spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် မွန်ပါတီကို ထိုးဖောက်၍ NLD အနိုင်ရ

    မွန်ပြည်နယ်တွင် မွန်ပါတီကို ထိုးဖောက်၍ NLD အနိုင်ရ

    -

    ဂျူရီချိုင်း – ဧပြီ (၁) ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် မွန်တိုင်းရင်းသားများ နေထိုင်သော မော်လမြိုင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကို ထိုးဖောက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိသည်ဟု NLD အောင်နိုင်ရေးအဖွဲ့ဝင်က အတည်ပြုပြောဆိုသည်။

    မော်လမြိုင်မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ(တစည)နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

    ပါတီများ၏ မဲဆွယ်စည်းရုံးရေးကာလတွင် မွန်ပါတီဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် NLD ပါတီအား ဒေသခံများက စိတ်ဝင်စားမှု များခဲ့သည်။ မော်လမြိုင်မြို့ကို ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေး လာရောက်ချိန်က စ၍ မော်လမြိုင်မြို့ပေါ်တွင် နေထိုင်သည့် မွန်လူမျိုးအများစုက NLD ပါတီကို စိတ်ဝင်စားမှု ပိုလာကြောင်း ဒေသခံတို့က ဆိုသည်။

    မော်လမြိုင်မြို့ခံတစ်ဦးက “မွန်ပါတီရှုံးမှန်း သိတယ်။ ကျနော်တော့ ကိုယ့်မွန် ပါတီကိုပဲ ပေးလိုက်တယ်၊ ရှုံးရင်လဲ ရှုံးပေါ့၊ ကိုယ့်မွန်လူမျိုးတွေက ခွပ်ဒေါင်းကိုပဲ စိတ်ဝင်စားနေတယ် ဆိုတော့ ဘာမှလုပ်လို့ မရဘူး” ဟု ပြောသည်။

    NLD ပါတီသည် မွန်ပါတီအား မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခြင်းဖြစ်သည်။

    မော်လမြိုင်မဲဆန္ဒနယ်၌ ခရိုင်ကော်မရှင်က ထုတ်ပြန်သည့်စာရင်းအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က (၇၀၁၄၈၀) မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက (၁၉၆၄၈) မဲ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက (၄၈၂၄)မဲနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက (၂၀၈၂)မဲ ရရှိကြသည်ဟု NLD အောင်နိုင်ရေးအဖွဲ့ဝင်က ပြောသည်။

    “ကျနော်တို့ ပါတီနိုင်ရတာက မွန်လူမျိုးတွေရဲ့ ထောက်ခံမှု တခဲနက်ရရှိတဲ့အတွက် ပြည်သူတွေရဲ့ အောင်မြင်မှုပါ၊ ကျနော်တို့ အဖွဲ့ဝင်လဲ အရမ်းဝမ်းသာနေကြတယ်” ဟု NLD ကိုကြည်ဇော်လွင် က ပြောသည်။

    ဆက်လက်၍ “လွှတ်တော်ထဲ ပါသွားရင် မွန်ဒေသရဲ့ လိုအပ်ချက်ကြည့်မယ် ဒီဒေသမှာ ရပ်ကွက် ကျေးရွာပေါင်း (၄၁) ခုရှိတယ်ဆိုတော့ ပြည်သူတွေ ဘာတွေလိုအပ်လဲ၊ လိုအပ်တာရှိရင် စနစ်တကျ ဆောင်ရွက်သွားဖို့ စီစဉ်ထားတာတွေရှိတယ်” ဟု သူက ဆက်ပြောသည်။

    ပါတီအောင်မြင်မှု ရရှိသွားသည့်အတွက် NLD အောင်နိုင်ရေးအဖွဲ့ဝင်များနှင့် ပြည်သူလူထုနှင့်အတူ မနေ့ညက ရပ်ကွက်အလိုက် ဂုဏ်ပြုမိတ်ဆုံစားပွဲများ ဝမ်းမြောက်ဝမ်းသာဖြင့် အောင်ပွဲခံခဲ့ကြသည်။

    မွန်ပြည်နယ် မော်လမြိုင် မဲဆန္ဒနယ်တွင် မဲပေးနိုင်သည့် မဲရုံ (၁၁၉) ရုံးရှိပြီး မဲပေးနိုင်သူဦးရေ (၁၅၈၀၀၀) ခန့်ရှိသည်။

    ပြည်သူ့လွှတ်တော် မော်လမြိုင် မဲဆန္ဒနယ်မှာ အနိုင်ရရှိခဲ့သည့် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း ဒေါ်ခင်ဌေးကြွယ်မှာ မွန်လူမျိုးဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks