Saturday, March 14, 2026
More
    spot_img
    Homeသတင်းကြားဖြတ်ရွေးကောက်ပွဲပြီးမှ ပါတီမှတ်ပုံတင်မည်

    ကြားဖြတ်ရွေးကောက်ပွဲပြီးမှ ပါတီမှတ်ပုံတင်မည်

    -

    ဧပြီလတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲပြီးမှသာလျှင် ပါတီမှတ်ပုံတင်မည့်ကိစ္စ စတင်လုပ်ဆောင်သွားမည်ဟု မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF က ပြောသည်။

    “ကြားဖြတ်ရွေးကောက်ပြီးမှပဲ ပါတီမှတ်ပုံတင်ဖို့ကိစ္စ လုပ်သွားမယ်၊ ဒီလာမယ့်ကြားဖြတ်ရွေးကောက်ကလဲ တရားမျှတမှုရှိ မရှိဆိုတာ ကြည့်ရအုံးမယ်” ဟု မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဒုဥက္ကဋ္ဌ ၂ နိုင်တင်အောင်က ပြောသည်။

    မွန်အမျိုးသားဒီမိုကရေစီအဖွဲ့သည် မိမိတို့ပါတီပိုမိုခိုင်မာလာအောင် ပါတီပြန်လည်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ပါတီအင်အားတောင့်တင်းမှုရှိလာအောင် စွမ်းဆောင်လျက်ရှိနေသည်။

    မွန်အမျိုးသားဒီမိုကရေစီအဖွဲ့သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအပြီး ဖျက်သိမ်းခံထားရသည့်ပါတီဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံသည့်အတွက် ၂၀၁၀ ရွေးကောက်ပွဲကို ဝင်မပြိုင်ပဲ ကန့်ကွက်ခဲ့သည်။

    ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပြင်ဆင်ပေးပြီးနောက် NLD ပါတီက မှတ်ပုံတင်မည်ဟု ဆုံးဖြတ်ခဲ့သော်လည်း မွန်အမျိုးသားဒီကရေစီအဖွဲ့အပါအဝင် ကျန်တိုင်းရင်းသားနိုင်ငံရေးပါတီတို့က ဦးခွန်ထွန်းဦးနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး မလွှတ်ပေးသေးပဲ ရွေးကောက်ပွဲဝင်မည်မဟုတ်ကြောင်း တညီတညွတ်ဆုံးဖြတ်ခဲ့ကြသည်။

    မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် MNDF က ဇန်နဝါရီ ၁၃ ရက်နေ့တွင် ဦးခွန်ထွန်းဦး အပါအဝင် နိုင်ငံရေး အကျဉ်းသားများ ပြန်လွတ်လာပြီးနောက် ပါတီမှတ်ပုံတင်ခြင်းကိစ္စကို စဉ်းစားလာသည်။ ထိုအတူ တခြားသော ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ALD နှင့် ဇိုမီး အမျိုးသား ကွန်ကရက် ZNC စသည့် တိုင်းရင်းသားပါတီတို့လည်း ပါတီမှတ်ပုံတင်ရန် ဆုံးဖြတ်လာကြသည်။

    သို့သော် လာမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်မဟုတ်ကြောင်း ပါတီခေါင်းဆောင်များက ပြောသည်။

    မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ကို ၁၉၈၈ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁၉ ဦး ဝင်ပြိုင်ခဲ့ရာ ၅ နေရာ အနိုင်ရရှိထားသည့် ပါတီဖြစ်သည်။

    MNDF သည် NLD ပါတီအပါအဝင် တိုင်းရင်းသားပါတီတချို့့နှင့် ပူးပေါင်းပြီး ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP နှင့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးစုများ မဟာမိတ်အဖွဲ့ UNA တို့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်လျက် ရှိသည်။

MNDF ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့၌ စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉ဝ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၅ နေရာအနိုင်ရခဲ့သည်။

    ထိုစဉ်က စစ်အစိုးရက ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရန် ငြင်းပယ်ခဲ့ပြီးနောက် ၁၉၉၁ ခုနှစ်တွင် ပါတီခေါင်းဆောင်များ ဖမ်းဆီးခံရကာ မွန်ပြည်နယ်နေ့ ဖြစ်သည့် ၁၉၉၂ မတ်လ ၁၉ ရက်နေ့တွင် ပါတီ ဖျက်သိမ်းခြင်းခံရလေသည်။ 


    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks