spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းရွှေနံ့သာလယ်သမားများနှင့် အမေရိကန်သံအမတ်တွေ့ဆုံ

    ရွှေနံ့သာလယ်သမားများနှင့် အမေရိကန်သံအမတ်တွေ့ဆုံ

    -

    ဂျူရီချိုင်း – ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ရွှေနံ့သာကျေးရွာရှိ မွန်လယ်သမားများနှင့် လယ်ယာမြေသိမ်း ဆည်းခြင်း ကိစ္စနှင့်ပတ်သက်၍ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တာဝန်ခံအရာရှိနှစ်ဦးတို့အား ယမန်နေ့က ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့သည်။

    လယ်ယာမြေသိမ်းဆည်းခြင်းအပေါ် အဓိကဆွေးနွေးခဲ့ပြီး လယ်သမား အရေးကူညီ ဆောင်ရွက်ပေးနေသူ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဦးနေမျိုးဝေ အပါအဝင် ရန်ကုန်တိုင်း ရွှေနံ့သာကျေးရွာအုပ်စုရှိ လယ်သိမ်းခံရသည့် လယ်သမား (၁၀) ဦးတို့ ရန်ကုန်မြို့ရှိ အမေရိကန်သံအမတ်အရာရှိနေအိမ်တွင် တွေ့ဆုံခဲ့သည်ဟု တွေ့ဆုံပွဲသို့တက်ရောက်ခဲ့သူ မွန်လယ်သမား ဦးကျော်စိန်က ပြောသည်။

    ၎င်းက “အမေရိကန်သံအမတ်က လယ်ယာမြေအသိမ်းခံရတဲ့အကြောင်းတွေမေးပြီးတော့ နှစ်ဖက်စလုံးအဆင်အပြေသွားဖို့ အချိန်ယူပြီးဆောင်ရွက်ပေးမယ်လို့ ပြောကြားလိုက်တယ်” ဟု ပြောသည်။

    ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စုကွင်းရှိ မွန်လယ်သမားများ ပိုင်ဆိုင်သည့် လယ်မြေ ၈၁၅ ဧကကို ယမန်နှစ် ဖေဖော်ဝါရီလတွင် ဦးခင်ရွှေပိုင်ဆိုင်သည့် ဇေကမ္ဘာကုမ္မဏီက စက်မှုဇုံ တည်ဆောက်ရန်အတွက် စတင်သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။

    ထိုမြေသိမ်းဆည်းချိန်က လယ်ပိုင်ရှင်များအား ဇေကမ္ဘာကုမ္မဏီက စက်မှုဇုံတည်ဆောက်ရန် သိမ်းယူမည်ဟု မပြောဘဲ နိုင်ငံတော်က သိမ်းဆည်းသည်ဟုဆိုကာ လယ်တစ်ဧကကို လျှော်ကြေး ၃ သိန်းနှုန်းဖြင့် သိမ်းဆည်းလိုက်ခြင်းကြောင့် မကျေနပ်သည့် လယ်ပိုင်ရှင်များက သက်ဆိုင်ရာသို့ တိုင်ကြားစာပေးပို့ခြင်းနှင့် တရားစွဲဆိုမှုများ ရှိခဲ့သည်။

    ယင်းသိမ်းခံရသည့် လယ်မြေပိုင်ရှင်များကို မွန်ပြည်နယ် မုဒုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်မှ အနှစ်နှစ်ဆယ်ကျော် ပြောင်းရွှေ့လာကြသော လယ်ပိုင်ရှင်မွန်လူမျိုး ၈၀ ကျော်က ပိုင်ဆိုင်ကြပြီး စပါးစိုက်ပျိုးမှုတစ်မျိုးကိုသာ အဓိကထား အသက်မွေးဝမ်းကြောင်း ပြုကြသည်။

    လက်ရှိ အသိမ်းခံရထားသည့် လယ်ယာမြေနေရာများတွင် ဇေကမ္ဘာကုမ္မဏီက စက်မှုဇုံ (၁၊ ၂၊ ၃) တည်ဆောက်ရန် လယ်ကွင်းထဲရှိ ရေမြောင်းတာတမံများ ဖြိုဖျက်ပြီး ကားလမ်းဖောက်ကာ မီးတိုင်များ တပ်ဆင်ထားကြကာ အိမ်ယာမြေကွက်အဖြစ် ပြန်လည်ရောင်းချရန် စီစဉ်နေကြကြောင်း ဦးကျော်စိန်က ဆက်ပြောသည်။

    ယခုလ (၁၀ )ရက်နေ့တွင် လယ်ထွန်မင်္ဂလာပွဲအခမ်းအနားကို မွန်လယ်သမားများက ကျင်းပပြုလုပ်ခဲ့ကြသည်။ သို့သော် ထိုမြေ၏ သီးစားမှတ်ပုံတင်မရှိပါက ၎င်းမြေပေါ်တွင် မည်သူမှ စိုက်ပျိုးခြင်း၊ ဆောက်လုပ်ခြင်း ပြုလုပ်ခွင့်မပြုသေးကြောင်း ရန်ကုန်းတိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာရှိ မြို့နယ်အုပ်ချုပ်ရေးမှူးက တားမြစ်လိုက်သည်ဟု ဦးကျော်စိန်က ပြောသည်။

    ယင်းမြေကွက်အား ပြုပြင်ဆေက်လုပ်ခွင့်ရပ်ခိုင်းရန် ဇေကမ္ဘာကုမ္မဏီမှ ဆောက်လုပ်ရေးသမား များအား မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် သွားရောက်ပိတ်ပင်ခဲ့သော်လည်း တစ်စုံတစ်ရာ ရပ်စိုင်းခြင်းမရှိသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင်သို့ တိုင်ကြားစာထပ်မံပေးပို့ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks