spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းငြိမ်းချမ်းရေးအတွက်ကြိုးပမ်းလျှက်ရှိကြောင်း PNLO ကြေညာချက်ထုတ်ပြန်

    ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းလျှက်ရှိကြောင်း PNLO ကြေညာချက်ထုတ်ပြန်

    -

    ခတ္တာနွန် – ယနေ့တပေါင်းလပြည့်နေ့တွင်ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့ ထုတ်ပြန်ကြေငြာချက်အရ (PNLO) ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်မှ တပြည်လုံးအတိုင်းအာတာဖြင့် အပစ်အခတ်ရပ်စဲရေးမှတဆင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးနှင့် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းလျှက်ရှိကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

    ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးခွန်မြင့်ထွန်းက “ပထမဆုံးအနေနဲ့ တပြည်လုံးအတိုင်းအတာအနေနဲ့ အပစ်အခတ်ရပ်စဲရေးကို တရားဝင် ကြေညာပေးဖို့၊ နောက်တစ်ခုက တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးလုပ်ပြီး ရက်ပေါင်း ၆၀ အတွင်းမှာပြည်ထောင်စုအစိုးရနဲ့ တိုင်းရင်းသားအင်းအားစုနဲ့တွေ့ဖို့ အဲဒီကမှ တဆင့် နိုင်ငံရေးအင်းအားစုတွေ အားလုံးပါတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ အတွက်ကို တောင်းဆိုထားပါတယ်” ဟု ပြောသည်။

    ယနေ့ကျင်းပသော ပအိုဝ်းအမျိုးသားနေ့မှတ်တမ်းပုံ( Photo- PNLO)
    လွန်ခဲ့သည့်လပိုင်းတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့နှင့် ပြည်တောင်စု ငြိမ်းချမ်းရေးအဖွဲ့ကိုယ်စားလှယ်တို့ နှစ်ကြိမ်အလွတ်သဘောတွေ့ဆုံခဲ့ကြောင်း သိရသည်။

    ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့အနေဖြင့် လာမည့် ဧပြီလတွင် ပြည်တောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ထပ်မံတွေ့ဆုံမည်ဟု ဦးခွန်မြင့်ထွန်းက ပြောသည်။

    “တိုင်းရင်းသားအဖွဲ့အစည်းတွေထဲက အပစ်ရပ်လက်မှတ်ထိုးပြီးတဲ့အဖွဲ့တွေရော လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေရော အားလုံးရဲ့ ရည်မှန်းချက်ကတော့ အပစ်အခတ်ရပ်စဲရေးဆိုတာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုဖြစ်တယ်ဆိုတာ အားလုံးမှာက ရည်မှန်းချက်တူညီကြပါတယ်၊ အဓိက ကတော့ နိုင်ငံရေးအရ ပြဿနာကိုဖြေရှင်းနိုင်မှုကို်ပဲ အားလုံးက ဦးတည်နေကြတာပါ၊ ဒါကြောင့် အပစ်ရပ်သည်ဖြစ်စေ မရပ်သည်ဖြစ်စေ နိုင်ငံရေးအရ တွေ့ဆုံးဆွေးနွေးမှုကို ဦးတည်သွားကြမယ်လို့ ကျနော်ယုံကြည်ပါတယ်” ဟု ဦးခွန်မြင့်ထွန်း ပြောသည်။

    ယနေ့တပေါင်းလပြည့် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားတွင်းလည်း ပြည်တောင်စု ငြိမ်းချမ်းရေး တည်ဆောက်မှုအတွင်း အမျိုးသား လုပ်ငန်းစဉ်များကို အဖွဲ့ချုပ်နှင့်အတူ ပအိုဝ်းတမျိုးသားလုံး တက်တက်ကြွကြွပူးပေါင်းပါဝင်ရန်အတွက် တိုက်တွန်းထားကြောင်း ပါရှိသည်။

    ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်၏ လွတ်မြောက်နယ်မြေ ဖြစ်သည့် လေဗွာစခန်းတွင်းကျပပြီး အခမ်းအနားတွင် PNLO ခေါင်းဆောင်များ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်သားများ၊ ကျေးရွာကိုယ်စားလှယ်များ၊ WNO ဝအမျိုးသားအဖွဲ့မှ ဖိတ်ကြားထားသည့် တာဝန်ရှိသူများ၊ RCSS/SSA မှ ဖိတ်ကြားထားသည့် တာဝန်ရှိသူများ နှင့် ကယန်းပြည်သစ်ပါတီမှ တာဝန်ရှိသူများ တက်ရောက်ကြောင်းသိရသည်။

    ပအိုဝ်းအမျိုးသားနေ့ကို လေဗွာစခန်းအပြင်၊ ထိုင်းနိုင်ငံ၊ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများ၊ နိုင်ငံတကာရှိ ပအိုဝ်းတိုင်းရင်းသားများရှိသည့် နေရာအသီးသီးနှင့် ပြည်တွင်း၌ တောင်ကြီးမြို့တွင် ပအိုဝ်းအမျိုးသား ပွဲတော်အနေဖြစ်သာ ကျင်ပကြကြောင်းသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks