spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်ဆေးရုံ၌ သွေးထုတ်သွင်းဝန်ဆောင်ခငွေတောင်းခံနေ

    သံဖြူဇရပ်ဆေးရုံ၌ သွေးထုတ်သွင်းဝန်ဆောင်ခငွေတောင်းခံနေ

    -

    ခတ္တာနန်း – မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ပေါ် ဆေးရုံကြီးတွင် လိုအပ်သည့်သွေးများကို သွေးအလှူရှင်များ အခမဲ့ပေးလှူနေသော်လည်း ဆေးရုံမှလူနာရှင်များထံမှ သွေးထုတ်သွင်းဝန်ဆောင်ခငွေ တောင်းခံနေကြောင်း သိရသည်။

    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နိုင်သိန်းအောင်မှ သွေးအလှူရှင်အစည်းအဝေးတွင်တင်ပြခဲ့ပုံ (Photo-IMNA)
    သွေးထုတ်ရန်အတွက် ၅၀၀၀ ကျပ်၊ သွေးထည့်သွင်းရန်အတွက် ၂၅၀၀ ကျပ် ပေးဆောင်နေရသဖြင့် လူနာရှင်တစ်ဦးအနေဖြင့် ရ၅၀၀ ကျပ် ဝန်ဆောင်ခပေးဆောင်နေရကြောင်း သဒ္ဒါဖြူစင်စေတနာရှင် သွေးလှူရှင်အသင်းမှ နိုင်ချမ်းအေးက ပြောသည်။

    “ကျနော်က ဆေးရုံနဲ့ နီးတော့ သွေးလိုအပ်တဲ့လူတွေက ကျနော်ကိုလာပြီး ပြောပါတယ်၊ ကျနော်တို့ အဖွဲ့ဝင်တွေကိုခေါ်ပြီး သွေးအလှူသွားပေးပါတယ်၊ ကျနော်တို့ကတော့ အခမဲ့ ပေးလှူပါတယ်၊ ပြည်ခိုင်ဖြိုးကလည်း သွေးလှူတာ တွေ့ရပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

    မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် ယခင် သွေးလှူဒါန်ရေးအဖွဲ့ ရှိခဲ့သော်လည်း ပီပြင်စွာအကောင်အထည် မဖော်နိုင်ခဲ့သည့်အတွက် ယခုလဆန်းပိုင်းမှစ၍ သဒ္ဒါဖြူစင်စေတနာရှင် သွေးလှူရှင်အသင်းကို ပြန်လည်ဖွဲ့စည်းလိုက်ပြီး ဖြစ်ကြောင်း သိရသည်။

    “ လွန်ခဲ့တဲ့ တစ်ချိန်က ဒီသွေးလှူဒါန်းတဲ့ အဖွဲ့ရှိနေပေမဲ့ အခက်အခဲတွေကြောင့် သွေးလှူဒါန်းမှုက အချိန်နှောက်နှေးခဲ့ပြီး အဆင်မပြေဘူး ဖြစ်နေခဲ့တယ်၊ ဒါကြောင့် အခု ကျနော်တို့ ပြန်ပြီး အဖွဲ့သစ်ဖွဲ့စည်းလိုက်တာပါ” ဟု သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နိုင်သိန်းအောင်က ပြောပါသည်။

    သဒ္ဒါဖြူစင်စေတနာရှင် သွေးလှူရှင်အသင်းဝင်တစ်ဦး(Photo-IMNA)
    လူနာရှင်များ သွေးလိုအပ်ပါက သဒ္ဒါဖြူစင်စေတနာရှင် သွေးလှူရှင်အသင်းနှင့် အဆက်အသွယ်ရယူပြီး သွေးအလှူဒါန ရယူနိုင်ကြောင်း၊ ငွေကြေးတတ်နိုင်သော လူနာရှင်အနေနှင့် အထက်ပါဝန်ဆောင်ခများကို ကိုယ်တိုင် အကုန်ကျခံခဲ့ရပြီး၊ ငွေကြေးမတတ်နိုင်သည့် လူနာရှင်များအတွက် သွေးလှူဒါန်ရေးအဖွဲ့က ဝန်ဆောင်ခငွေပေးဆောင်ခဲ့ရကြောင်း သိရသည်။

    ထို့အပြင် လူနာရှင်များ သွေးလိုအပ်ပါက သံဖြူဇရပ်မြို့နယ်၌သာမက တစ်ခြားသော မြို့နယ်၊ ပြည်နယ်များသို့လည်း ၄င်းသွေးလှူဒါန်းရေးအဖွဲ့ သွားရောက်လှူဒါန်းမည့်အစီအစဉ်ရှိကြောင်း သိရသည်။

    ယခုအသစ်ပြန်လည်ဖွဲ့စည်းလိုက်သော သဒ္ဒါဖြူစင်စေတနာရှင် သွေးလှူရှင်အသင်း ဥက္ကဌအဖြစ် သံဖြူဇရပ်မြို့ခံ လုပ်ငန်းရှင် ဦးခွေးမှ တာဝန်ယူနေကြောင်း သိရသည်။

    မြို့နယ်အသီးသီးတွင် သွေးလှူဒါန်းရေးအဖွဲ့များရှိနေပြီး အခမဲ့သွေးလှူဒါန်းပေးလျှက်ရှိရာ သံဖြူဇရပ်မြို့ဆေးရုံမှအပ သက်ဆိုင်ရာဆေးရုံများမှ သွေးထုတ်သွင်းသည့် ဝန်ဆောင်မှုအခကြေးငွေ ကောက်ယူခြင်းမရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    1 COMMENT

    1. သွေးလှူတဲ့နေရာမှာ ဝန်ဆောင်ခရယ်လို့ ဆေးရုံက တောင်းတာမဟုတ်ပါဘူး။ လူနာကို သွေးသွင်းတော့မယ်ဆိုရင် အဲဒီသွေးမှာ အသည်းယောင်ဘီပိုး၊စီပိုး၊ HIV ပိုး၊ ရှိမရှိ စစ်ဆေးပြီးမှ သွင်းရပါတယ်။ အဲဒီပိုးတွေစစ်ဖို့ဆိုရင် အနည်းဆုံးငါးထောင်ကနေ ခုနှစ်ထောင်လောက်ကျပါတယ်။ အဲဒီပိုးတွေစစ်တဲ့ ဆေးစစ်ပြားလေးတွေကို အစိုးရက ဆေးရုံတွေကို မထုတ်ပေးထားနိုင်သေးပါဘူး။ အဲဒါတွေစစ်ဖို့ကို ရန်ကုန်ဆေးရုံကြီးလိုနေရာမျိုးမှာလဲ သွေးတခါသွင်းတော့မယ်ဆိုရင် တတ်နိုင်သူကို ခုနှစ်ထောင်၊ ဆင်းရဲသူကို သုံးထောင့်ငါးရာကောက်ခံနေရပါတယ်။ လုံးဝကိုပိုက်ဆံမရှိတဲ့သူတွေအတွက်ဆိုရင် ဆေးရုံကဆရာဝန်ရယ်၊ သူနာပြုတွေရယ်၊ တခြားလူနာတွေရယ်၊နောက်ဆုံးသွေးလှူတဲ့လူတွေကိုယ်တိုင် စိုက်ထုတ်ကျခံပေးခဲ့ရတာ အထူးအဆန်းမဟုတ်တော့ပါဘူး။ ဘာမှလဲမကောက်ခံ၊ဘာမှလဲ မစစ်ဆေးပေးဘဲ သွင်းလိုက်မယ်ဆိုရင် တသက်လုံးနစ်နာရမယ့်သူက သွေးသွင်းခံရတဲ့ လူနာဘဲဖြစ်ပါလိမ့်မယ်။ ဒါကြောင့် လွတ်တော်ကိုယ်စားလှယ်ကြီးတွေအနေနဲ့ နိုင်ငံတော်ကို စရိတ်မျှပေးစနစ် ပြုပြင်ပြောင်းလဲဖို့၊ ကျန်းမာရေးဘတ်ဂျတ်အခုထက်တိုးမြင့်ဖို့တွေကို မကြောက်မရွံ့ ပြုပြင်ပြောင်းလဲရေးတွေကို အခုထက်ပိုလုပ်ဆောင်သင့်ကြောင်း အကြံပေးအပ်ပါတယ်။

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks