spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းကျောင်းပြင်ပချိန်မွန်စာပေသင်ကြားရေး ပြင်ဆင်ထားမှုမရှိသေး

    ကျောင်းပြင်ပချိန်မွန်စာပေသင်ကြားရေး ပြင်ဆင်ထားမှုမရှိသေး

    -

    ဂျူရီချိုင်း – အစိုးရစာသင်ကျောင်းချိန်ပြင်ပတွင် မွန်တိုင်းရင်းသားစာပေ သင်းကြားရေးအတွက် မွန်ပြည်နယ်တွင် ပြင်ဆင်ထားမှု မတွေ့ရှိသေးကြောင်း မွန်စာပေယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ပြောသည်။

    မူလတန်းကျောင်းသားများ(Photo-Internet)
    အစိုးရကျောင်းချိန်ပြင်ပ မွန်တိုင်းရင်းသားစာပေသင်ကြားရေးကို ပြည်နယ်အစိုးရ တာဝန်ရှိသူတို့က တစ်စုံတစ်ရာအကြောင်းကြားလာခြင်းမရှိသေးကြောင်း မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ(ဗဟို) ဥက္ကဌ ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

    ၎င်းက “တိုင်းရင်းသားစာပေသင်ကြားဖို့ကို အထက်တာဝန်ရှိသူတွေ ဘာမှမပြောသေးတော့ ဘယ်လိုစီစဉ်သွားမလဲဆိုတာ မသိရသေးဘူး၊ နောက် ကျောင်းချိန်ပြင်ပဆိုတာက ဘယ်နှစ်နာရီ သင်ရမလဲ၊ ဆရာ/ဆရာမလစာတွေရော ဘယ်လိုစီစဉ်ပေးမလဲ ဒါတွေအားလုံးက အစိုးရနဲ့ သက်ဆိုင်တယ်” ဟု ပြောသည်။

    ယင်းစာပေသင်းကြားရန် အခြေခံပညာသင်ရိုးညွှန်းတမ်းများကို မြန်မာဘာသာမှ မွန်ဘာသာသို့ တိုက်ရိုက်ဘာသာပြန်ဆိုသင်ကြားလျှင် အခက်အခဲများရှိနိုင်ကြောင်း သူကဆက်ပြောသည်။

    သို့ရာတွင် အစိုးရစာသင်ကျောင်းချိန်ပြည်ပ မွန်တိုင်းရင်းသားစာပေသင်ကြားရေးနှင့်ပတ်သက်ပြီး ပြည်နယ်လွှတ်တော်မှ တစုံတရာဆွေးနွေးပြောကြားခဲ့မှုမရှိသေးသော်လည်း မြို့နယ်မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း မွန်ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    “လောလောဆယ် ကျနော်တို့ မွန်ပြည်နယ်အတွက် မြို့နယ်တိုင်းက မွန်စာပေအဖွဲ့တွေ အစည်းအဝေးလုပ်ပြီးတော့ အမြင်သဘောထားတွေကောက်ခံမယ်၊ ဒေသလုံးဆိုင်ရာ အစည်းအဝေးပြုလုပ်ပြီး ဘယ်သူတွေတာဝန်ယူသွားမလဲဆိုတာ ဆုံးဖြတ်တယ်” ဟု ၎င်းက ပြောသည်။

    ပြီးခဲ့သည့်မေလ နေပြည်တော်အစည်းအဝေး၌ ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက သက်ဆိုင်ရာတိုင်းရင်းသားအသီးသီးတို့၏စာပေသင်ကြားရေးကို မူလတန်းအဆင့်တွင် ကျောင်းချိန်ပြင်ပတွင်သာ သင်ကြားခွင့်ပြုခဲ့သည်။

    ထို့အပြင် သင်ခန်းစာနှင့် ဆရာ့လက်စွဲများကို အခြေခံပညာသင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာနှင့် ကျောင်းသုံးစာအုပ်ကော်မတီက ဦးဆောင်၍ သက်ဆိုင်ရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်း (သို့) တိုင်းရင်းသားစာပေပြန့်ပွားရေးအဖွဲ့တို့မှ ပူးပေါင်းရေးဆွဲကာ ၂ လအတွင်း အပြီးပြု စု၍ ပညာရေးဝန်ကြီးထံသို့ ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း အစိုးရမြန်မာ့အလင်းသတင်းစာတွင် ဖော်ပြခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks