Saturday, March 14, 2026
More
    spot_img
    Homeသတင်းပြည်ခိုင်ဖြိုးမှ ငွေပေးကာ မဲထည့်စေခဲ့သော်လည်း မအောင်မြင်ခဲ့

    ပြည်ခိုင်ဖြိုးမှ ငွေပေးကာ မဲထည့်စေခဲ့သော်လည်း မအောင်မြင်ခဲ့

    -

    ကျလွန်းထော – ယမန်နေ့က ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ မော်လမြိုင်မြို့ပေါ်၌ မဲအရေအတွက်များရသည့် အကြောင်အရင်းကား ပြည်ခိုင်ဖြိုးပါတီက တခြားမြို့နယ်မှ ပါတီဝင်များအား ငွေကြေးပေးကာ မဲထည့်စေခဲ့သည်ဟု သိရသည်။

    ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း ဦးတင်စိုးမိုးနိုင် (ခ) ဦးပီတာ Photo - IMNA
    မော်လမြိုင်မြို့ပေါ်၌ မဲအရေအတွက် ပိုမိုရရှိရန်အတွက် မွန်ပြည်နယ် မော်လမြိုင်မြို့နယ်မှအပ ကျန်ရှိနေသည့် (၉) မြို့နယ်မှ ပြည်သူများနှင့် ပြည်ခိုင်ဖြိုးပါတီဝင်များကို ဝိုင်းဝန်ကူညီရန် ခေါ်ယူခဲ့သည်ဟု ကိုယ်တိုင်ပါဝင်ခဲ့သူ သံဖြူဇရပ်မြို့ခံ တစ်ဦးက ပြောသည်။

    “တမြို့နယ်ဆိုရင် အယောက် (၁၀၀) ဦးလောက်ရှိမယ်၊ မဲရုံးအသီးသီးကို ဝိုင်းကူဖို့ရယ်၊ ပြီးတော့ လူရှင်းရင် မဲခြစ်ပေးဖို့” ဟု ၄င်းက ပြောသည်။

    ကြားဖြတ် ရွေးကောက်ပွဲမတိုင်ခင် မတ်လ (၃၀) ရက်နေ့၌ မြို့နယ်အသီးသီးဖြစ်သည့် ကျိုက်ထို၊ ဘီလင်း၊ သထုံ၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ချောင်းဆုံမြို့နယ်မှ ဒေသခံများကို ခေါ်ခဲ့ပြီး မော်လမြိုင်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းတွင် တည်းစေခဲ့ကြောင်း သိရသည်။

    ရွေးကောက်ပွဲနေ့တွင် ပြည်ခိုင်ဖြိုးပါတီမှ ခေါ်ထားသော ပါတီဝင်များက မဲရုံတစ်ရုံးလျှင် (၄/၅) ဦး ဖြင့် လာရောက် မဲထည့်သူများအား ကူညီသယောင်ဖြင့် ကိုယ်တိုင်မဲခြစ်ရန် ကြိုပမ်းခဲ့သည်ဟု အမျိုးသားဒီမိုကရေစီပါတီ NLD မှ ပြန်ကြားရေးတာဝန်ခံ ဦးကိုကိုဇော်က ပြောသည်။

    “သူတို့ လွှတ်ထားတဲ့လူတွေ မဲထည့်ဖို့ ကြိုးစားကြတယ်၊ အချို့နေရာမှာတော့ လွတ်သွားတယ်၊ အချို့နေရာကျတော့ မဲရုံးမှုးတွေ အော်လိုက်တာလည်းရှိတယ်” ဟု ဦးကိုကိုဇော်က ပြောသည်။

    မုဒုံမြို့နယ် ကွေ့ဝမ်ရွာခံတစ်ဦးက “ကျနော်တို့ရွာ အယောက် (၂၀) လောက် ဝိုင်းကူဖို့ ဆိုပြီးတော့ ကြံ့ဖွတ်ပါတီက လာကြိုသွားခဲ့တယ်၊ အဲဒီလိုသွားတဲ့ခ တစ်ယောက်ကို (၃၀၀၀) ကျပ် သူတို့ပေးတယ်” ဟု ပြောသည်။

    မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကျေးရွာရှိ မွန်ဒေသလုံးဆိုင်ရာ ပါတီဝင်တစ်ဦးက “ရွာတိုင်းက သူတို့ပါတီဝင်တွေ သွားကြတယ်၊ ကျနော်တို့ရွာက ၂ ယောက်သွားတယ်၊ သူတို့ပါတီက သွားရင် သွားသလို ငွေရတယ်” ဟု ပြောသည်။

    ထိုသို့ ပြည်ခိုင်ဖြိုးပါတီမှ မော်လမြိုင်မြို့နယ်၌ မဲအရေတွက်များရန်အတွက် အဖက်ဖက်မှ ကြိုပမ်းခဲ့သော်လည်း အမျိုးသားဒီမိုကရေစီပါတီ NLD က မဲအရေအတွက် အများဆုံး ရရှိခဲ့သည်။

    မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် NLD ပါတီမှ မဲအရေအတွက် (၇၁၄၈၀)၊ ပြည်ခိုင်ဖြိုးပါတီမှ (၁၉၆၄၈)၊ မွန်ဒေသလုံးဆိုင်ရာပါတီမှ (၄၈၂၄)၊ တစည ပါတီမှ (၂၀၈၂) ဖြင့် NLD ပါတီမှ မဲအရေအတွက် အများဆုံးရရှိခဲ့ကြောင်း မော်လမြိုင်မြို့ NLD ပါတီရုံး၏ စာရင်းအရ သိရှိရသည်။

    မော်လမြိုင်မြို့ပေါ်တွင် စုစုပေါင်း မဲထည့်နိုင်သည့်လူဦးရေ (၁၅၈၃၂၁) ဦး ရှိပြီး လာရောက်မဲပေးသူ (၉၈၀၃၄) ဦးသာ ရှိကြောင်း NLD ပါတီရုံးမှ ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks