Homeသတင်းသံလွင်တိုင်း(မ်)ဂျာနယ် စောင်ရေတိုးထုတ်မည်

သံလွင်တိုင်း(မ်)ဂျာနယ် စောင်ရေတိုးထုတ်မည်

-

မင်းသုတ – မွန်ပြည်နယ်၊ မော်လမြိုင်အခြေစိုက် လစဉ်ထုတ်သံလွင်တိုင်း(မ်) ဂျာနယ်ကို လာမည့်ဇွန်လတွင် စောင်ရေတိုးထုတ်မည်ဟု သိရသည်။

သံလွင်တိုင်း(မ်) ဂျာနယ် အယ်ဒီတာချုပ်နိုင်ချမ်းတွဲ့က “ လာမယ့်လမှာ စောင်ရေ ၄၀၀၀ ထုတ်မယ်၊ ပြီးခဲ့တဲ့လက ရောင်းချခဲ့တဲ့စျေးကွက်လိုအပ်ချက်အရ တိုးထုတ်ရတာဖြစ်တယ်” ဟု ပြောသည်။

ပါလီမန်ခေတ် မွန်သတင်းစဉ်မျက်နှာဖုံး(Photo-Internet)
ပထမအကြိမ် မေလ(၇) ရက်နေ့ထုတ် သံလွင်တိုင်း(မ်)ဂျာနယ်ကို စောင်ရေ ၃၀၀၀ ၊ တစ်စောင် ၅၀၀ ကျပ်နှုံးဖြင့် ဖြန့်ချိခဲ့ပြီးဖြစ်သည်။

“လာမယ့် ဇွန်လ(၄) ရက်၊ တနင်္လာနေ့မှာ စျေးကွက်အရောက်ဖြန့်ချိပါမယ်၊ နောင်ထုတ်တင်စနစ်ဖြစ်သွားတဲ့အခါ ဒီထက်စောစောထွက်နိုင်မယ်လို့လည်း မျှော်လင့်တယ်” ဟု နိုင်ချမ်းတွဲ့က ဆက်ပြောသည်။

မြန်မာ့မီဒီယာလောကတွင် Press Council တရားဝင်ဖွဲ့စည်းပြီးပါက ဘာသာရေးနှင့် သတင်းဦးစားပေးစာစောင်များကိုလည်း ထုတ်တင်စနစ် (စာစောင်ထုတ်ဝေပြီးနောက် စာပေစိစစ်ရေးသို့ စိစစ်ရန် တင်ပြခြင်းစနစ်)   ဖြင့်ခွင့်ပြုသွားမည်ဟုလည်း ပြန်ကြားရေးဝန်ကြီးက အတိအလင်းထုတ်ဖေါ်ပြောဆိုခဲ့ပြီး ဖြစ်သည်။

“လာမည့်သြဂုတ်လကျရင်တော့ နှစ်ပတ်တစ်စောင်နှုန်းကနေ အပတ်စဉ်ထုတ်နိုင်တဲ့အထိ ပြင်ဆင်ထားပါတယ်၊ အခုတော့ အစပိုင်းဖြစ်တဲ့အတွက် လုပ်ငန်းအတွေ့အကြုံနုသေးတယ်” ဟု သံလွင်တိုင်း(မ်)ဂျာနယ် အယ်ဒီတာအဖွဲ့ဝင် မင်းမင်းနွယ်က ပြောသည်။

သံလွင်တိုင်း(မ်)ဂျာနယ်ကို မွန်ဘာသာဖြင့်ထုတ်ဝေမည်ဟု ရည်ရွယ်ထားသော်လည်း စာပေစိစစ်ရေးမှ တိုင်းရင်းသားဘာသာအတွက် ထုတ်ဝေခွင့်မူမရှိသေးဟု ကိုမင်းမင်းက ဆက်ပြောသည်။

ရန်ကုန်၊ ပဲခူး၊ တနင်္သာရီတိုင်းနှင့် ကရင်၊ မွန်ပြည်နယ်တို့တွင် သံလွင်တိုင်း(မ်) ဂျာနယ်ကို ဖြန့်ချိလျှက်ရှိပြီး မော်လမြိုင်အခြေစိုက်တစ်ခုတည်းသော ဂျာနယ်တိုက်ဖြစ်သည်။

ပါလီမန်ဒီမိုကရေစီခေတ်(၁၉၄၈-၆၂) တွင် မော်လမြိုင်အခြေစိုက် မွန်ဘာသာဖြင့်သတင်းစဉ်ထုတ်ဝေသော စာပေတိုက်တစ်တိုက်ရှိခဲ့ပြီး ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းပြီးနောက် ထုတ်ဝေခွင့်မရတော့ပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts