Friday, April 17, 2026
More
    spot_img
    Homeသတင်းမွန်နှစ်ပါတီ ပူပေါင်းရေး MAU ဂုဏ်ပြုကြိုဆို

    မွန်နှစ်ပါတီ ပူပေါင်းရေး MAU ဂုဏ်ပြုကြိုဆို

    -

    ခတ္တာနန်း – မွန်နိုင်ငံရေးပါတီ နှစ်ပါတီဖြစ်ကြသည့် မွန်ဒေသလုံးဆိုရာ ဒီမိုကရေစီပါတီနှင့် မွန်ဒီမိုကရေစီပါတီတို့ ပူပေါင်းရေးကို မွန်အမျိုးသားရေးရာအဖွဲ့ချုပ် (MAU) ဂုဏ်ပြုကြိုဆိုကြောင်း ယင်းပါတီတို့ထံ အိပ်ဖွင့်ပေးစာပေးခဲ့သည်။

    မေလ ၈ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် မွန်အမျိုးသားရေးရာအဖွဲ့ချုပ် (MAU) ဗဟိုကော်မတီအစည်းအဝေးအပြီးတွင် ထိုအိတ်ဖွင့်ပေးစာကို ပေးပို့ခဲ့သည်။

    (MAU) အနေနှင့် ယနေ့ နိုင်ငံရေးအခြေအနေအရ မွန်ဒေသတွင် မွန်ပါတီ တစ်ပါတီအဖြစ် စည်းလုံးမှု အင်းအာကြီးတစ်ရပ် ဖြစ်ရန် အရေးကြီးကြောင်း၊ နှစ်ပါတီပူပေါင်းရေးနှင့် အနာဂတ် လှုပ်ရှာမှု အားလုံးကို ကြိုဆိုမျှော်လင့်ကြောင်းနှင့် တာဝန်ယူ ကူညီနိုင်မည့် ကဏ္႑များ ပေါ်ပေါက်လာလျှင် ဝိုင်ဝန်း ကူညီသွားမည်ဟု အိပ်ဖွင့်ပေးစာတွင် ဖော်ပြထားပါသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ဥက္ကဌ နိုင်ငွေသိန်းက “ သူတို့က နှစ်ပါတီပူပေါင်းဖို့ကို ကြိုဆိုတယ်၊ အကူအညီလိုအပ်ရင်လည်း အကူအညီတွေ ပေးမယ်ဆိုတော့ ကျနော်တို့အနေနဲ့ ဝမ်းသာပါတယ်၊ ကျနော်တို့အနေနဲ့လည်း နှစ်ပါတီ ပူပေါင်းဖို့ကို ထပ်ပြီး ဆွေးနွေးသွားဦးမယ်”

    မွန်ဒီမိုကရေစီပါတိီ (MDP) အနေနှင့်လည်း ၎င်းအိပ်ဖွင့်ပေးစာကို ကြိုဆိုကြောင်းနှင့် တိုက်တွန်းချက်များကို လက်ခံကြောင်း ဒု – ဥက္ကဌ နိုင်တင်အောင်က ပြောသည်။

    နိုင်တင်အောင်က “ဒါကကောင်းတဲ့ တိုက်တွန်းချက်တွေပါပဲ၊ ကျနော်တို့အနေနဲ့ ဝမ်းသားလက်ခံပါတယ်၊ ၂၀၁၄ မှာပေါင်းဖို့ကိုလည်း သဘောတူထားပြီးသား”

    ပါတီနှစ်ပါတီ ပူပေါင်းရန်အတွက် မွန်ရဟန်သံဃာတော်များ အကြိမ်ကြိမ်ဆွေးနွေး ညှိနှိုင်းမှု ပြုလုပ်ပေးခဲ့ပြီးနောက် လွန်ခဲ့သည့် ဧပြီလ ၂၂ ရက်နေ့တွင် မော်လမြိုင်မြို့ပေါ် သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်းတွင် လာမည့် ၂၀၁၄ ခုနှစ်တွင် နှစ်ပါတီပူပေါင်းရေး အချက် (၄) ချက်ဖြင့် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

    ထိုသို့ လက်မှတ်ရေးထိုးပြီးနောက် ဧပြီလ ၂၆ ရက်နေ့တွင် ယခင်မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ကို မွန်ဒီမိုကရေစီပါတီအမည်ဖြင့် ပြောင်းလဲခဲ့ပြီး ယင်းအမည်ဖြင့် ပါတီမှတ်ပုံတင်လျှောက်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks