spot_img
Friday, July 11, 2025
More
    spot_img
    Homeသတင်းမြန်မာနိုင်ငံသားသုံးဦးကို ထိုင်းနိုင်ငံမှအလိုအရှိဆုံးမူးယစ်ကုန်ကူးသူဟုဖေါ်ပြ

    မြန်မာနိုင်ငံသားသုံးဦးကို ထိုင်းနိုင်ငံမှအလိုအရှိဆုံးမူးယစ်ကုန်ကူးသူဟုဖေါ်ပြ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – တရားမဝင်မူးယစ်ဆေးကုန်ကူးမှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံမှ ယခုရက်ပိုင်းအတွင်း သတင်းထုတ်ပြန်ခဲ့ရာတွင် မြန်မာနိုင်ငံသားသုံးဦးကို ထိုင်းအလိုရှိဆုံး မူးယစ်ကုန်ကူးသူအဖြစ် ဖေါ်ပြထားသည်။

    ထိုင်းနိုင်ငံမှအလိုအရှိဆုံးမူးယစ်ကုန်ကူးသူ ၂၅ ဦး(Photo-ONCB)
    ၄င်းတို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၌ ခေါင်းဆောင်နေသူ ရွှေတြိဂံဒေသ လက်နက်ကိုင်အဖွဲ့တခု၏ခေါင်းဆောင် စိုင်းနော်ခမ်း၊ ရှမ်းပြည်နယ် ပြည်သူ့စစ်အဖွဲ့တစ်ခု၏ ခေါင်းဆောင် ဦးယိဆေးနှင့် DKBA တပ်ဖွဲ့ စစ်ဦးစီးချုပ်ဗိုလ်ချုပ်နှုတ်ခမ်းမွေး(ခေါ်) စောလားပွယ် ဖြစ်ကြောင်း ထိုင်းအစိုးရမူးယစ်တိုက်ဖျက်နှိမ်နင်းရေးဘုတ်အဖွဲ့ ONCB ၏ အင်တာနက်သတင်းစာမျက်နှာတွင် ဖေါ်ပြထားလျှက် ရှိသည်။

    “ကျနော်တို့ခေါင်းဆောင်ဟာ ဗုဒ္ဓဘာသာပီပီ မြိုင်ကြီးငူဆရာတော်ရဲ့အဆုံးအမကိုနာခံသူဖြစ်တယ်၊ မူးယစ်ဆေးဝါးနဲ့ ကျနော်တို့ရဲ့ခေါင်းဆောင် လုံးဝပတ်သက်မှုမရှိခဲ့ပါဘူး၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ကြိုးစား ဖြေရှင်းသွားမယ်” ဟု အမည်ဖေါ်ပြခွင့်မရှိသော ဒီကေဘီအေ အရာရှိတစ်ဦးက ပြောသည်။

    ဗိုလ်ချုပ်နှုတ်ခမ်းမွေးနှင့် ဦးယိဆေးတို့ကို ထိုင်းဘတ်ငွေတစ်သန်းစီ၊ စိုင်းနော်ခမ်းကို ထိုင်းဘတ်ငွေနှစ်သန်း ထိုင်းအစိုးရက အလိုရှိဆုံးသူများအဖြစ်သတ်မှတ်ပြီး ဖမ်းဆီးမိရေးအတွက် ဆုတော်ငွေထုတ်ပြန်ထားခြင်း ဖြစ်သည်။

    “ကျနော်တို့အစိုးရလက်ခံရရှိထားပြီးဖြစ်တဲ့ ခိုင်လုံတဲ့သတင်းအရင်းအမြစ်ကို အခြေခံပြီးမှ ခုလိုသတင်း ထုတ်ပြန်လိုက်တာပါ၊ ဒီကေဘီအေနဲ့ပတ်သက်ပြီး ကျနော်တို့မှာ အထောက်အထားရှိပါတယ်၊ သူတို့မူးယစ်ဆေးထုတ်လုပ်နေတဲ့နေရာတွေကိုတော့ ပြောပြခွင့်မရှိသေးပါဘူး” ဟု အမည်မဖေါ်လိုသော မဲဆောက်အခြေစိုက် ထိုင်းအစိုးရမူးယစ်တိုက်ဖျက်နှိမ်နင်းရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

    လွန်ခဲ့သော ၂၀၀၃ ခုနှစ်တွင် ထိုင်းနိုင်ငံမှဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါး ၉ ဒဿမ ၄ သန်းကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်စောလားပွယ်နှင့်ပတ်သက်မှုရှိခဲ့သည်ဟု ထိုင်းတို့ကစွပ်စွဲထားခဲ့ကြောင်း ဒီကေဘီအေအရာရှိတစ်ဦးပြောကြားချက်ကို ယနေ့နံနက်ဘီဘီစီမြန်မာပိုင်းအစီအစဉ်တွင် သတင်းထုတ်လွှင့်ခဲ့သည်။

    ထိုင်းအစိုးရမူးယစ်တိုက်ဖျက်နှိမ်နင်းရေးဘုတ်အဖွဲ့ ONCB ဧပြီလ ၂၀ ရက်နေ့ ကြေညာချက်၌ မူးယစ်ဆေးကုန်ကူးမှုနှင့်ပတ်သက်၍ အမြန်ဆုံးဖမ်းမိရန်အလိုရှိနေသူ ၂၅ ဦးကို နာမည်ဓါတ်ပုံနှင့်တကွ စုစုပေါင်းဘတ်ငွေ ၁၂ သန်းဆုတော်ငွေထုတ်ပြန်ထားရာတွင် အထက်ပါမြန်မာနိုင်ငံသား ၃ ဦးပါဝင်နေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,700SubscribersSubscribe
    spot_img

    Latest posts