spot_img
Wednesday, February 11, 2026
More
    spot_img
    Homeအယ်ဒီတာ့အာဘော်ငြိမ်းချမ်းရေးအား စောင့်ကြည့်လေ့လာခြင်း

    ငြိမ်းချမ်းရေးအား စောင့်ကြည့်လေ့လာခြင်း

    -

    လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ အစည်းတိုင်းမှ ပြည်ထောင်စုအဆင့် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ထုတ်ရေးအဖွဲ့ နှင့် တွေ့ ဆုံသည့်အခါတိုင်း ကချင်ဒေသ၌ ဗမာ့တပ်မတော် ထိုးစစ်ဆင်တိုက်ခိုက်နေမှုကို ရပ်တန့်စေရန် တောင်းဆိုခဲ့သည်။

    ရှမ်းပြည်တပ်မတော် (SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီပြည် တိုးတက်ရေးပါတီ (KNPP) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ အစိုးရပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ တို့ တွေ့ ဆုံဆွေးနွေးသည့်အခါတိုင်း ကချင်ပြည်တွင် ဗမာ့တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်နေမှုကို ရပ်တန့်ပါရန် အမြဲတမ်းအလိုလို တောင်းဆိုသည်။ သို့ ရာတွင် ကချင်ပြည်နယ်တွင် ယခုအချိန်အထိ စစ်ပွဲများ ဖြစ်ပွားနေဆဲပင်။

    ယခုကာလတွင် တိုင်းရင်းသားလက်နက်ကိ်ုင်အဖွဲ့ အစည်း အများအပြားနှင့် အစိုးရအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိပြီး ဖြစ်သည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးနောက် ပဋိပက္ခအလွန် ပြန်လည်နေရာချထားရေးနှင့် ကုစားရေးလုပ်ငန်းစဉ်များ ချမှတ်ရန် အစိုးရမှ အကြံပြုကာ ထိုကိစ္စများအတွက် နိုင်ငံတကာအကူအညီများ ရရှိရန် ဝန်ကြီးဦးအောင်မင်းက နိုင်ငံတကာ အလှုရှင်များထံသို့ တောင်းဆိုလျှက်ရှိသည်။

    ယခုအခါ နော်ဝေးအစိုးရနှင့် အခြားသောနိုင်ငံတကာအလှုရှင်များမှ ငြိမ်းချမ်းရေး ရံပုံငွေ ထူထောင်ကာ အပစ်အခတ်ရပ်စဲထားသည့်ဒေသအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အကူအညီများ ပေးအပ်နိုင်ရန် ပြင်ဆင်နေပေသည်။ ကရင်ဒေသနှင့် မွန်ဒေသတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက်များအား စမ်းသပ်လုပ်ဆောင်လျှုက်ရှိပေသည်။

    ထို့ အပြင် ဝန်ကြီးဦးအောင်မင်းမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း အပစ်အခတ်ရပ်စဲရေး တွေ့ ဆုံဆွေးနွေးပွဲ ပြုလုပ်သည့်အခါတိုင်း စီးပွားရေးလုပ်ငန်းရှင် ကမ္မဏီပိုင်ရှင်များနှင့်အတူ သွားရောက်နေကြသည်။ ထိုစီးပွားရေးလုပ်ငန်းရှင်များသည် ဝန်ကြီးအတွက် လိုအပ်သည့် အကူအညီ ပေးနေသူများ ဖြစ်ကြပြီး တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ ဆုံရေး၊ ခရီးသွားလာရေး၊ အစည်းအဝေးအထမြောက်အောင် ဆောင်ရွက်ပေးကြသူများလည်း ဖြစ်ပေသည်။

    အထက်ပါအခြေအနေကို ကြည့်မည်ဆိုပါက ယခုငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်ဆင့်တွင် တိုင်းရင်းသားပြည်သူများ၏ တိုက်ရိုက်ပါဝင်မှု၊ လူထုအခြေပြုအဖွဲ့ အစည်းများ၏ ပါဝင်မှု၊ တတ်သိပညာရှင်များ၏ အကြံပြုမှု နည်းပါးနေသည်ကို တွေ့ ရပေသည်။ အပစ်အခတ်ရပ်စဲရေးကာလမှ ဒေသအလိုက် နိုင်ငံရေးဆွေးနွေးပွဲ၊ ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးဖြေရှင်းမှု စသည့်အဆင့်များကို ကျော်ဖြတ်နိုင်မှသာလျှုင် စစ်မှန်သောထာဝရငြိမ်းချမ်းရေးကို ရရှိနိုင်မည် ဖြစ်သည်။ ထိုအဆင့် မရောက်မီစပ်ကြား အခြေအနေအမျိုးမျိုး ဖြစ်သွားနိုင်သည်။

    နော်ဝေးနိုင်ငံသည် ကမ္ဘာပေါ်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အများအပြား၌ ဝင်ရောက်ပံ့ပိုး အကူအညီပေးနေသည့် နိုင်ငံဖြစ်သည်။ နော်ဝေးနိုင်ငံမှ ငြိမ်းချမ်းရေးလုပ်ငန်းအတွက် စေတနာသန့် သန့် ဖြင့် ကူညီခဲ့သော်လည်း နိုင်ငံတနိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခကို ကောင်းမွန်စွာ နားမလည်ခြင်း၊ အစိုးရ (သို့ မဟုတ်) သူပုန်အဖွဲ့ အစည်းတို့မှ အစိုးရတို့၏အမြတ်ထုတ်လိုမှုတို့အပေါ် နားမလည်ခြင်းတို့ ကြောင့် တခါတရံ၌ ၄င်းတို့ ၏ အကူအညီမှာ အရာမရောက်ခဲ့ပေ။ ဥပမာအားဖြင့် သီရိလင်္ကာနိုင်ငံ၌ အပစ်အခတ်ရပ်စဲထားသည့် ကာလ၌ နော်ဝေးအစိုးရမှ ပြန်လည်ထူထောင်ရေးအကူအညီပေးနေသည့်အပေါ် အစိုးရ၏ စစ်တပ်မှ အခွင့်အကောင်းယူကာ တမီးတိုက်ဂါး သူပုန်တို့ အား ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ငြိမ်းချမ်းရေး ပျက်ပြားသွားပေသည်။

    ထို့ အနည်းတူ အပစ်အခတ်ရပ်စဲရေးအခြေအနေအပေါ် အခွင့်ကောင်းယူကာ စီးပွားရေးလုပ်ငန်းရှင်များမှ တိုင်းရင်းသားဒေသ၌ ရင်းနှီးမြှပ်နှံမှု ပြုလုပ်ပြီး သံယံဇာတများ ရယူလိုခြင်း၊ ဆည်နှင့်တာတမံများ တည်ဆောက်ရန် ကြိုးပမ်းခြင်း၊ စက်ရုံများ တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်မှုတို့ သည် ငြိမ်းချမ်းရေး အတွက် အဟန့် အတား ဖြစ်စေနိုင်ပါသည်။ ထို့အပြင် ထိုရင်းနှီးမြှပ်နှံမှုများအား အကာအကွယ်ပေးရန် ဆိုသည့် အကြောင်းပြချက်များကြောင့် တိုက်ပွဲများ ပြန်လည်ပေါက်ကွဲ လာနိုင်သည်။

    ထိုသို့ ထိလွယ်ရှလွယ်သော ကာလတွင် ငြိမ်းချမ်းရေး ခရီးစဉ်တလျှောက်လုံးတွင် ပြည်သူများ ပါဝင်လာရန်နှင့် ကောင်းမွန်သောအကြံညဏ်များကို ပညာရှင်များမှ ရရှိရန် အရေးကြီးလှပေသည်။ ထို့ ကြောင့် ငြိမ်းချမ်းရေးခရီးစဉ်တလျှောက်လုံးအား အနီးကပ်စောင့်ကြည့်ရန် ပညာရှင်နှင့် ပြည်သူလူထုများ ပါဝင်သည့် ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာရေး အဖွဲ့ တဖွဲ့ ထားရှိရန် လိုအပ်ကြောင်း တင်ပြလိုက်ရပေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks