spot_img
Thursday, April 24, 2025
More
    spot_img
    Homeသတင်းဖမ်းဆီးထားသည့်လူများကို ပြန်လွှတ်ပေးမည်ဟု ဘုရားသုံဆူ ပြန်ပေးသမားများကပြော

    ဖမ်းဆီးထားသည့်လူများကို ပြန်လွှတ်ပေးမည်ဟု ဘုရားသုံဆူ ပြန်ပေးသမားများကပြော

    -

    မင်းသုတ – ပြီးခဲ့သည့် အင်္ဂါနေ့ ညပိုင်းက ဘုရားသုံးဆူမြို့၌ ပြန်ပေးဆွဲဖမ်းဆီးခံနေရသူများကို ယနေ့ညတွင် ပြန်လွှတ်ပေးတော့မည်ဟု ပြန်ပေးအဖွဲ့ ခေါင်းဆောင် နိုင်ထွန်းက ပြောသည်။

    ၎င်းက “သူတို့ကဆင်းရဲတယ်၊ ဘတ်လေးသောင်းပဲတောင်းပါတယ်၊ အခုလွှတ်ဖို့စီစဉ်နေပါပြီ” ဟု ပြောသည်။

    ဘုရားသုံးဆူနယ်စပ်-ထိုင်းနိုင်ငံ(Photo-Internet)
    ဘုရားသုံးဆူနယ်စပ်-ထိုင်းနိုင်ငံ(Photo-Internet)

    ဘုရားသုံးဆူမြို့၊ အမှတ်(၂) ရပ်ကွက်၊ ငုဝါလမ်း(၁၀) မှ ကိုဝေယံ(ယာဉ်မောင်း)၊ ကိုဗိုဗို(ယာဉ်နောက်လိုက်)၊ ကိုသက်ဦး(ပန်းပုဆရာ)နှင့် မမယ်တို့(၄) ဦးတို့ကို လက်နက်ကိုင် အဖွဲ့တဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

    ဘတ်ငွေ ၅ သိန်းပေးမှသာ ထိုဖမ်းဆီးသွားသူများလွှတ်ပေးမည်ဟု မူလက ခြိမ်းခြောက်တောင်းဆိုခဲ့သော်လည်း ဘတ်ငွေ ၄ သောင်းဖြင့်သာ စျေးညှိနှိုင်းပြီး ပြေလည်မှုရခဲ့ခြင်း ဖြစ်သည်။

    ဘုရားသုံးဆူမြို့ခံ နိုင်ဇန်က “ ပြန်ပေးသမားတွေက ဆင်းရဲချမ်းသာမရွေးဆွဲနေတော့ ဆင်းရဲသားအိမ်လည်း မိုးချုပ်တာနဲ့အိမ်တံခါးပိတ်ပြီး သတိနဲ့နေရတာပဲ၊ အခုအဖမ်းခံရတဲ့သူတွေအားလုံးဟာ ဆင်းရဲသားတွေချည်းပဲ၊ ဘယ်လိုရွေးနိုင်ပါ့မလဲ” ဟု ပြောသည်။

    လတ်တလောဖြစ်ပွားခဲ့သောပြန်ပေးဆွဲမှုကြောင့် မြို့ခံများအနေဖြင့် ညအချိန်အပြင်ထွက်သူ အလွန်နည်းပါးနေပြီး အထူးသဖြင့် ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့သော အမှတ်(၂) ရပ်ကွက်တွင် ညပိုင်းမိုးချုပ်သည်နှင့် အိမ်တံခါးပိတ်ထားကြသည်ဟု မြို့ခံများကပြောသည်။

    ဘုရားသုံးဆူမှ အမည်မဖေါ်လိုသောရဲအရာရှိတစ်ဦးက “ကျနော်တို့ဆီလည်း ကာယကံရှင်တွေ အမှုလာမတိုင်ဘူး၊ အသက်အန္တရာယ်လည်းရှိနေတယ်လေ၊ နယ်စပ်မှာက လက်နက်ကိုင်အဖွဲ့တွေကများတယ်၊ ပြည်တွင်းတွေမှာလို ရဲကလွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်မရှိဘူး” ဟု ပြောသည်။

    သို့သော် ဘုရားသုံးဆူမြို့နယ်မြေခံတပ်ရင်းနှင့် ပြည်သူ့စစ်အဖွဲ့များလည်း ပြန်ပေးဆွဲနေသည့် ကိစ္စနှင့်ပတ်သက်၍ ထူးထူးခြားခြားတာဝန်ယူ အရေးယူမှုခြင်းများ ပြုလုပ်ခြင်းမရှိကြောင်း မြို့ခံများက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    34,100SubscribersSubscribe
    spot_img

    Latest posts