spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားနေ့ကို ဝန်ကြီးချုပ်ဦးအုန်းမြင့် ကြိုဆို

    မွန်အမျိုးသားနေ့ကို ဝန်ကြီးချုပ်ဦးအုန်းမြင့် ကြိုဆို

    -

    လွတ်လပ်သော မွန်သတင်အေဂျင်စီ – မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့်နှင့် မွန်အမျိုးသားနေ့ကျင်းပရေး (ဗဟို)ကော်မတီဝင်တို့ ယခုလ(၂၃) ရက်နေ့၌ မော်လမြိုင်မြို့တွင် တွေ့ဆုံခဲ့ကြရာ စည်းလုံးစွာ မွန်အမျိုးသားနေ့ကျင်းပခြင်းအပေါ် ဂုဏ်ယူကြိုဆိုကြောင်း ဝန်ကြီးချုပ်က ပြောသည်။

    “မွန်အမျိုးသားနေ့ ကျင်းပရေးနဲ့ ပတ်သက်ပြီးတော့ ထွေထွေထူးထူးပြောတာတော့မရှိဘူး သူ့အနေနဲ့ ကြိုဆိုတယ်၊ အားလည်း အားပေးတယ်၊ ချင်းပြည်နယ်ဝန်ကြီးချုပ်လို ချင်းအမျိုးသားနေ့ကိုမဆန့်ကျင်ပါဘူး လို့ပြောသွားတယ်” ဟု (၆၅) ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ(ဗဟို)ဒုဥက္ကဌ ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    ယင်းတွေ့ဆုံပွဲတွင် မွန်အမျိုးသားနေ့ ကျင်းပရေး ဗဟိုကော်မတီမှ ဒေါက်တာ မင်းကြည်ဝင်း၊ ဒေါက်တာမင်းစိုးလင်း၊ နိုင်ပန်းအောင်၊ မင်းဝဏ္ဏကြီးတို့အဖွဲ့နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဒေါက်တာမင်းနွယ်စိုးနှင့် နိုင်လဝီအောင်(နိုင်မြင့်ဆွေ)တို့နှင့်တွေ့ဆုံကြရာတွင် မွန်ပြည်နယ်ရှိ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများလည်းပါဝင်တက်ရောက်ကြသည်။

    (၆၅) ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို) အနေဖြင့် မွန်အမျိုးသားနေ့သို့တက်ရောက်ရန် ဝန်ကြီးချုပ်ကို ဖိတ်ကြားသော်လည်း သူ့အနေနှင့် လုံခြုံရေးအရ တက်ရောက်နိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

    “တကယ်လို့ မွန်အမျိုးသားနေ့ကို မုဒုံမြို့မှာ လုပ်မယ်ဆိုရင် သူတက်ရောက်နိုင်မယ်၊ အခုသူမတက်နိုင်ပေမယ့် သဝဏ်လွှာပေးပို့မယ်လို့ ပြောသွားတယ်” ဟု
    ၆၅ ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေး(ဗဟို)ကော်မတီတွင် ဥက္ကဌ နိုင်တင်ဌေး၊ ဒုဥက္ကဋ္ဌများအဖြစ် ဒေါက်တာ မင်းကြည်ဝင်း၊ ဒေါက်တာ မင်းစိုးလင်း၊ ဒေါက်တာ မင်းလွန်းတင်၊ ဦးလွန်းအောင်နှင့် အထွေထွေအတွင်းရေးမှူးအဖြစ် မင်းဝဏ္ဏကြီးတို့ ရွေးချယ်ထားသည်။

    ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ (တပို့တွဲလပြည့်ကျော်-၁)ရက်နေ့တွင် ကျရောက်သည့် ၆၅ ကြိမ်မြောက် မွန်အမျိုးသားနေ့ဗဟိုကို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာတွင် ကျင်းပမည်ဖြစ်သည်။

    ယမန်နှစ် ၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပရေး(ဗဟို)ကို သံဖြူဇရပ်မြို့ရှိ ကြာကန်အားကစားကွင်း၌ စည်ကားစွာ ကျင်းပခဲ့သည်။

    မွန်အမျိုးသားနေ့ ဗဟိုအဆင့် ကျင်းပရေးကော်မတီကို ၁၉၉၇ ခုနှစ်တွင် ကျရောက်သည့် ၅၀ နှစ်ပြည့် ရွှေရတုအထိမ်းအမှတ်မှစတင်ခဲ့ပြီး မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များအပါအဝင် ရန်ကုန်၊ ပဲခူး၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းရှိ မွန်အမျိုးသားကျင်းပရေးကော်မတီများစုစည်းဖွဲ့စည်းခဲ့ရာ နှစ်စဉ်အလိုက် ဒေသပြောင်းရွေ့ကျင်းပခဲ့သည်။

    ဟံသာဝတီပြည်(ပဲခူးမြို့)ထူထောင်သည့် သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့တွဲလဆုတ် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီတွင် မွန်နိုင်ငံရေးခေါင်းဆောင်များ သတ်မှတ်ခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks