Homeသတင်းဇင်းကျိုက်ရွာမီးလောင် အိမ်ခြေတရာကျော်ပျက်စီး

ဇင်းကျိုက်ရွာမီးလောင် အိမ်ခြေတရာကျော်ပျက်စီး

-

မင်းသုတ– မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်ရွာ၌ ဒီဇင်ဘာ ၂၅ ရက်နေ့ ည ၁၁ နာရီကျော်တွင် မီးလောင်မှုတခုဖြစ်ပွားရာ အိမ်ခြေတရာကျော် ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

ဇင်းကျိုက်ရွာ၏ မီးရထားလမ်းတဘက်တချက်ရှိ အရှေ့ဘက်ချမ်းနှင့် အနောက်ဘက်ချမ်းရပ်ကွက်မှ အိမ်ခြေများ လောင်ကျွမ်းသွားကြောင်း သိရသည်။

“ဝါယာရှော့ခ် (shock) ဖြစ်ရာကနေ လောင်တယ်လို့တော့ ပြောနေကြတာပဲ၊ ရထားလမ်းဘေးက အိမ်ခြေ ၁၂၁ လုံးလောက် မီးထဲအကုန်ပါသွားတယ်” ဟု ဇင်းကျိုက်ဒေသခံ နိုင်ဖေသန်းက ပြောသည်။

လျှပ်စစ်ဝါယာကြိုးရှော့ခ်ဖြစ်ရာမှ စတင်လောင်ကျွမ်းသည်ဟု ပြောဆိုနေကြတာရှိသလို ပေါ့ဆမီးကြောင့် လောင်ကျွမ်းသွားသည်ဟုလည်း ဒေသခံများ အမျိုးမျိုး ပြောဆိုနေကြသည်။

မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ အနီးရှိ သထုံမြို့နှင့် ပေါင်မြို့မှ မီးသတ်ကားများ အချိန်မီ လာရောက်မငြိမ်းသတ်နိုင်ကြောင်း ဒေသခံတဦးက ပြောသည်။

မွန်ပြည်နယ် ဝန်ကြီး ဒေါက်တာမင်းနွယ်စိုးလည်း ထိုမီးလောင်ထားသည့်နေရာသို့ ရောက်ရှိသွားပြီး အကူအညီပေးရန်အတွက် မီးဘေးသင့်ထားသူများစာရင်းကို လိုက်လံကောက်ခံနေကြောင်းလည်း သိရသည်။

“လေပြင်းတွေကလည်းတိုက်နေတော့ အချိန်အနည်းငယ်အတွင်းမှာပဲ မီးက တခါတည်းကူးစက်သွားတာပဲ” ဟု မွန်ဒေသလူမှုဖွံဖြိုးရေးကွန်ယက် Mon State Development Networking(MSDN) မှ ကိုမင်းမင်းနွယ်က ပြောသည်။

ဇင်းကျိုက်ရွာသည် ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီးပေါ်တွင်တည်ရှိပြီး ဇင်းကျိုက်တောင်ရေတံခွန်မှ အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ရေအားလျှပ်စစ်စီမံကိန်းဖြင့် မီတာအလုံး ၅ဝဝဝ ကို မီးပေးဝေနေသည်။

ယခုအခါ ဇင်းကျိုက်တောင်ရေတံခွန်ကို ခရီးသွားများပိုမိုစိတ်ဝင်စားလာကြပြီး မွန်ပြည်နယ်တွင်ဧည့်သည်ခရီးသွားများဖြင့် စည်ကားလျှက်ရှိသည်။

ဆက်စပ်သတင်း

1 COMMENT

  1. ဒီနေ့ မနံက် ၆ နာရီ ပေါင်မြိုပနယ် မုနိုင်ကျေးရှာမှာ မီးလောင်မှု ဖြစ်ပွား အိမ်ခြေ ၉လုံး မီးစလောင်တဲ့အိမ်မှ ကလေးငယ် နှစ်ဦး မီးထဲပါသွား

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts