spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ဒေါ်စု တွေ့ဆုံ



    မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ဒေါ်စု တွေ့ဆုံ



    -

    

ခတ္တာနန်း – ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ မနက်ပိုင်းတွင် မဟာချိုင်မြို့ ဝီလရပ်ကွက် (၉) လမ်းရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက်အခွင့်အရေး ကွန်ယက်ရုံး၌ မြန်မာ ရွှေ့ပြောင်းအလုပ်သမားအများအား တွေ့ဆုံ မိန့်ခွန်းပြောကြားခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည် မဟာချိုင်မြို့ရောက်မြင်ကွင်းများ
    ဒေါ်အောင်ဆန်းစုကြည်က မိမိအနေနှင့် အလုပ်သမားများအား မမေ့လျော့ကြောင်း အလုပ်သမားအခွင့်အရေးအတွက် ဥပဒေဘောင်တွင်းကနေပြီး တတ်နိုင်သလောက် ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်း၊ ယခုလို မြန်မာလူမျိုးများကို တွေ့ရသည့်အတွက် မြန်မာပြည်သို့ ပြန်ရောက်နေရသလို ထူးခြားကြောင်း၊ အလုပ်သမားများကလည်း မိမိနိုင်ငံကို ပြန်လာကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသွားသည်။

    ၄င်းပြင် အလုပ်သမားများအနေနှင့် မိမိလုပ်သည့် အလုပ်ပေါ်တွင် တာဝန်သိတပ်မှုရှိရန်၊ အများတိုင်းပြည်၌ နေထိုင်သည့်အချိန်တွင် ၎င်းတိုင်းပြည်က ချမှတ်ထားသည့် ဥပဒေကိုလိုက်နာရန်အစရှိသည်များကိုလည်း ရွှေ့ပြောင်းအလုပ်သမားများအား မှာကြားသွားခဲ့သည်။



    ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားသည့် နေရာသို့ သွားရောက်ခဲ့သူ အလုပ်သမားတစ်ဦးက “လူတွေတော့ အတော်များတယ် ခန့်မှန်ခြေဆိုရင် ၁ သောင်းနီးပါလောက်ရှိလိမ့်မယ်၊ လမ်းတွေမှာလည်း လူက အပြည့်ပဲ၊ အလုပ်ပိတ်ရက်လည်းမဟုတ်ဘူးလေး၊ ဒါပေမဲ့ လူတွေက ကိုယ့်နိုင်ငံက ခေါင်းဆောင်တစ်ယောက်ကို မြင်ဖူးချင်လိုဆိုပြီး ဘန်ကောက်တစ်ဝိုက်က လူတွေရော တစ်ချို့ နယ်ကလူတွေလည်း လာကြတယ်”



    ဒေါ်အောင်ဆန်းစုကြည် မဟာချိုင်မြို့ရောက်မြင်ကွင်းများ
    ရွှေ့ပြောင်းအလုပ်သမားများအတွက် အခွင့်အရေးကွန်ယက်မှ ဥက္ကဌ ဦးအောင်ကျော်ကလည်း မိမိတို့အဖွဲ့အနေနှင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် နိုင်ငံတကာ စံညွှန်းနှင့်အညီ အခွင့်အရေးများ ရရှိရန်နှင့် ချိုးဖောက်ခံနေရသည့် အခွင့်အရေးများအကြောင်း အဓိကထား ဆွေးနွေးခဲ့ကြောင်း ပြောသည်။



    “ကျနော်တို့က စက်ရုံအသီးသီးက အလုပ်သမားကိုယ်စားလှယ်တွေကို ဖိတ်ကြားထားပြီးတော့ သူတို့ကို ဒေါ်စုနဲ့ တင်ပြဆွေးနွေချင်တာတွေကို တိုက်ရိုက်ဆွေးနွေးစေခဲ့တယ်” ဟု ဥက္ကဌ ဦးအောင်ကျော်က ပြောသည်။

    စက်ရုံအသီးသီးမှ ကိုယ်စားလှယ်များအနေနှင့် မိမိတို့ စက်ရုံအလုပ်သမားများ စက်ယန္တရားကြောင့် ခြေပြတ်၊ လက်ပြတ်ခြင်း၊ ဥပဒေအရ သတ်မှတ်ထားသည့် လုပ်အားခနှုန်းထားများ တန်တူညီမျှမပေးခြင်း၊ ယာယီနိုင်ငံကူလက်မှတ် ပြုလုပ်ရာတွင် လိမ်ညာခံရသည့်အပြင် သတ်မှတ်ထားသည့် လုပ်ခနှုန်းထားထက် ပိုမိုပေဆောင်ရခြင်း စသည့်ကိစ္စရပ်များအား တင်ပြဆွေးနွေးခဲ့သည်။

    

ထိုနောက် ဒေါ်အောင်ဆန်းစုကြည်က ရွှေ့ပြောင်းအလုပ်သမားအများအတွက် မိမိရရှိထားသည့် အချက်အလက်များကို ထိုင်းအစိုးရနှင့် တွေ့ဆုံဆွေးနွေးပြီး အတတ်နိုင်ဆုံး ဖြေရှင်းညှိနှိုင်းပေးသွားမည်ဟု ပြောကြားသွားခဲ့ကြောင်း ဥက္ကဌ ဦးအောင်ကျော်က ပြောသည်။

    

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပခရီးစဉ်အဖြစ် ၂၄ နှစ်အတွင်း ထိုင်းနိုင်ငံသို့ ပထမဆုံး ရောက်ရှိခဲ့ပြီး ထိုင်းနိုင်ငံတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အများဆုံးနေထိုင်သည့် မဟာချိုင်သို့ သွားရောက်ကာ ရွှေ့ပြောင်းအလုပ်သမားများအား မိန့်ခွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။


    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks