spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းထားဝယ်ရေနက်စီမံကိန်းလျော်ကြေးကိစ္စ ခြိမ်းခြောက်မှုများရှိ

    ထားဝယ်ရေနက်စီမံကိန်းလျော်ကြေးကိစ္စ ခြိမ်းခြောက်မှုများရှိ

    -

    မင်းသုတ – တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးအတွက် မြေယာလျော်ကြေးပေးအပ်မှုတွင် အစိုးရအာဏာပိုင်ပြည်သူ့ဝန်ထမ်းအချို့က ဒေသခံများအား ခြိမ်းခြောက်၍ စျေးဆစ်မှုများပြုလုပ်နေသည်။

    ၈၈ မျိုးဆက်ကျောင်းသားများထံ ဒေသခံလယ်သမားတစ်ဦးတင်ပြနေစဉ်

    “ရွာသားတစ်ဦးချင်းကို ထားဝယ်မြို့က တိုင်းရုံး၊ ခရိုင်ရုံးတွေအထိ ဆင့်ခေါ်ပြီး ရှင်းခိုင်းတယ်၊ လယ်သမားတွေကကြောက်တယ်၊ ကွပ်ကဲရေးရုံးတွေကနေပြီး ဖိအားတွေပေးတယ်၊ ဒီလောက်တောင် စျေးကြီးတောင်းနေတော့ ငါတို့နိုင်ငံတော်ကိုအပ်လိုက်ရင် ခင်ဗျားတို့ ဒီအထိစျေးရမှာမဟုတ်ဘူးလို့ လယ်သမားတွေ ကျေနပ်လောက်အောင်မပြောပဲနဲ့ အဲဒီလိုခြိမ်းခြောက်ပြောဆိုတာတွေရှိနေတယ်” ဟု လျော်ကြေးတောင်းဆိုမှုတွင် ကိုယ်တိုင်ပါဝင်လှုပ်ရှားနေသူ ထားဝယ်ဒေသခံ ကိုလေးလွင်က ပြောသည်။

    မြေယာလျော်ကြေးငွေကိစ္စနှင့်ပတ်သက်၍ ထားဝယ်အထူးစီးပွားရေးဇုံစီမံကိန်းကို အကောင်အထည်ဖေါ်နေသည့် Dawei Development Co.Ltd ကုမ္ပဏီနှင့် ဒေသခံလယ်သမားများ တိုက်ရိုက်စကားပြောဆိုခဲ့ခြင်းမဟုတ်ပဲ သက်ဆိုင်ရာပြည်သူ့ဝန်ထမ်းအရာရှိတို့က ကြားခံဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

    ထို့အပြင် ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့တွင်လည်း နဘူးလယ်ဒေသ ထိန်ကြီးကျေးရွာတွင်ဒေသခံလယ်သမား၂၀၀ ကျော် တောင်းဆိုချက်(၄) ချက်လက်မှတ်ရေးထိုးခဲ့ပြီး ထားဝယ်ဒေသသို့ခေတ္တရောက်ရှိလာသော ကိုမင်းကိုနိုင် ခေါင်းဆောင်သည့် ၈၈ မျိုးဆက်ခေါင်းဆောင်များမှတဆင့် နိုင်ငံတော်သမ္မတကြီးထံ ပန်ကြားလွှာတစ်စောင်ပေးပို့ခဲ့သည်။

    ၄င်းပန်ကြားလွှာတွင် ပြည်သူ့ဝန်ထမ်းများ ရုံးခန်းသို့ခေါ်ယူပြီးစျေးဆစ်ပေးခြင်းများ မပြုလုပ်ပါရန်၊ ဒေသခံများ၏မြေယာများ ရေရှည်ရင်းနှီးမြုပ်နှံခွင့်ရှိစေရန်၊ မြေယာမှတ်ပုံတင်ပြီး အစုရှယ်ယာ လက်မှတ်များအထိ အသိအမှတ်ပြုပေးရန် နှင့် လယ်သမားများသည် ဖွံ့ဖြိုးရေးအတွက်စီးပွားရေးဇုန်စီမံကိန်းကို ဆန့်ကျင်သူများမဟုတ်ကြောင်း ပါရှိသည်။

    “အသစ်ပြဌာန်းလိုက်တဲ့လယ်ယာမြေဥပဒေအရ ကျနော်တို့လယ်သမားတွေဟာ မိမိလယ်ယာပိုင်ဆိုင်ခွင့်ကို မှတ်ပုံတင်လို့ရပြီ၊ ဒါကြောင့်ကျနော်တို့ဟာ လယ်ယာပိုင်ဆိုင်ခွင့်ကနေ နောက်ဆုံးကုမ္ပဏီတွေထောင်ပြီး အစုရှယ်ယာတွေပိုင်ဆိုင်တဲ့ လုပ်ငန်းရှင်ဘဝအထိ တက်လှမ်းလို့ရနိုင်တယ်” ဟု ကိုလေးလွင်က ဆက်ပြောသည်။

    မြန်မာနိုင်ငံ လယ်ယာမြေဥပဒေအား ၂၀၁၂ ခုနှစ် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၁၁၊ ၁၃၇၃ ခုနှစ် တန်ခူးလဆန်း ၈ ရက် (၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်) နေ့တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်း လိုက်ကြောင်းနှင့် အသစ်ပြဋ္ဌာန်းလိုက်သော လယ်ယာမြေဥပဒေတွင် လယ်ယာမြေအား ရောင်းချခွင့်၊ ပေါင်နှံခွင့်များအား တရားဝင် ခွင့်ပြုပေးထားသည်။

    “ဒီဥပဒေသစ်အရ လယ်ယာမြေပိုင်ဆိုင်မှုအတွက်မှတ်ပုံတင်လို့ရပြီ၊ ဒါပေမယ့် အားနည်းချက်တွေအများကြီး ရှိနေသေးတယ်” ဟု မြန်မာနိုင်ငံရှေ့နေများကောင်စီမှ ဦးမျိုး (ဥပဒေ) က သုံးသပ်သည်။

    လတ်တလော မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် လယ်ယာမြေသိမ်းပိုက်မှုကြောင့် လယ်သမားများနှင့် အငြင်းပွားမှုသတင်းများဖြစ်ပေါ်နေပြီး ဒေသခံအာဏာပိုင်များ ကြားဝင်ဖြန်ဖြေပေးနေကြရသည်။

    အလားတူ ရန်ကုန်တိုင်းဒေသကြီးရှိ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာစံပြကျေးရွာ ရှိလယ်မြေများတွင် လုပ်ပိုင်ခွင့်ရရှိမှုနှင့်ပတ်သက်၍ ဒေသခံလယ်သမားများနှင့် ဇေကမ္ဘာကုမ္ပဏီအကြား ပြင်းထန်သော အငြင်းပွားမှုများကြောင့် သက်ဆိုင်ရာမှ သီးစားချမပေးခင်အချိန်အထိ လယ်မြေများပေါ် တွင် မည်သူမျှ လုပ်ကိုင်ခြင်းမပြုကြရန် ရန်ကုန်တိုင်းဒေသကြီး ခရိုင်အုပ်ချုပ်ရေးမှူးက ရက်အကန့်အသတ်မရှိ တားမြစ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks