spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူမြို့၌ ပြန်ပေးဆွဲပြီး ဘတ်ငွေငါးသိန်းတောင်းခံထား

    ဘုရားသုံးဆူမြို့၌ ပြန်ပေးဆွဲပြီး ဘတ်ငွေငါးသိန်းတောင်းခံထား

    -

    မင်းသုတ – ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၌ ယမန်နေ့ညတွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဒေသခံ ၄ ဦးကို ပြန်ပေးဆွဲခဲ့ပြီး ဖမ်းဆီးထားသည့်လူများကို ဘတ်ငွေငါးသိန်းဖြင့်လာရောက် လဲလှယ်ရွေးယူရန် တောင်းဆိုထားသည်။

    ၂၀၁၁ ခုနှစ်၊ ဇွန်လ၌ ဘုရားသုံးဆူမြို့ရှိအိမ်ဆိုင်တစ်ဆိုင်အား အမည်မသိလက်နက်ကိုင်တစ်စုမီးရှို့ခဲ့ပုံ(Photo-Internet)
    ၂၀၁၁ ခုနှစ်၊ ဇွန်လ၌ ဘုရားသုံးဆူမြို့ရှိအိမ်ဆိုင်တစ်ဆိုင်အား အမည်မသိလက်နက်ကိုင်တစ်စုမီးရှို့ခဲ့ပုံ(Photo-Internet)

    လက်နက်ကိုင် (၇) ဦးပါ၀င်သည့်ယင်းအဖွဲ့သည့် ယမန်နေ့ည (၉) နာရီခန့်တွင် ဘုရားသုံးဆူမြို့၊ ရပ်ကွက် (၂)၊ ငုဝါလမ်း (၁၀) သို့ရောက်လာပြီး ရပ်ကွက်နေသူ (၆) ဦးအား ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ကာယကံရှင်မိသားစုဝင်များက ပြောသည်။

    “ ကြိုးနဲ့တုတ်ပြီးဖမ်းခေါ်သွားတယ်၊ လူခြောက်ယောက်လုံးကိုချည်တဲ့ ကြိုးကမလုံလောက်တော့ ညဘက်လဲဖြစ်တော့ အဖမ်းခံရတဲ့လူတွေထဲက မွန်ပြည်သစ်ပါတီဝင်တစ်ဦး၊ အမျိုးသမီးတစ်ဦး အတင်းရုန်းပြီး ထွက်ပြေးလွတ်မြောက်လာတယ်” ဟု ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီအရာရှိတစ်ဦးက ပြောသည်။

    ပြန်ပေးဆွဲခံထားရသူများသည် ကိုဝေယံ(ယာဉ်မောင်း)၊ ကိုဘိုဘို(ယာဉ်နောက်လိုက်)၊ ကိုသက်ဦး(ပန်းပုဆရာ)နှင့် အမည်မသိအမျိုးသားတစ်ဦးတို့ ဖြစ်ကြပြီး ၎င်းတို့၏ သက်ဆိုင်ရာမိသားစုများကို ငွေဖြင့်ရွေးယူရန် ပြန်ပေးသမားများက လက်ကိုင်ဖုန်းနံပါတ်ပေးထားခဲ့သည်။

    အမည်မဖော်လိုသည့် ဘုရားသုံးဆူမြို့မှ ရဲအရာရှိတဦးက “ကျနော်တို့ရရှိထားတဲ့သတင်းအရ ပြန်ပေးအဖွဲ့ခေါင်းဆောင်နာမည်က “ကွန်တစ်” လို့အမည်သိရတယ်၊ အရင်ပြန်ပေးဆွဲပြီး ငွေတောင်းတဲ့ အဖွဲ့နဲ့ အတူတူပဲလို့ ယူဆရတယ်” ဟု ပြောသည်။

    ယင်းပြန်ပေးအဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလတွင်လည်း ဘုရားသုံးဆူမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ငွေကြေးချမ်းသာသူများကို ဖုန်းဆက်ခြင်း၊ နေအိမ်သို့စာရေးပို့ခြင်းဖြင့် ခြိမ်းခြောက်ပြီး ငွေတောင်းခံခဲ့မှုများရှိခဲ့ဟု ဘုရားသုံးဆူမြို့ ထားဝယ်စုရပ်ကွက်၏ ဆယ်အိမ်မှူးတဦးကပြောသည်။

    နို၀င်ဘာလ ၂၂ ရက်နေ့တွင်လည်း ဘုရားသုံးဆူမြို့၊ ထားဝယ်စုရပ်ကွက်ရှိ ရာဘာခြံလုပ်သား၂နှစ်ဦးအား မျက်နှာဖုံးစွပ်လက်နက်ကိုင်ပြန်ပေးသမား ၃ ဦးပါအဖွဲ့က ပြန်ပေးဆွဲခဲ့ သည်။

    ဘုရားသုံးဆူမြို့ပေါ်တွင်တွင် မြန်မာအစိုးရစစ်တပ်၊ နယ်ခြားစောင့်တပ်၊ ရဲ၊ ပြည်သူ့စစ် စသည့်လက်နက်ကိုင်အဖွဲ့များ လုံခြုံရေးယူထားကြပြီး မြို့ပြင်အနီးတဝိုက်တွင် မွန်ပြည်သစ်ပါတီ၊ ကေအဲန်ယူ၊ ဒီကေဘီအေ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ စသည့်အပစ်ရပ်တပ်ဖွဲ့များက လှုပ်ရှားနေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks