spot_img
Thursday, May 22, 2025
More
    spot_img
    Homeသတင်းကြိုတင်မဲအတွက် မွန်ပါတီ အချိန်ကိုက်လှုပ်ရှား

    ကြိုတင်မဲအတွက် မွန်ပါတီ အချိန်ကိုက်လှုပ်ရှား

    -

    ဂျူရီချိုင်း – ယနေ့ မှစ၍ ကြိုတင်မဲထည့်ခွင့်ရမည် ဖြစ်၍ ကြိုတင်မဲပေးခွင့်ရှိသည့်သူများအား မနေ့ ညကတည်းက လှုံ့ဆော်တိုက်တွန်းသွားမည်ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက ဆိုသည်။

    “ကြိုတင် မဲစည်းရုံးဖို့ ကျွန်တော်တို့ ဒီနေ့ ညပိုင်းမှာ စဆင်းတော့မယ်၊ ညဆိုလဲသွားရမှာပဲ ဘာဖြစ်လို့လဲ ဆိုတော့ အချိန်လဲမရှိတော့ဘူး” ဟု မွန်ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးဥက္ကဌ နိုင်အောင်ချမ်းက မနေ့ က မွန်သတင်းအေဂျင်စီကို ပြောကြားပါသည်။

    မွန်ပါတီသည် မနေ့ ညနေ ခြောက်နာရီက အချိန်ကစပြီး မော်လမြိုင်မြို့ပေါ်ရှိ မွန်လူမျိုးများနေထိုင်ရာ ရပ်ကွက်များသို့ အဓိကရွေးချယ်၍ ကြိုတင်မဲပေးရေးတွက် စည်းရုံးနေပါသည်။

    ရွေးကောက်ပွဲကော်မရှင်က ကြိုတင်မဲကောက်ခံရာတွင် ယှဉ်ပြိုင်မည့် ပါတီကိုယ်စားလှယ်နှစ်ဦးက လိုက်ပါခွင့်ရမည်ဖြစ်သော်လည်း ယင်းကိုယ်စားလှယ်များက ကြိုတင်မဲ ကောက်မည့်အိမ်ပေါ်သို့ တက်ခွင့်ရမည် မဟုတ်ပဲ အိမ်ပြင်၌သာ စောင့်ကြည့်ခွင့်ရမည်ဟု ကော်မရှင်ဥက္ကဌက စည်းကမ်းသတ်မှတ်ထားကြောင်း နိုင်အောင်ချမ်းက ဆိုသည်။

    တစ်နိုင်ငံလုံးအတိုင်းအတာအရ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်မဲများကို ယခုလ (၃၀) နှင့် (၃၁) ရက်နေ့ များတွင် ပေးနိုင်မည်ဟု မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စား လှယ်လောင်းများကို ပြောကြားထားသည်။

    သို့သော် မဲဆန္ဒနယ်အတွင်းရှိ ရပ်ကွက်အချို့က ခရီးသွားရန်အစီအစဉ်ရှိသူများအနေဖြင့် အဆိုပါ ရက်များ မတိုင်မီ တစ်ရက်ကြို၍ (ယနေ့တွင်) ကြိုတင်မဲထည့်ရန် စီစဉ်သော်လည်း ကော်မရှင်က လက်မခံခဲ့ဘဲ သတ်မှတ်နေ့ရောက်မှသာ မဲထည့်ကြရန် ကော်မရှင် ဥက္ကဌက ညွန်ကြားထားခြင်း ဖြစ်သည်။

    ကြိုတင်မဲကို မဲရုံသို့ လာရောက်နိုင်ခြင်း မရှိသူများ အထူးသဖြင့် တစ်ခြားဒေသ၌ သွားရောက် တာဝန်ထမ်းဆောင်နေကြရမည့် စစ်သားများ၊ ရဲသား၊ အစိုးရဝန်ထမ်းများ၊ ရောဂါကြောင့် အိပ်ယာလဲနေသူများ၊ မီးဖွားနေသူများနှင့် သက်ကြီးရွယ်အိုများအား ကော်မရှင်နှင့် ကျေးရွာ၊ ရပ်ကွက်လူကြီးထံတွင် ရွေးကောက်ပွဲနေ့ မတိုင်ခင် မဲပေးနိုင်မည် ဖြစ်သည်။

    မွန်ပြည်နယ် မော်လမြိုင် မဲဆန္ဒနယ်တွင် လစ်လပ်နေသော ပြည်သူ့လွှတ်တော်တစ်နေရာအတွက် မဲရုံ (၁၁၉) ရုံ ထားရှိပြီး မဲပေးနိုင်သူဦးရေ တစ်သိန်းခြောက်သောင်းကျော်ရှိသည်။

    မော်လမြိုင်မြို့ရှိ ပြည်သူ့လွှတ်တော်လစ်လပ်မဲဆန္ဒနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ မွန်ဒေသလုံး ဆိုင်ရာဒီမိုကရေစီပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    34,600SubscribersSubscribe
    spot_img

    Latest posts