spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ကျောင်းဆရာများ လစာတိုးပေးရန်မျှော်လင့်

    မွန်ကျောင်းဆရာများ လစာတိုးပေးရန်မျှော်လင့်

    -

    မိလယီထော – မွန်ပြည်သစ်ပါတီနယ်မြေအတွင်း ဖွင့်လှစ်ထားရှိသော မွန်အမျိုးသားပညာရေးကျောင်းများမှ ကျောင်း ဆရာများခံစားခွင့်လစာ အလွန်နည်းပါးနေသောကြောင့် လစာတိုးပေးရန်မျှော်လင့်နေကြကြောင်း မွန်ကျောင်းဆရာများက ပြောသည်။

    မွန်အထက်တန်းကျောင်းတစ်ကျောင်း
    “မွန်ကျောင်းဆရာတွေက တစ်လကိုဘတ် ၈၀ဝ ၊ မြန်မာငွေနဲ့ဆိုရင် ကျပ်နှစ်သောင်းပေါ့၊ နယ်စပ်က သာမန်လူတွေရဲ့ ၃-၄ ရက်စာလုပ်အားလောက်ပဲရှိတယ်၊ ဒါပေမယ့် ဝါသနာရယ်၊ မျိုးချစ်စိတ်ကြောင့်ရယ်မို့ ကျောင်းဆရာမဘဝနဲ့ လုပ်သက် ၁၆ နှစ်ရှိခဲ့ပြီ” ဟု ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့နယ်၊ မွန်ပြည်သစ် ပါတီထိန်းချုပ်ရာ ဂျပန်ရေတွင်းရွာ ကျောင်းအုပ်ဆရာမကြီးက ပြောသည်။

    လစာနည်းပါးမှုကြောင့် မွန်ကျောင်းဆရာဟောင်းအချို့ နှုတ်ထွက်မှုများရှိခဲ့ပြီး မွန်ကျောင်းဆရာ အလုပ်လျှောက်သူများလည်း ရှားပါးလာကြသည်။

    “ကျောင်းဆရာတွေလစာက နှစ်လသုံးလမှ တစ်ကြိမ်ပေါင်းပြီးထုတ်ရတယ်၊ ကျေးရွာက စားစရိတ်တစ်လ ဘတ်ငွေ ၂၅၀ နဲ့ဆန်တစ်ပုံးထောက်ပံ့တယ်၊ ရှိတာလေးနဲ့ဝအောင်စားနေရတာပေါ့နော်” ဟု ဂျပန်ရေတွင်းရွာ မွန်ကျောင်းဆရာမ မိပကောင်းထောက ပြောသည်။

    ယခင်က ကျောင်းဆရာတစ်ဦးကိုလစဉ် ဘတ် ၅၀ဝ ထောက်ပံ့ပေးခဲ့ရာမှ ၂၀၁၁ ခုနှစ်မှစတင်၍ မွန်ကျောင်းဆရာများအတွက် တစ်လဘတ်(၈၀ဝ) ရှစ်ရာနှုန်း မွန်အမျိုးသားပညာရေးဌာနမှ အထောက်အပံ့ပေးခဲ့သည်။

    “ကျနော်တို့က လစာထောက်ပံ့ကြေးတိုးပေးချင်ပေမယ့် အလှူရှင်တွေပေးတဲ့ငွေနဲ့မလုံလောက်တော့ဘူး၊ အခုလဲ အလှူရှင်သစ်ရဖို့ ရှာနေတုန်းပဲ” ဟု မွန်အမျိုးသားပညာရေးကော်မတီဝင် နိုင်အိုင်းကွန်းက ပြောသည်။

    လာမည့် ၂၀၁၃ မတ်လမှစ၍ မွန်ကျောင်းဆရာတစ်ဦးအတွက် လစဉ်မြန်မာငွေကျပ် (၆၀ဝ၀ဝ) ခြောက်သောင်းခန့် ထောက်ပံ့ပေးနိုင်လိမ့်မည်ဟုလည်း နိုင်အိုင်းကွန်က ဆက်ပြောသည်။

    ယခုအခါ သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရော၊ ကြာအင်းဆိပ်ကြီး၊ ဖားအံ၊ ကော့ကရိတ်မြို့နယ်များရှိ စာသင်ကျောင်း ၁၄၅ ကျောင်းအား ၂၀၁၂ နှစ်ဆန်းပိုင်းတွင် ပြည်တွင်းအခြေစိုက် မွန်စာပေယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်မှုအဖွဲ့ထံသို့ မွန်အမျိုးသားပညာရေးကော်မတီက လွှဲအပ်ပေးခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    1 COMMENT

    1. မလေးရှားမှာရှိတဲ့ငါတို့ လူမျိုးတွေ အဖွဲ့အစည်းထူထောင်ဖို့ နံပတ်တစ် တိုက်တွန်းတယ်၊ ပါဝင်မယ်၊ ငါတို့ လူမျိုးရေးတောက်ပဖို့၊ ငါတို့လူမျိုးတိုင်မှာတာဝန်ရှိတယ်၊ အဲတာ–ဖြစ်မြောက်ဖို့ ၊ကြိုးစားကြစို့၊ တို့မွန်ညိံအကိုအများ၊

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks