Homeသတင်းသံဖြူဇရပ်မြို့၌ ပါဠိပိဋကတ်တော်မှ မွန်ဘာသာပြန် ကျမ်းတစ်ကျမ်းပြီးမြောက်၍ ရေစက်ချပွဲကျင်းပ

သံဖြူဇရပ်မြို့၌ ပါဠိပိဋကတ်တော်မှ မွန်ဘာသာပြန် ကျမ်းတစ်ကျမ်းပြီးမြောက်၍ ရေစက်ချပွဲကျင်းပ

-

မင်းတော်လဝီ – ဘုရားဟောပါဠိပိဋကတ်တော်သုံးဘုံမှ သုတ္တန္တပိဋကတ် အင်္ဂုတ္ထိုရ် ကျမ်းတကျမ်းကို မွန်ဘာသာသို့ပြန်ဆိုပြီး ကျမ်းစာအုပ်အဖြစ် ရိုက်နှိပ်ပြီးစီး၍ ရေစက်ချ အလှူမင်္ဂလာပွဲကို သံဖြ။ူဇရပ်မြို့ သန္တိသုခကျောင်း၌ ဧပြီလ ၃ ရက်တွင် ကျင်းပရာ ဒါယကာ ဒါယိကာမ ၅၀၀ ကျော်တက်ရောက်ကြည်ညို ကြသည်။

ပါဠိပိဋကတ်တော် မွန်ဘာသာပြန်ဆရာတော် အဖွဲ့ကိုဂိုဏ်းသုံးဂိုဏ်းမှ မွန်ဆရာများ ပါဝင်သောအဖွဲ့ဖြင့် ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် သန္တိသုခကျောင်း သံဖြူဇရပ်မြို့၌ စတင်ဖွဲ့စည်းခဲ့ပြီး ကျမ်းပြုလာခဲ့သည်။

ပါဠိပိဋက်တော် မွန်ဘာသာပြန် သုတ္တန္တပိဋကတ် အင်္ဂုတ္တိုရ် ကျမ်းစာအုပ်ကို မွန်ဘာသာရေးအသင်းအဖွဲ့ ၃၈ ဖွဲ့၊ ဆင်ရတနာ၊ မြင်းရတနာ၊ ယာဉ်ရထားနှင့်တကွ ရာဇာဝင်းဒေဝါဝင်း အခင်းအကျင်းများဖြင့် သံဖြူဇရပ်မြို့တွင်း လှည့်လည်ပူဇော်ခံပွဲကို ဧပြီလ (၁ -၂) ရက်နေ့တွင် စည်ကားစွာ ကျင်းပခဲ့သည်ဟု သိရသည်။

“မွန်ဘာသာ ပိဋကတ်ကျမ်းစာအုပ် ယခုလိုပေါ်ထွန်းလာတာဟာ ပျောက်ဆုံးနေတဲ့ပတ္တမြားကို ပြန်လည် ကောက်လိုက်ရသလို ဝမ်းသာပီတိဖြစ်ရတယ်” ဟု ဆရာတော် ဘဒ္ဒန္တ သုနန္ဒ ပါဠိပိဋကတ်တော် မွန်ဘာသာပြန်အဖွဲ့ချုပ် မဟာရင်ကျောင်း သံဖြူဇရပ်မြို့က မိန့်တော်မူသည်။

သုတ္တန္တပါဠိပိဋကတ်တော်ကို မွန်ဘာသာပြန်အဖြစ် ယခင်ကတည်းက ထွက်ပေါ်လာရန် ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးခဲ့ရပြီး မြန်မာဘာသာ၊ ရှမ်းဘာသာများမှာ ပြန်ဆိုထားရှိပြီ ဖြစ်နေသည်။ ယခုလိုတစ်ကျမ်းပြီးစီးသွား၍ ဝမ်းသာပီတိ ဖြစ်ရသည်ဟု ဆရာတော်က ဆက်မိန့်သည်။

“ယခုပြန်ဆိုပြီးသွားသော ပါဠိပိဋကတ်တော် မွန်ဘာသာပြန်ကျမ်းကို ပိဋကတ်ပြန်မွန်စာပေမှာ စံအဖြစ်ထားပြီး မွန်ပရိယတ္တိ စာပေနှင့် ခေတ်မွန်စာပေအတွက် အမှီပြုလေ့လာသင်ကြားသွားဖို့ပဲ” ဟု ဆရာတော်က ဆက်မိန့်သည်။

ပါဠိပိဋကတ်ကျမ်းစာများမှ မွန်ဘာသာသို့ သုံးကျမ်းပြန်ဆိုပြီးစီးသွားသော်လည်း ကျန်နှစ်ကျမ်းကို ကျမ်းတည်းဖြတ်မွန်ဆရာတော်များ တည်းဖြတ်မှုမပြီးသေး၍ တည်းဖြတ်ပြီးစီးသွားပါက ဆက်လက်ရိုက်နှိပ် ထုတ်ဝေသွားမည်ဟု သိရသည်။

ပါဠိပိဋကတ် မွန်ဘာသာပြန်ကျမ်းစာအုပ်အဖြစ်သို့ ရောက်ရှိလာရန် ကျမ်းစာအုပ်အလှူရှင်မှာ မွန်ပြည်နယ် သံဖြူဇရပ်မြို့နေ အလှူရှင် နိုင်ခွေး၊ မိယိမ်းက လှူဒါန်းခဲ့သည်ဟု သိရသည်။

ပိဋကတ်တော် မွန်ဘာသာပြန်ဆိုရန် ကျမ်း (၅) ကျမ်းကို ပြန်ဆိုရန်ရှိပြီး ယခုအခါမှာ အင်္ဂုတ္တိုရ်ကျမ်း ပြီးစီးသွား၍ ပထမအကြိမ်အဖြစ် အုပ်ရေ (၅၀၀) ကို ရိုက်နှိပ်ပြီး ဧပြီလ ၂ ရက်နေ့တွင် ဂိုဏ်းသုံးဂိုဏ်းမှ မွန်ဆရာတော်များကို လှူဒါန်းခဲ့သည်။

၁၉၇၄ ခုနှစ်မှာလည်း တိပိဋကတ်တော် အဘိဓမ္မာယမိုက်ကျမ်းကိုလည်း မော်လမြိုင်မြို့ သင်္ဘ​ောလဲ မွန်ကျောင်းတွင် ကျမ်းပြုမွန်ဆရာတော်ကြီးများ စုပေါင်း၍ မွန်ဘာသာသို့ ပြန်ဆိုပြုစုထားရှိသည်။ ၄င်းကျမ်းသည် မွန်ပရိယတ္တိ စာပေသင်ကြားရေးမှာ မွန်သံဃာတော်များအတွက် အကျိုးများလျှက်ရှိနေသည်။

ဆက်စပ်သတင်း

1 COMMENT

  1. Could you please also publish this news in English version as it is important for use in referencing. အင်္ဂလိပ်လိုလဲ သတင်းရေးသားပေးနိုုင်ပါက အများကြီးအကျိုးရှိပါမည်

    ကျေးဇူးတင်စွာပြင့်

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts