spot_img
Tuesday, July 15, 2025
More
    spot_img
    Homeသတင်းပိတ်ထားသည့် ပန်းသီးပုံးလောင်းကစားဝိုင်း ပြန်ဖွင့်

    ပိတ်ထားသည့် ပန်းသီးပုံးလောင်းကစားဝိုင်း ပြန်ဖွင့်

    -

    သူရိန် – ထိုင်း- မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ပေါ်တွင် တားဆီးပိတ်ပင်ထားခဲ့သည့် ပန်းသီးပုံးလောင်းကစားဝိုင်းများကို မေလ ၂၁ ရက်နေ့ကစတင်ပြီး ပြန်လည် ဖွင့်လှစ်ကစားနေကြကြောင်း မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။

    ပန်းသီးပုံးကစားဝိုင်း

    လွန်ခဲ့သည့် ဖေဖော်ဝါရီလခန့်က ကရင်ပြည်နယ် ဝန်ကြီးချုပ် ခရီးစဉ်ရှိသည်ဟုဆိုကာ မြို့ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ထားသည့် ပန်းသီးပုံးလောင်းကစားအပါအဝင် တခြားသော လောင်းကစားဝိုင်းမျိုးစုံကို မြို့နယ်အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်ဖြင့် ပိတ်ပင်ခဲ့သည်။

    “ဒီလောင်းကစားဝိုင်းက စဖွင့်လာပြန်ပြီး၊ ဘယ်ရဲ ဘယ်စစ်တပ်ကမှ တားတာမရှိဘူး၊ ကျနော်တို့မြို့ခံတွေကတော့ဗျာ စိုးရိမ်တယ်၊ အရင်ကလိုပဲ ပြန်ဖြစ်လာမယ်၊ ခလေး၊ ဘုန်းကြီးတွေကအစ ဒီလောင်းကစားကို စွဲနေကြတာ” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

    ယခုကဲ့သို့ ပန်းသီးပုံးလောင်းကစားဝိုင်းများ ပြန်လည်ဖွင့်လှစ်လာခြင်းကို မြို့ပေါ်ရှိ ပြည်ခိုင်ဖြိုးအဖွဲ့တို့က ဦးဆောင်ပြီး လောင်းကစားဝိုင်းပြဿနာကို ဖြေရှင်းပေးရန် မြို့နယ်အုပ်ရေးမှူးထံ တိုင်းကြားသွားမည်ဖြစ်ပြီး ထိုပြဿနာကို မဖြေရှင်းပေးပါက အထက်သို့ အဆင့်ဆင့် တင်ပြသွားမည်ဟု ၄င်းအဖွဲ့နှင့် နီးစပ်သူ မြို့ခံတဦးက ပြောသည်။

    ၂၀၁၂ ခုနှစ် ဇန်နဝါရီလကလည်း လောင်းကစားဝိုင်းများ တရားဝင်ဖွင့်လှစ်ထားသည်ကို ပြည်ခိုင်ဖြိုးအဖွဲ့တို့ ဦးဆောင်ပြီး မြို့သူမြို့သားများ၏ ဆန္ဒကို ကောက်ခံကာ ထိုလောင်းကစားဝိုင်းပြဿနာများကို ဖြေရှင်းပေးရန် သက်ဆိုင်ရာ မြို့အာဏာပိုင်ထံ တိုင်ကြားခဲ့သေးသည်။ သို့သော် တစုံတရာ ဖြေရှင်းပေးခြင်းမရှိပဲ ဖေဖော်ဝါရီလတွင် ဝန်ကြီးခရီးစဉ်ရှိဟုဆိုကာ ကစားဝိုင်းများကို တားဆီးပိတ်ပင်ခဲ့သည်။

    လောင်းကစားဝိုင်းများ ကျယ်ပြန့်လာခြင်းကြောင့် မြို့ပေါ်တွင် ခိုးယူလုယက်မှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများနှင့် အိမ်တွင်းအကြမ်းဖက်မှုများလည်း မကြာခဏဖြစ်ပွားလေ့ရှိကြောင်း တခြား မြို့ခံ အမျိုးသမီးတဦးက ပြောသည်။

    ၄င်းက “ကစားဝိုင်းတွေ များလာလေ ပြဿနာတွေက များလာလေပဲ၊ တချို့ သားကွဲ မယားကွဲဖြစ်ကြ၊ အိမ်ပေါင် ခြံရောင်း ပြဿနာကတော့ ပေါင်းစုံပါပဲ၊ ဒါတောင် တားဆီး ပိတ်ပင်တာတွေမရှိဘူး ဒီအတိုင်းပဲ ခွင့်ပြုထားတယ်”

    ထိုပန်းသီးပုံးလောင်းကစားဝိုင်းကို ထိုင်းမှ စီးပွားရေး လုပ်ငန်းရှင်တို့က ပထမဦးစွာ လာရောက်ဖွင့်လှစ်ထားပြီး နောက်ပိုင်းတွင် မြို့ပေါ်ရှိ မြန်မာ၊ မွန် အစရှိသည့် စီးပွားရေးလုပ်ငန်းရှင်တို့ကပါ ဦးဆောင်လုပ်ကိုင်လာကြသည်။

    ဘုရားသုံးဆူမြို့ပေါ်တွင် ယခင်က ပန်းသီးပုံးလောင်းကစားဝိုင်း ၅၀၀ ဝန်းကျင်ခန့်ရှိပြီး ဖွင့်လှစ်တားသူတို့က မြို့နယ်အုပ်ချုပ်ရေးမှူးထံ အကောက်ခွန်အဖြစ် ပန်းသီးပုံးတလုံးလျှင် ဘတ် ၅၀၀ ဖြင့် လစဉ် ပေးသွင်းနေရကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,800SubscribersSubscribe
    spot_img

    Latest posts