spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ပါတီ နှစ်ပါတီပေါင်းစည်းရေးအတွက် မွန်ရဟန်းပျိုများ ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်း

    မွန်ပါတီ နှစ်ပါတီပေါင်းစည်းရေးအတွက် မွန်ရဟန်းပျိုများ ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်း

    -

    မင်းတော်လဝီ၊ နိုင်မာန် – မွန်အမျိုးသား ဒီမိုကရေစီပါတီ (MNDF) နှင့် မွန်ဒေသလုံးဆိုင် ရာဒီမိုကရေစီပါတီ (AMDP) နှစ်ပါတီ ပေါင်းစည်းနိုင်ရေးအတွက် အကြိုညှိနိုင်းမှုများ ဆောင်ရွက်နိုင်ရန် မွန်ရဟန်းပျိုများ ညှိနိုင်းရေးအဖွဲ့ကို မော်လမြိုင်မြို့နယ် ရိုးဂိုရွာ ကျောင်းဟောင်း၌ ဧပြီလ (၉) ရက်နေ့ တွင် အစည်းအဝေးပြုလုပ်ပြီး ဖွဲ့စည်းလိုက်သည်။

    “ရည်ရွယ်ချက်က ရဟန်းပျိုများကို ညှိနှိုင်းရေး ကော်မရှင် အဖွဲ့တဖွဲ့ ဖွဲ့စည်းပြီး မွန်ပါတီနှစ်ပါတီ ပေါင်းနိုင်ဖို့ အကြို ညှိနှိုင်းပေးဖို့ပဲ” ဟု အစည်းအဝေးကို တက်ရောက်သည့် ဘဒ္ဒန္တသီလဝန္တ သံဖြူဇရပ်မြို့ ဟံသာထော မွန်ပရိယတ္တိစာ သင်တိုက်ဆရာတော်က မိန့် ပါသည်။

    မတ်လ(၂၄) ရက်နေ့ဆွေးနွေးပွဲမှ အထင်ကရမွန်ဆရာတော်ကြီးများ(Photo-IMNA)
    မွန်ပါတီ နှစ်ပါတီပေါင်းစည်းရေးကို ဦးတည်ထားသည့် ရဟန်းပျိုအဖွဲ့သည် လာမည့် ဧပြီလ ၂၂ ရက်နေ့မှာ ကျင်းပမည့် မွန်နှစ်ပါတီ ပေါင်းစည်းရေး ဆွေးနွေးပွဲကြီး မတိုင်မီ နှစ်ပါတီ သဘောထားများ ရရှိရန်ဖြစ်ပြီး ညှိနှိုင်းသည့်အခါ တစ်ပါတီစီ ခွဲပြီး သွားရောက်ညှိနှိုင်းသွားမည်ဟု ဆရာတော်က ဆက်မိန့်သည်။

    “ညှိနှိုင်းရေးအဖွဲ့မှာ ပါဝင်တဲ့ဆရာတော် ဂရု (လမိုင်းမြို့နယ်ခွဲ) က အဖွဲ့ခေါင်းဆောင်၊ ဒုခေါင်းအဆာင်က ဆရာတော် ခေမာနန် (သံဖြူဇရပမြို့) ဖြပ်ပြီး ရဟန်းပျို ၁၅ ပါး အဖွဲ့နဲ့ ဖွဲ့စည်းထားတယ်” ဟု ဆရာတော် သီလဝန္တက မိန့်ပါသည်။

    MNDF, AMDP,NMSP ကိုယ်စားလှယ်များ(Photo-IMNA)
    ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့က သံဖြူဇရပ်မြို့ ဟံသာထော မွန်ပရိယတ္တိစာသင်တိုက်၌ မွန်ပါတီနှစ်ပါတီ ပေါင်းစည်းရေး အကြိုဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့သော်လည်း ၄င်းဆွေးနွေးပွဲကို မွန်ပြည်နယ်ရှိ အထင်ကရ မွန်ဆရာတော်များ အပါအဝင်၊ မွန်အမျိုးသား ဒီမိုကရေစီပါတီနှင့် မွန်ပြည်သစ်ပါတီမှ ကိုယ်စားလှယ်များ တက်ရောက်နိုင်ခဲ့သည်။

    သို့သော် ၄င်းဆွေးနွေးပွဲသို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ကိုယ်စားလှယ် တက်ရောက်နိုင်ခြင်း မရှိပဲ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်း တဦးသာ ပုဂ္ဂိုလ်ရေးအရ တက်လာပြီး ပါတီကိုယ်စား တက်ရောက်လာခြင်း မဟုတ်သည့်အတွက် ညှိနှိင်းဆွေးနွေးမှုအဆင့် မဖြစ်ခဲ့ပါ။

    ထို့ ကြောင့် နောက်ထပ်တစ်ကြိမ် ဆွေးနွေးညှိနှိုင်းပွဲကို ဧပြီလ ၂၂ ရက်နေ့ကျတွင် မော်လမြိုင်မြို့ သာသနာ ၂၅၀၀ မွန်ကျောင်း၌ ဆက်လက်ကျင်းပသွားရန် ဆရာတော်ကြီးများက ချိန်းဆိုလိုက်သည်။

    ယခုအကြိမ် ဆွေးနွေးညှိနှိုင်းပွဲမှာ မွန်ပါတီနှစ်ပါတီ ပေါင်းစည်းရေးအတွက် ပြုုလုပ်မည့် အစည်းအဝေး ပွဲကြီးဖြစ်၍ အထင်ကရ ဆရာတော်များ၊ မွန်ပါတီသုံးပါတီမှ ကိုယ်စားလှယ်များနှင် မွန်လူထုများ အပါအဝင် တက်ရောက်လာကြမည် ဖြစ်သည်။ ၄င်းအစည်းအဝေးအတွက် မွန်ရဟန်းပျိုများ အဖွဲ့မှ လိုအပ်သည့် ကူညီမှုများကို ညှိနှိုင်းပေါင်းစပ် ပေးနိုင်ရန်အတွက်လည်း ဖြစ်သည်ဟု ဆရာတော်က မိန့်ပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks