Homeသတင်းမွန်လူငယ်များ ပညာပေးအဖွဲ့စင်တာ ရုံးဖွင့်

မွန်လူငယ်များ ပညာပေးအဖွဲ့စင်တာ ရုံးဖွင့်

-

နဒီမွန် – မွန်လူငယ်များ ပညာပေးအဖွဲ့စင်တာ (Mon Youth Educator Center) ရုံးဖွင့်ပွဲအခမ်းအနားကို ဇွန်လ (၇) ရက်နေ့ နံနက်ပိုင်းတွင် အိမ်အမှတ် (၃၀၅) မြိုင်သာယာ ၂၁ လမ်း၊ မော်လမြိုင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ၎င်းအဖွဲ့ဝင်၏ ပြောပြချက်မှ သိရသည်။

ရုံးဖွင့်ပွဲအခမ်းအနားသို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ နိုင်ငွေသိန်း(နာဲဇၞူမန်)နှင့် အဖွဲ့ဝင်များ၊ ပညာရေး အဖွဲ့အစည်းများ အပါအဝင် အခြားအဖွဲ့အစည်းမှ လူဦးရေအများအပြား တက်ရောက်လာခဲ့ကြောင်း ၎င်းအဖွဲ့ဝင်တို့က ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ နိုင်ငွေသိန်း(နာဲဇၞူမန်)က ၎င်းအဖွဲ့အား ရေရှည်တည်တံ့ခိုင်မြဲသော အဖွဲ့တစ်ဖွဲ့ဖြစ်အောင် လုပ် ဆောင်သွားရန် မိန့် ခွန့်း ပြောကြားခဲ့ပါသည်။

မွန်လူငယ်များ ပညာပေးအဖွဲ့စည်းသည် ရည်ရွယ်ချက် (၄) ချက်ဖြင့် ဦးတည်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ၎င်းအဖွဲ့မှ မနေဂျာ နိုင်ကျိကျွန်း (စိစောန်) က ယခုလို ပြောပါသည်။

“မွန်လူငယ်များအတွက် လူမှုရေး၊ နိုင်ငံရေး အမြင်များကို တိုးတက်လာအောင်၊ မျိုးချစ်စိတ်ဓာတ်များ မြင့်မားရှင်သန်လာအောင်၊ ပြီးတော့ တခြားတိုင်းရင်းသား လူငယ်အဖွဲ့အစည်းများနှင့် နီးစပ်မှုရှိအောင်၊ ကျနော်တို့ မွန်လူငယ်အထဲမှာ ရပ်ရွာအကျိုး ဆောင်ရွက်နိုင်ရန်နှင့် အမျိုးသားရေးအခွင့်အလမ်းများကို ပြည့်ပြည့်ဝဝ ပြည်သူ့အကြား ထမ်းဆောင်သွားနိုင်ရန်၊ ပြီးတော့ နောက်ဆုံးအနေနဲ့ ကျနော်တို့ အဖွဲ့က အနာဂတ် တနေ့မှာ မွန်ဒေသလုံးဆိုင်ရာ ရာမညပြည်မှာ မွန်လူငယ်များအဖွဲ့ ရှင်သန်လာနိုင်ဖို့ အဓိက ရည်ရွယ်ချက် ချမှတ်ထားပါတယ်” ဟု ၎င်းက ပြောခဲ့ပါသည်။

၎င်းအဖွဲ့တွင် လက်ရှိ အဖွဲ့ ဝင် (၆၀) ယောက်ရှိပြီး လောလောဆယ်တွင် အခွင့်အရေးဆိုင်ရာ သင်တန်းများ နှင့် ဥပဒေဆိုင်ရာ သင်တန်းများကို ပို့ချပေးနေကြောင်း သိရပါသည်။

၄င်းအဖွဲ့တွင်းသို့ ဝင်ရောက်လိုသူများကို လက်ခံနေသလို ပြည်နယ်ကိုယ်စားလှယ်တို့ကလည်း စည်းရုံးရေး ဆင်းရန်ရှိကြောင်း နာဲကျိကျွန်းက ပြောခဲ့ပါသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts