spot_img
Friday, August 1, 2025
More
    spot_img
    Homeသတင်းမွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ)အမည် ပြောင်းမည်

    မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ)အမည် ပြောင်းမည်

    -

    ဂျူရီချိုင်း – မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်ဟောင်းများ ဖွဲ့စည်းခဲ့သော မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ)- MNDF (LA)ကို နာမည်သစ်ဖြင့် ပြောင်းလဲဖွဲ့စည်းမည်ဖြစ်ကြောင်း ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဥဿာက ပြောသည်။

    မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ)အမှတ်တဆိပ်အလံ(photo-kaowao)
    ၎င်းက “မွန်အမျိုးသားဒီမိုကရေစီပါတီ မှတ်ပုံတင်ပြီး နာမည်သစ်ပြောင်းရင် ကျနော်တို့ ပါတီလည်း နာမည်သစ်ပြောင်းလဲရမယ်” ဟု သူကပြောသည်။

    မွန်အမျိုးသားဒီမိုကရေစီပါတီ (MNDF) ပါတီ နာမည်သစ်ဖြင့် ပြန်လည်မှတ်ပုံတင် မည်ဖြစ်သည့်အတွက် ၎င်းလက်အောက်ခံဖြစ်သည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) MNDF (LA)သည်လည်း အမည်သစ်ပြောင်းလဲဖွဲ့စည်းသွားမည် ဖြစ်သည်။

    ယခုအခါ နာမည်သစ်ပြောင်းလဲရေးအတွက် ပါတီအဖွဲ့ဝင်များက အပတ်စဉ် တစ်ပတ်တစ်ကြိမ် အွန်လိုင်းပေါ် အစည်းအဝေးပြုလုပ်နေသည်ဟုလည်း သူက ဆက်ပြောသည်။

    MNDF (LA) လက်ရှိပါတီ ယာယီဥက္ကဌ နိုင်စိုးညွှန့်က “နာမည်သစ်ပြောင်းလဲဖို့ကိစ္စအတွက် ကျနော်တို့အဖွဲ့ဝင် အများစုက သဘောတူထားကြတယ်” ဟု ပြောသည်။

    မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှ မွန်ဒီမိုကရေစီပါတီနာမည်ဖြင့် မှတ်ပုံတင်ရန်အတွက် ၎င်းပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နှစ်ဦး နေပြည်တော်သို့သွားရောက်ရန် စီစဉ်နေပြီ ဖြစ်သည်။

    မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ)တွင် မွန်ဆရာတော်တပါး အပါအဝင် နာယက ၃ ဦး၊ ဗဟိုအလုပ်မှုဆောင် ၁၁ ဦး၊ ဗဟိုအလုပ်မှုဆောင်အပါအဝင် ဗဟိုကော်မတီ ၂၁ ဦး၊ အရံ ဗဟိုကော်မတီ ၈ ဦးတို့ ပါဝင်ကြသည်။

    မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) ယခင်ဥက္ကဌဟောင်းဖြစ်သည့် နိုင်သောင်းရှိန်သည်လည်း ယခုလဆန်းပိုင်းမှစ၍ အနားယူခဲ့ပြီး ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှတဆင့် မော်လမြိုင်မြို့သို့ ပြည်တော်ပြန်ခဲ့ပြီး ဖြစ်သည်။

    မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ)ကို ၂၀၁၀ ခုနှစ်တွင် စစ်အစိုးရကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်သွားရန်နှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေးအတွက် အခြားတိုင်းရင်းသားများ၊ ဒီမိုကရေစီအင်အားစုများနှင့် ပူးပေါင်း တိုက်ပွဲဝင်သွားနိုင်ရန် မွန်အမျိုးသားဒီမိုကရေစီ အဖွဲ့ဝင်ဟောင်းများက ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts