spot_img
Monday, July 14, 2025
More
    spot_img
    Homeသတင်းထိုင်းမြန်မာနယ်စပ် ဘုရားသုံဆူမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှအောင်နိုင်ရေးအတွက် ဆုတောင်းပွဲကျင်းပ

    ထိုင်းမြန်မာနယ်စပ် ဘုရားသုံဆူမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှအောင်နိုင်ရေးအတွက် ဆုတောင်းပွဲကျင်းပ

    -

    မင်းတော်လဝီ – ယနေ့ကျင်းပလျှက်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးအတွက် ဆုတောင်းပွဲတရပ်ကို ယနေ့နံနက်ရနာရီခွဲအချိန်တွင် ဘုရားသုံးဆူမြို့ ဓမ္မဟေဝန်ဘုန်းကြီးကျောင်းရှိ စေတီတွင်ကျင်းပကြောင်း သိရသည်။

    ယနေ့ကျင်းပသည့် ဆုတောင်းမေတ္တာပို့ပွဲအခမ်းအနားအတွက် ဘုရားသုံးဆူမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် ရဲတပ်ဖွဲ့တို့မှ ကြိုတင်ခွင့်ပြုချက် ရရှိပြီးမှ ပြုလုပ်ရသည်။

    “ဘုန်းတော်ကြီးသုံးပါးကိုပင့်ပြီး သီလယူတယ်၊ ပရိတ်တရားနာပြီး ရေစက်ချ အမျှဝေပြီး သံဃာတော်များကို လှူဘွယ်ပစ္စည်း ဆက်ကပ်် လှူဒါန်းတယ်” ဟု ဦးသန်းလွင် မြို့နယ်ဥက္ကဌ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဘုရားသုံးဆူမြို့က ပြောသည်။

    “နောက်ပြီး ယနေ့ကျင်းပနေတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အောင်နိုင်ပါစေ၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ အသက်ရာကျော်ရှည်ပါစေ၊ ပြည်သူများ ကျန်းမာချမ်းသာကြပါစေလို့ ကျနော်က ပါတီဝင်တွေကို တိုင်ပေးပြီး အဖွဲ့ဝင်တွေက လိုက်ဆိုဆုတောင်း မေတ္တာပို့ကြပြီး ရွှေမိုးငွေမိုးရွာတယ်”ဟု မြို့နယ်ဥက္ကဌ ဦးသန်းလွင်က ပြောသည်။

    ထို့ အပြင် ဆုတောင်းပွဲအခမ်းအနားပိတ်ပွဲကို ကျင်းပသည့်အခါ မြို့နယ်ဥက္ကဌဦးသန်းလွင်ကပဲ ဒေါ်အောင်ဆန်းစု ကြည်ကျန်းမာပါစေ၊ အမျိုးသားဒီမိုကရေစီအောင်ရမည်၊ နိုင်ရမည် တိုင်ပေးပြီးပါတီဝင်များက သံပြိုင်ကြွေးကျော် သံဖြင့် ကြွေးကြော်ပြီး ရွှေမိုးငွေမိုး ရွာချသည်ဟု ပြောသည်။

    ပါတီဝင်များသည် ယနေ့ မြန်မာနိုင်ငံ၏ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနေသည့်နေ့ အထိမ်းအမှတ်အတွက် ဘုန်းကြီးကျောင်းဝင်းတွင်းရှိ် အသစ်တည်ထားကိုးကွယ်မည့်စေတီတော်ကို အုတ်၊သဲ သယ်ခြင်းလုပ်အား ဒါနကို တနေ့တာလုံး ပြုလုပ်သည့်အပြင် ဝတ္ထုငွေ ဘတ် သုံးသောင်းအပါအဝင် လှူဒါန်းကြသည်ဟု ပါတီအဖွဲ့ဝင် တဦးက ပြောသည်။

    ဘုရားသံးဆူမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဆိုင်းဘုတ်တင်ပွဲနှင့် ရုံးဖွင့်ပွဲ အခမ်းအနားကို ပြီးခဲ့သည့် ဖေဖေါ်ဝရီလ ၂၆ ရက်စတင်ဖွင့်လှစ်ခဲ့ပြီး ရုံးစတင်ဖွင့်လှစ်စဉ်က ဘုရားသုံးဆူမြို့နယ်တွင်ပါတီ အင်အား ၂၅၀ ရှိသည်ဟု သိရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,700SubscribersSubscribe
    spot_img

    Latest posts