spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းရွေးကောက်ပွဲနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်း ND-Burma ထုတ်ပြန်

    ရွေးကောက်ပွဲနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်း ND-Burma ထုတ်ပြန်

    -

    လွတ်လပ်သော မွန်သတင်အေဂျင်စီ – ၂၀၁၀ ရွေးကောက်ပွဲကာလမှစပြီး မြန်မာတနိုင်ငံလုံးအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၃၇၁ ခု မှတ်တမ်းတင်ခဲ့သည့်အနက် ညှင်းပန်းနှိပ်စက်မှုနှင့် အနိုင်အထက် ပြုကျင့်မှု ၈၃ ခု ဖြစ်ပွားခဲ့သည်ဟု လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ND-Burma က ထုတ်ပြန်လိုက်သည်။

    ND-Burma မှ မေလ ၃၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် “တရားလွန်ပြုကျင့်မှုများ၊ ၂၀၁၀ ရွေးကောက်ပွဲကာလမှစ၍ ညှင်းပန်းနှိပ်စက်မှုများနှင့် အနိုင်အထက် ပြုကျင့်မှုများ” အမည်ရှိ အစီရင်ခံစာတွင် ထိုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။

    အဆိုပါ မြန်မာအစိုးရ၏ ညှင်းပန်းနှိပ်စက်မှုနှင့် အနိုင်အထက် ပြုကျင့်မှုများသည် အကျဉ်းထောင်များနှင့် လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားနေသော တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားခဲ့ကြောင်း အစီးရင်ခံစာတွင် ဖော်ပြထားသည်။

    “စစ်မှန်တဲ့ ဒီမိုကရေစီကိုဦးတည်တဲ့ လက်တွေ့တိုးတက်မှုတွေရှိဖို့ဆိုရင် ညှင်းပန်းနှိပ်စက်ခြင်း ချိုးဖောက်မှုကို ကာကွယ်ဟန့်တားတဲ့ ဥပဒေမရှိတာတွေ လွတ်လပ်တဲ့ တရားရေးစနစ်မရှိတာတွေအပြင် လတ်တလော ဥပဒေအရ ကင်းလွတ်ခွင့်ရှိနေတာတွေကို အစိုးရအနေနဲ့ ဖြေရှင်းပေးရမှဖြစ်တယ်” ဟု ယမန်နေ့က ဘန်ကောက်တွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ND-Burma စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ ခေါင်းဆောင် ကိုထွန်းဇော်က ထောက်ပြ ပြောဆိုထားသည်။

    ညှင်းပန်းနှိပ်စက်မှုနှင့် အနိုင်ထက်ပြုကျင့်မှု လူ့အခွင့်အရေးချိုးဖောက်မှုများကို တရားဥပဒေအရ အရေးယူခြင်းမရှိ လက်လွတ်စပယ် ကျူးလွန်နေသေးကြောင်း၊ ထိုအခြေအနေသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အရေးကြီးသော အဟန့်အတားတခုဖြစ်ကြောင်းလည်း အစီရင်ခံစာမှာ ပါရှိသည်။

    အစီရင်ခံစာအကျဉ်းချုပ်တွင် နိုင်ငံရေးအကျဉ်းသားနှင့် ပတ်သက်၍ ချိုးဖောက်မှုအခြေအနေ တိုင်းရင်းသားလူမျိုးများ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် ချိုးဖောက်မှုအခြေအနေကို ရှင်းလင်းတင်ပြထားသည်။

    “လိင်ပိုင်းဆိုင်ရာအနိုင်ကျင့် ညှင်းပန်းနှိပ်စက်ခံခဲ့ရတဲ့ အမျိုးသမီးတဦးအတွက် အဲဒီအိမ်မက်ဆိုးကနေ လွတ်မြောက်ဖို့ သူတို့အတွက် အရမ်းခက်ခဲပါတယ်။ ရုပ်ပိုင်းဆိုင်းရာ နာကျင်မှုဝေဒနာခံစားရပြီးတဲ့နောက် အလွန်ဆိုးဝါးတဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာကိုပါ အမျိုးသမီးတွေ ခံစားရပါတယ်၊ ဘာကြောင့်လဲဆိုတော့ မြန်မာအစိုးရ စစ်သားတွေက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ချိုးဖောက်မှုတွေကို ဥပဒေအရ အရေးယူခြင်း မခံရပဲ ဗြောင်ကျကျ ကျူးလွန်နေတာကို အဲဒီအမျိုးသမီးတွေ ဆက်မြင်နေရလို့ဖြစ်တယ်၊ အဲလို ချိုးဖောက်မှုတွေကတော့ လက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ အဖြစ်များပါတယ်၊ ဥပမာ ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်ဒေသတွေပါ” ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) ခွမ်းဆန်ပန်းက ပြောသည်။

    နိုင်ငံတကာ လူ့အခွင့်အရေးစာချုပ်များ၊ အခြေခံစည်းမျဉ်းများနှင့် စည်းနှောင်ထားသော်လည်း မြန်မာနိုင်ငံတွင် ၄င်းလူ့အခွင့်အရေးချိုးဖောက်မှုများကို ဖြေရှင်းပေးနိုင်သော ပြည်တွင်းဥပဒေပြုမှု (သို့မဟုတ်) လွတ်လပ်သော တရားရေးစနစ်မရှိသည့်အပြင် ထိရောက်သော လူ့အခွင့်အရေးကော်မရှင်လည်း မရှိပေ။

    ထိုင်း-မြန်မာနယ်စပ်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ ၁၃ ဖွဲ့ဖြင့် ၂၀ဝ၃ ခုနှစ်တွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့များ လူ့အခွင့်အရေးမှတ်တမ်း ပြုခြင်းလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ရးအတွက် နည်းလမ်းတရပ်ဖြည့်ဆည်းပေးသောအားဖြင့် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks