့ရာ  ထုတ်ဝေခွင့်ပြုကြောင်း စာပေစိစစ်ရေးက ယမန်နေ့က အကြောင်းကြားခဲ့သည်ဟု အယ်ဒီတာအဖွဲ့ဝင် မင်းမင်းနွယ်က ပြောသည်။

    ၎င်းက ”မနေ့က ခွင့်ပြုချက်ရတယ်၊ စာဖတ်သူတွေ တပတ်တကြိမ်ထုတ်ဖို့ တောင်းဆိုတယ်၊ အပတ်စဉ်ဆို ကျနော်တို့အဆင်မပြေဘူး၊ အဲကြောင့် နှစ်ပတ်တစ်ကြိမ်ထုတ်ဖို့ လျှောက်တင်လိုက် တယ်” ဟု ပြောသည်။

    ယခင်က ဂျာနယ်ကို လစဉ် ထုတ်ဝေရာတွင် သတင်းများနောက်ကျသဖြင့် နှစ်ပတ်လျှင်တကြိမ်ခန့် ထုတ်ဝေရန် ဒေသခံစာဖတ်ပရိသတ်များက အကြံပြုတောင်းဆိုခဲ့ခြင်းဖြစ်သည်။

    သံလွင်တိုင်းမ်းဂျာနယ်ကို ယခုလက်ရှိတွင် လစဉ် စောင်ရေ (၃) ထောင်ထုတ်ဝေလျှက်ရှိပြီး တစောင်ကို (၅၀ဝ) ကျပ်နှုန်းဖြင့် ဖြန့်ဝေရောင်းချလျှက်ရှိသည်။

    သံလွင်တိုင်းမ်ဂျာနယ်ကို ယခုနှစ် မတ်လ ၃၁ ရက်နေ့၌ ဂျာနယ်ထုတ်ဝေခွင့်ရရှိခဲ့ပြီး မွန်ပြည်နယ် အတွင်း မော်လမြိုင်မြို့ရှိ တစ်ခုတည်းသော ဂျာနယ်တိုက်ဖြစ်သည်။

     မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသရှိ စာဖတ် ပရိသတ်များအတွက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများကို အဓိကထား၍ ရေးသားထုတ် ဝေနေပြီး လစဉ် ဂျာနယ် ၃ စောင် ပုံနှိပ်ထုတ်ဝေခဲ့ပြီး ဖြစ်သည်။

    သံလွင်တိုင်းမ်ဂျာနယ်ကို မြန်မာဘာသာအပြင် မွန်ဘာသာဖြင့် ထုတ်ဝေခွင့်ကို တောင်းဆိုခဲ့သော်လည်း ခွင့်ပြုချက် မရရှိသေးပါ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks