Homeသတင်းအရန်ဆန်အတွက် ဆန်စပါးလုပ်ငန်းအသင်းမှ မွန်ပြည်နယ်တွင် စပါးဝယ်မည်

အရန်ဆန်အတွက် ဆန်စပါးလုပ်ငန်းအသင်းမှ မွန်ပြည်နယ်တွင် စပါးဝယ်မည်

-

မင်းတော်လဝီ – ဆန်စပါးလုပ်ငန်းအသင်းမှအသင်းဝင်များ၊ ဆန်စက်ပိုင်ရှင်များ၊ ဆန်စပါးကုန်သည်များပါဝင်သော အရန်ဆန် ဝယ်ယူရေးကော်မတီမှ မွန်ပြည်နယ်ရှိ မြို့နယ်အသီးသီးမှ ထွက်သည့်စပါးများဝယ်ယူမည်ဟု သိရသည်။

စပါးစိုက်တောင်သူများ၏အကျိုးစီးပွားကိုဖော်ဆောင်ပေးနိုင်ရေး၊ ထုတ်လုပ်သူတွက်ခြေကိုက် သည့်စပါးစျေးနှုန်းဖြစ်ပေါ်လာစေရေးနှင့် နိုင်ငံတော်အရန်ဆန်အဖြစ်ထားရှိရေးတို့အတွက် အရန်ဆန်ဝယ်ရခြင်းဖြစ်သည်။

“ကော်မတီထဲက အသင်း ၃ သင်းပါဝင်ပေမယ့် တကယ်တမ်း ဝယ်မယ့်အသင်းက ဆန်စပါးလုပ်ငန်းအသင်းပဲ ဆန်စပါးများကို ဝယ်ယူသွားမှာ ဖြစ်တယ်” ဟု မွန်ပြည်နယ် မြန်မာ့လယ်ယာကုန်ပစ္စည်းရောင်းဝယ်ရေးမှ တာဝန်ရှိဝန်ထမ်းတဦးက ပြောသည်။

အခြေခံအားဖြင့် ၂၅ ရာနှုန်း ဆန်ကြိတ်ခွဲရရှိနိုင်သည့် ၄၆ ပေါင်ကိုက် ဧည့်မထစပါး တတင်းကို ကျပ် ၃၀၀၀ ထက်မနည်းသည့်စျေးနှုန်းနှင့် တောင်သူများထံမှဝယ်ယူမှာဖြစ်သည်ဟု အထက်ပါဝန်ထမ်းကဆက် ပြောသည်။

“ယခုရက်ပိုင်းအတွင်းမှာ စပါးသိုလှောင်ချိန်လည်းဖြစ် နောက်ပြီး ကုန်သည်လေးတွေ လည်းတနိုင်တပိုင်စပါးစဝယ်လာကြတယ်။ စပါးစျေးတောင်နည်းနည်းတက်လာတယ်” ဟုမုဒုံမြို့နယ်ကမာဝက်ရွာ က စပါးကုန်သည်တဦးကအပြာသည်။

ယခုအခါ နိုင်ငံတော်အရန်ဆန်ကို ဆန်ကုန်သည်များအသင်းက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သတ်မှတ်စျေး တတင်း ကျပ် ၃၀၀၀ ဖြင့် မွန်ပြည်နယ်တွင် ဝယ်ယူသွားမည်ဟုကော်မတီက သတ်မှတ်ထားသည်။

“စပါးစျေးကို ယခုလိုသတ်မှတ်ရတာဟာ ပြည်ပဆန်စျေးအခြေအနေအရနဲ့ တချို့ဒေသမှာ စပါးစျေးက တတင်းကို ၃၀၀၀ ကျော်ရှိနေသလို တချို့နေရာတွေမှာတော့ ၃၀၀၀ အောက်ဖြစ်နေတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အခုလို ၃၀၀၀ ထက် မပိုတဲ့စျေးကို သတ်မှတ်တာဖြစ်တယ်” ဟု အရန်ဆန် ဝယ်ယူရေးကော်မတီမှ အဖွဲ့ဝင်တဦးက ပြောသည်။

အရန်ဆန်ဝယ်ယူရေးကော်မတီကိုပြည်နယ်၊ တိုင်းဒေသကြီးအဆင့်၊မြို့နယ်အဆင့်ဖွဲ့စည်းထားပြီး မွန်ပြည်နယ်ရှိမြိ့နယ်များမှ မြို့နယ် တမြို့ နယ်ကို အဖွဲ့ဝင် ရ ဦီး၊ မွန်ပြည်နယ်အရန်ဆန်ဝယ်ယူရေး ကော်မတီကို ကော်မတီဝင် ၁၁ ဦးနှင့် ဖွဲ့စည်းထားသည်။

နိုင်ငံတော်အရန်ဆန်ဝယ်ယူရေးအတွက် မွန်ပြည်နယ်ဆန်စပါးလုပ်ငန်းအသင်း အစည်းအဝေးကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မွန်ပြည်နယ် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးဌာနရှိ (TPIS) ခန်းမတွင် ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts