spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ပါတီနှစ်ပါတီ ပူးပေါင်းရန်သဘောတူလက်မှတ်ရေးထိုး

    မွန်ပါတီနှစ်ပါတီ ပူးပေါင်းရန်သဘောတူလက်မှတ်ရေးထိုး

    -

    လယီထော – လာမည့် ၂၀၁၄ ခုနှစ်တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ တစ်ပါတီအဖြစ်ပေါင်းစည်းသွားရန် အချက် (၄)ချက်ပါ နှစ်ဖက်သဘောတူညီချက်လက်မှတ် ရေးထိုးခဲ့ကြသည်ဟု ပါတီခေါင်းဆောင်တို့က ပြောသည်။

    မွန်နှစ်ပါတီပူးပေါင်းရေး ဆွေးနွေးပွဲမှတ်တမ်း
    ၄င်းပါတီပေါင်းစည်းနိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်း ၁ နာရီမှစ၍ ညနေ ၄ နာရီအထိ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ် သာသနာ -၂၅၀၀ ဘုန်းတော်ကြီးကျောင်းတွင် အစည်းအဝေးပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

    အစည်းအဝေးတွင် နှစ်ဖက်ပါတီခေါင်းဆောင်များ၊ မွန်ပြည်သစ်ပါတီကိုယ်စားလှယ်များ၊ သံဃာတော်များနှင့် စိတ်ဝင်စားသူပရိသာတ်ပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်ဟု အစည်းအဝေးပွဲဖြစ်မြောက်ရေး ဦးဆောင်သူ မွန်ဆရာတော် ခေမာနန္ဒက မိန့်သည်။

    ၎င်းက “တစ်ပါတီပူးပေါင်းဖို့အတွက် နှစ်ဦးနှစ်ဖက် မနေ့ကသဘောတူလိုက်ပါပြီ” ဟု ပြောသည်။

    မွန်နှစ်ပါတီပူးပေါင်းရေး ဆွေးနွေးပွဲမှတ်တမ်း
    သဘောတူခဲ့ညီသည့်အချက်များမှာ (၁) မွန်အမျိုးသားဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ တစ်ပါတီအဖြစ်ပူးပေါင်းရန် (၂) ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကိုနောက်ဆုံးထား၍ နှစ်ပါတီကို တစ်ပါတီအဖြစ်ပူးပေါင်းသွားရန်(၃) နှစ်ပါတီအစည်းအဝေးပွဲကို တစ်လတစ်ကြိမ် မွန်မြန်မာလကုန်ရက်(ဥပုဒ်နေ့)တိုင်းတွင် သံဃာတော်တို့ ဖိတ်ခေါ်မည့်နေရာတွင်ပြုလုပ်ရန် (၄) ပါတီနာမည်အသစ်ဖြင့် ပူးပေါင်းဖွဲ့စည်းသွားရန်တို့ဖြင့် နှစ်ဖက်ပါတီခေါင်းဆောင်တို့ သဘောတူလက်မှတ်ရေးထိုးကြခြင်း ဖြစ်သည်။

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဥက္ကဌနိုင်ငွေသိန်းက “မွန်နှစ်ပါတီက ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကျမှ ပေါင်းကြမယ်ဆိုတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် နောက်ကျမှာကို ကျနော်စိုးရိမ်မိတယ်” ဟု ပြောသည်။

    “ရည်ရွယ်ချက်ကတော့နှစ်ပါတီပေါင်းစည်းဖို့ အစည်းအဝေးပုံစံနဲ့ ခေါ်တာပါဘဲ၊ နောက် ဟိုရောက်တာအခါကျတော့ ပါတီတစ်ခုကနေ တစ်ခြားတစ်ပါတီတစ်ခုကို ဝင်တဲ့ပုံစံလိုဖြစ်သွားတယ်၊ ဒါလဲဘဲ အသစ်အဆန်းမဟုတ်ပါဘူး ဒီသုံးလကျော် ဆွေးနွေးတဲ့ကာလမှာလဲ သူတို့ဘက်(AMDP)က ဒီအတိုင်းပဲရပ်တည်ခဲ့တယ်” ဟု မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက ပြောသည်။

    ထို့ကြောင့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့အနေဖြင့် မွန်ဒီမိုကရေစီပါတီ(Mon Democratic Party) ပါတီမှတ်ပုံတင်ရန် စီစဉ်နေသည်ဟု ဒေါက်တာမင်းစိုးလင်းက ပြောသည်။

    နှစ်ပါတီပေါင်းစည်းနိုင်ရေးအတွက် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မွန်ဆရာတော်များချမှတ်ခဲ့သည့် မူသုံးရပ်ရှိကြောင်း ၎င်းတို့မှာ ကြားနာမည်တစ်ခုအသုံးပြုရမည်၊ မွန်တစ်ပါတီတည်းဖြစ်ရမည်၊ အမြန်ဆုံးပေါင်းစည်းရမည် ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks