spot_img
Monday, July 14, 2025
More
    spot_img
    Homeသတင်းနှစ်ကျွန်းပြန်ပဒိုမန်းငြိမ်းမောင် မဲဆောက်သို့ရောက်ပြီ

    နှစ်ကျွန်းပြန်ပဒိုမန်းငြိမ်းမောင် မဲဆောက်သို့ရောက်ပြီ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – တစ်ဘဝတွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှစ်ခါစီရင်ခံရပြီး ပြန်လည်လွတ်မြောက်လာသော ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင် တစ်ဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်သည် မြန်မာအစိုးရအစီအစဉ်ဖြင့် နေပြည်တော်မှတဆင့် ထိုင်းမြန်မာနယ်စပ်-မဲဆောက်မြို့သို့ ယနေ့နေ့လည်ပိုင်းတွင် ရောက်ရှိလာသည်။

    “မီးရထားဝန်ကြီးဦးအောင်မင်းနဲ့အဖွဲ့ လိုက်ပို့တယ်၊ ကေအဲန်ယူအရာရှိအချို့နဲ့လည်းတွေ့ဆုံခဲ့ကြတယ်” ဟု မြဝတီအခြေစိုက် အမည်မဖေါ်လိုသော မြန်မာအရာရှိတစ်ဦးက ပြောသည်။

    ဗဒိုမန်းငြိမ်းမောင်(Photo-Internet)
    ပဒိုမန်းငြိမ်းမောင်သည် နိုင်ငံတော်ကို စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်မှု ပုဒ်မ ၁၂၂/၁ အရ ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ အရထောင်ဒဏ် ၃ နှစ်တို့ဖြင့် အင်းစိန် အထူးတရားရုံးက လွန်ခဲ့သည့်မတ်လ ၁၃ ရက်နေ့တွင် စီရင်ချက်ချထားခံခဲ့ခြင်းဖြစ်သည်။

    ထို့နောက် နိုင်ငံတော်သမ္မတ၏ လွပ်ငြိမ်းချမ်းသာခွင့်အရ မတ်လ ၁၈ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်ခွင့်ရရှိခဲ့ပြီး ပဒိုမန်းငြိမ်းမောင်သည် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ အထူးဧည့်သည်တော်အဖြစ် နေပြည်တော်သို့ သွားရောက်ခဲ့သည်။

    ပဒို မန်းငြိမ်းမောင်သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက တရုတ်ပြည်ကူမင်းလေဆိပ်မှတဆင့် မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ခံရပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ တရားမဝင် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရားအသင်း ဆက်သွယ်မှုများဖြင့် ဖမ်းဆီးအရေးယူခံခဲ့ရသည်။

    “သူအသက် ရ၀ ရှိပြီ၊ နည်းနည်းတော့ပိန်သွားသလိုလိုပဲ၊ ဒါပေမယ့် စိတ်ဓါတ်ကြံ့ခိုင်နေပုံပေါ်တယ်” ဟု ဗဒိုမန်းငြိမ်းမောင်နှင့် မြဝတီမြို့၌ ယနေ့နှုတ်ဆက်ခဲ့သူ၏မိတ်ဆွေတစ်ဦးက ပြောသည်။

    ပဒိုမန်းငြိမ်းမောင်သည် KNU ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည့်အပြင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ကော်မတီဝင်တဦးလည်းဖြစ်သည်။

    ၁၉၆၇ တွင် ကရင်လူငယ်ခေါင်းဆောင်တဦးဖြစ်သော ပဒိုမန်းငြိမ်းမောင်ဖမ်းဆီးခြင်းခံရပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံရကာ ကိုကိုးကျွန်းအကျဉ်းစခန်းသို့ ပို့ဆောင်ခြင်းခံရသည်။

    ထို့နောက် ပဒိုမန်းငြိမ်းမောင်သည် အတူအကျဉ်းကျခံနေရသူ ကရင်လူငယ်အဖွဲ့မှမန်းအောင်ကြည်၊ အထက်တန်းပြဆရာကိုအောင်ငွေ တို့နှင့်အတူ ပင်လယ်ပြင် မိုင်ပေါင်း ၂၀၀ ကျော်ခရီးကိုဖြတ်ပြီး မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းသို့ ရောက်ရှိလွတ်မြောက်လာခဲ့သည်။

    ယခုအကြိမ်ဗဒိုမန်းငြိမ်းမောင်လွတ်မြောက်ရေးကိစ္စမှာ ကေအဲန်ယူနှင့်မြန်မာအစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလက်ဆောင်ဟု နိုင်ငံရေးသမားက ရှုမြင်နေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,700SubscribersSubscribe
    spot_img

    Latest posts