Homeသတင်းတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကြေညာပေးရန် မွန်ပြည်သစ်မှ တောင်းဆို

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကြေညာပေးရန် မွန်ပြည်သစ်မှ တောင်းဆို

-

မင်းသုတ၊ ခတ္တာနန်း – အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီးနောက် ယနေ့ နံနက် (၉) နာရီတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်အစိုးရရုံး၌ ပထမဆုံးအကြိမ် နိုင်ငံရေး ဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီမှ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို အစိုးရမှ ကြေညာပေးရန်အတွက် အဓိကထား တောင်းဆိုခဲ့ကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ဗဟိုအလုပ်မှုဆောင် နိုင်တလညီက “ ဒီတစ်ခေါက် တွေ့ဆုံပွဲမှာ ကျနော်တို့ မွန်ပြည်သစ်ပါတီအနေနဲ့ အဓိက တောင်းဆိုတာက ကချင်ဒေသ အပါအဝင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို အစိုးရက နေပြီး ကြေညာပေးဖို့ကို အဓိကထား တောင်ဆိုထားပါတယ်” ဟု ပြောပါသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကြေညာပေးရန် မွန်ပြည်သစ်မှ တောင်းဆို
ဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီမှ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် ညှိုနှိုင်းဆွေးနွေးရန်၊ မွန်ပြည်သစ်ပါတီနှင့် အပစ်အခတ်ရပ်စဲရေး ရေရှည် တည်တံခိုင်မြဲရေးအတွက် အသေးစိတ် ဆွေးနွေးရန်၊ နောက်တစ်ကြိမ် ပြည်တောင်စုအဆင့် ဆွေးနွေးပွဲ ပြုလုပ်သွားရန်၊ ကျန်ရှိနေသည့် မွန်နိုင်ငံရေး အကျဉ်းသာများကို လွှတ်ပေးရန်နှင့် နယ်မြေဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီပွာရေး အပါအဝင် အချက်ပေါင်း (၅) ချက် တောင်းဆိုခဲ့ကြောင်း သိရသည်။

“ ကျနော်တို့ အဓိက တောင်းဆိုထားတဲ့ တစ်နိုင်ငံလုံး အပစ်ရပ်ရေးကြေညာဖို့အတွက်နဲ့ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသား ၂ ဦးကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ရအောင် ပြည်တောင်စု ရထားဝန်ကြီး ဦးအောင်မင်းက အနေနှင့် သမ္မတထံ တင်ပြတောင်းဆိုပေးသွာမယ်လို့ ပြောသွားပါတယ်” ဟု နိုင်တလညီက ဆက်ပြောပါသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်တောင်စုအဆင့် အစိုးရဘက်မှ ရထားဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှု ကြီးကျပ်ရေးနှင့် ပြည်သူ့အင်အား (လဝက) မှ ဦးခင်ရီ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ အရှေ့တောင်တိုင်း တိုင်းမှုး ဗိုလ်ချုပ်တင်မောင်ဝင်းနှင့် တပ်မတော်ကာကွယ်ရေး ဦးစီချုပ်ရုံးမှ ဒုတိယ ဗိုလ်မှူကြီး ဇော်နိုင်ဦး ဟူ၍ ပြည်တောင်စု အဆင့် ကိုယ်စားလှယ် (၅) ဦး တက်ရောက်အပြင် အခြားသော ပြည်နယ်အဆင့် ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ပြီး မွန်ပြည်သစ်ပါတီမှ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) နိုင်အောင်မင်း ၊ နိုင်တလညီ၊ နိုင်လရီကကောင်း၊ နိုင်အေးမွန်၊ နိုင်နဒူရာမာန်၊ နိုင်ဗညာလေး၊ နိုင်အမ်စိုက်ချန်း၊ နိုင်ကြည်စံ နှင့် မိသာဒါ တို့ အဖွဲ့ဝင် ကိုယ်စာလှယ် ၉ ဦး အပြည် ငြိမ်းချမ်းရေးအကျိုးဆောင် ကိုယ်စားလှယ် (၄) ဦး တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်တောင်စုအစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပြီးနောက် ယခုတွေ့ဆုံဆွေးနွေးပွဲသည် ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်ပြီး ယခုနှစ်ကုန် ဒီဇင်ဘာလအတွင်း၌ အပစ်အခတ်ရပ်စဲထားသော အဖွဲ့များနှင့် တွေဆုံရန် ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts