spot_img
Tuesday, July 15, 2025
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီဥက္ကဌ လမိုင်းမြို့နယ်ခွဲတွင်လူထုရှင်းလင်းပွဲပြုလုပ်ခဲ့

    မွန်ပြည်သစ်ပါတီဥက္ကဌ လမိုင်းမြို့နယ်ခွဲတွင်လူထုရှင်းလင်းပွဲပြုလုပ်ခဲ့

    -

    မင်းသုတ – မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်နှင့်အဖွဲ့သည် ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ၌ ယနေ့တွင် လူထုရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်ဟု ရေးမြို့၊ မွန်ပြည်သစ်ပါတီဆက်ဆံရေးရုံးကပြောသည်။

    ယင်းလူထုရှင်းလင်းပွဲသည် တနင်္သာရီတိုင်း ရေဖြူနှင့် မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ပြီးခဲ့သည့်ဇွန်လလယ်ပိုင်း၌ စတင်ခဲ့သည့် အကြိမ် ၂၀ မြောက်ရှင်းလင်းပွဲဖြစ်သည်။

    အခမ်းအနားကိုတက်ရောက်ခဲ့သည့် နှစ်ကရင်ရွာသား မင်းချမ်းအိုင်းမွန်က” ဥက္ကဌကြီးရှင်းပြသွားတဲ့အချက်မှာ မွန်ပြည်သစ်ပါတီဘာကြောင့်အပစ်ရပ်စဲရတဲ့အကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် နှစ်ကရင်ရွာအနီး သပြေချောင်းရေနက်ဆိပ်ကမ်းတည်ဆောက်မယ့် စီမံကိန်းအခြေအနေ၊ လက်ရှိအစိုးရရဲ့ ငြိမ်းချမ်းရေး ခရီးစဉ်လုပ်ငန်းအကောင်အထည်ဖေါ်နေပုံကို သံသယနဲ့စောင့်ကြည့်နေရတာတွေဆိုတဲ့ အချက်တွေပါဝင်တယ်”ဟုပြောသည်။

    ထို့အပြင် ၉၀ ရွေးကောက်ပွဲဝင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီပါတီ နှစ်ဖွဲ့ပူးပေါင်းရန်လည်း ထပ်မံတိုက်တွန်းသည်ဟု နိုင်ထောမွန်က ပြောကြားခဲ့ကြောင်း ၎င်းက ပြောသည်။

    လာမည့် ဇင်ဘာလ မတိုင်ခင်အထိ မွန်ပြည်သစ်ပါတီက နှစ်လတစ်ကြိမ် လူထုတွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။

    ယခုလ ၂ ရက်နေ့မှစ၍ ယမန်နေ့အထိ မွန်ပြည်သစ်ပါတီက ရေးမြို့နယ်ရှိ ဒူးရား၊ အင်ဒင်၊ အာရုတောင်၊ သောင်ပြင်၊ ကော့ဒွတ်၊ နှစ်ကရင်၊ မော့ကနင် စသည့်ကျေးရွာများတွင်လည်း အလားတူလူထုရှင်းလင်းပွဲများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

    မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဌ နိုင်ရော့စက မော်လမြိုင်၊ ချောင်းဆုံ၊ ပေါင်၊ ကျိုက်မရော၊ ဘားအံ၊ ကော့ကရိတ်မြို့နယ်များ၊ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ဘုရားသုံးဆူဒေသတဝိုက်နှင့် ထိုင်းနိုင်ငံရှိ မွန်ကျေးရွာများနှင့် မွန်လူမှုအဖွဲ့အစည်းများ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ဝင်းလှက ကြာအင်းဆိပ်ကြီး၊ သံဖြူဇရပ်၊ မုဒုံမြို့နယ်များတွင် လူထုရှင်းလင်းပွဲများ ပြုလုပ်လျှက်ရှိသည်။

    အထက်ပါလူထုတွေ့ဆုံရှင်းလည်းပွဲများမှ ရရှိလာသောဆွေးနွေးအကြံပြုချက်များကို မကြာမီကျင်းပမည့် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးပွဲ၌ ထည့်သွင်း ဆွေးနွေးကြမည်ဖြစ်သည်။

    ၂၀၁၂ ဒီဇင်ဘာလတွင် နိုင်ငံရေးဆွေးနွေးပွဲများစတင်ပြုလုပ်သွားရန် မြန်မာအစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ကြသည်။

    မွန်ပြည်သစ်ပါတီအပြင် တခြားစုစည်းရသမျှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်း မြန်မာအစိုးရက နိ်ုင်ငံရေးအရ တွေ့ဆုံဆွေးနွေးကြမည်ဟု သဘောတူခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,800SubscribersSubscribe
    spot_img

    Latest posts