spot_img
Saturday, October 4, 2025
More
    spot_img
    Homeသတင်းစပါးဖျက်ခရုကို သီးနှံပုံစံပြောင်းလဲစိုက်ပျိုးစနစ်ဖြင့် ကာကွယ်နိုင်ဟု စိုက်ပျိုးရေးပညာရှင်ပြော

    စပါးဖျက်ခရုကို သီးနှံပုံစံပြောင်းလဲစိုက်ပျိုးစနစ်ဖြင့် ကာကွယ်နိုင်ဟု စိုက်ပျိုးရေးပညာရှင်ပြော

    -

    မင်းတော်လဝီ – မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် သီးနှံပုံစံပြောင်းလဲစိုက်ပျိုးခြင်းကြောင့် ယခုနှစ်တွင် စပါးများကိုဖျက်ဆီးသည့် ခရု မျိုးစိတ်သစ်ဒဏ်ကို ဆိုးဆိုးဝါးဝါးခံရခြင်း မရှိဟု ချောင်းဆုံမြို့ရှိ မြန်မာ့စိုက်ပျိုးရေးရုံးကပြောသည်။

    မြန်မာ့စိုက်ပျိုးရေး ရုံးမှ ဒုမြို့နယ်မန်နေဂျာက“ခရုကို ကာကွယ်နှိမ်နင်းတာ သီးနှံပုံစံ(Crop pattern)ပြောင်းလဲလိုက်ဖို့ အရေးကြီးဆုံးအချက်ပဲ၊ဒါကိုလယ် သမားတွေကို ပညာပေးလုပ်ငန်းတွေကို လုပ်ပေးခဲ့လို့ ယခုလို ခရုအဖျက်အဆီးနည်းသွားတာပါ” ဟု ပြောသည်။

    စပါးဖျက်သည့် ခရုမျိုးစိတ်သစ်(Golden apple snail)သည် ရွှေရောင်ခရုအမျိုးအစားဖြစ်သည်။ လယ်ကွင်းများတွင် သာမန်တွေ့မြင်နေကျ မြေကြီးအရောင်ရှိ ခရုမျိုးနှင့် အရွယ်အစားမျိုးစိတ်တူညီသည်ဟု စိုက်ပျိုးရေးသုတေသန ဦးစီးဌာန သီးနှံကာကွယ်ရေးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

    ယင်းခရုမျိုးစိတ်၏ ဥမှာ ပန်းရောင်ဖြစ်သည်။ သက်တမ်းမှာ တစ်လခွဲမှ နှစ်လထိရှိပြီး စပါးပင်နှင့် မြက်ပင်များကို အကောင်ပေါက်စ အရွယ်မှ စပြီး ဖျက်ဆီးတတ်ကြောင်း ၎င်းကပြောသည်။

    ယမန်နှစ်တွင် ချောင်းဆုံမြို့နယ်၌ ယင်း ခရုကျခြင်း ကြောင့် စပါးဧက ရာချီပျက်ဆီးဆုံးရှုံးခဲ့သည်။

    ယင်း ခရုအန္တရာယ် ကိုကာကွယ်ရန်အတွက် စပါးပျိုးခင်းနှင့် စိုက်ကွက်များကို ပူပြင်းသည့် နွေရာသီတွင် စက်အားဖြင့် ထယ်ထိုးခြင်း၊ ပေါင်းမြက်ကို ပြောင်စင်အောင်မီးရှို့ခြင်း၊ ပုံမှန် ပျိုးထောင်ချိန်စောပြီး ပျိုးထောင်ခြင်းဖြင့် ပျိုပင်ရင့်များကိ ခရုများက မဖျက်စီးနိုင်ကြောင်း ချောင်းဆုံမြို့နယ်စိုက်ပျိုးရေးရုံးမှ သီးနှံကာကွယ်ရေးဝန်ထမ်းတဦးက ပြောသည်။

    ၎င်းက “မိုးကျမှ (စပါး မျိုးချရင် မိုးနဲ့ အတူပေါက်လာတဲ့ ခရုအတွက် အစာဖြစ်သွားမယ်၊ မျိုးစောချလိုက်တာက သီးနှံစိုက်တဲ့ ပုံစံ ပြောင်း လိုက် တာပဲ၊ ပျိုးပင်လက်ဦးရပြီး (စောစောပျိုးပြီး) စိုက်ခင်းမှာ စိုက်နိုင်ရင်တော့ ခရုဒဏ် လွတ်သွားတာပဲ” ကပြောသည်။

    ထို့ပြင် လယ်ကွက်ထဲတွင် စပါးပင်များမရှိပါက ယင်းခရုများက ကန်သင်းပေါ်ရှိ မြက်ပင်များကိုလဲ ဖျက်စီးသဖြင့် ပေါင်းမြက်များကိုရှင်းပစ်ရန်လိုသည်ဟု ပြောသည်။

    ယခင်နှစ်တွင် ချောင်းဆုံမြို့ရှိ လယ်သမာများက ကျေးရွာအလိုက် လူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းပြီး ယင်းခရုများကို ကောက်ယူဖျက်ဆီးခြင်း၊ ဆေးဖျန်းနှိမ်နင်းခြင်းများပြုလုပ်ခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,200SubscribersSubscribe
    spot_img

    Latest posts