Sunday, March 8, 2026
More
    spot_img
    Homeသတင်းအဋ္ဌအကြိမ်မြောက် ပါတီညီလာခံ ကျင်းပလျက်ရှိ

    အဋ္ဌအကြိမ်မြောက် ပါတီညီလာခံ ကျင်းပလျက်ရှိ

    -

    လွတ်လပ်သော မွန်သတင်အေဂျင်စီ – အဋ္ဌမအကြိမ်မြောက် မွန်ပြည်သစ်ပါတီ ညီလာခံအစည်းအဝေးကို ဗဟိုဌာနချုပ်ရှိရာ ရေးချောင်းဖျားဒေသတွင် ယမန်နေ့က စတင်ကျင်းပနေပြီး ဖြစ်သည်။

    ထိုညီလာခံတွင် ငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ကို အဓိက အကြောင်းအရာတခုအနေဖြင့် ဆွေးနွေးသွားမည်ဟု သိရသည်။

    “ပါတီရဲ့ လုပ်ငန်းစဉ်တွေ ပြန်သုံးသပ်မယ်၊ ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်မယ်၊ လက်ရှိ နိုင်ငံရေးအခြေအနေ ငြိမ်းချမ်းရေး တွေ့ဆုံမှုတွေ စတာတွေ အားလုံး ဆွေးနွေးမှာပေါ့” ဟု မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်တဦးက ပြောသည်။

    ညီလာခံတွင် သထုံခရိုင်၊ မော်လမြိုင်ခရိုင်နှင့် ထားဝယ်ခရိုင်တို့မှ ပါတီ ကိုယ်စားလှယ် တရာကျော် တက်ရောက်ကြကြောင်း သိရသည်။

    ပါတီညီလာခံ ကျင်းပနေစဉ်မှာပင် မီးရထားဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့်အဖွဲ့နှင့် မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ ဦးဆောင်သည့်အဖွဲ့တို့ ယနေ့တွင် ပဏာမ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခဲ့သည်။

    မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့တာတွေကို ဗဟိုဌာနချုပ်သို့ တင်ပြပြီး ဆွေးနွေးသွားမည်ဟု မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ယနေ့ အစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံအပြီး သတင်းထောက်များကို ပြောကြားသွားခဲ့သည်။

    မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်တွင် မြန်မာအစိုးရနှင့် အပစ်ရပ်သဘောတူညီမှုရယူခဲ့သည်။ နောက်ပိုင်းတွင် နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရန် စစ်အစိုးရက အတင်းအကြပ် တွန်းအားပေးလာမှုကြောင့် ၂၀၁၀ ခုနှစ် စက်တင်ဘာလတွင် နှစ်ဖက် အပစ်ရပ်စဲရေး ပျက်ပြယ်ခဲ့ခြင်းဖြစ်သည်။

    အပစ်အခတ်ရပ်စဲရေးဆွေးနွေးဖို့အတွက် မွန်ပြည်သစ်ပါတီမှ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ ဦးဆောင်သော အဖွဲ့ဝင်လေးဦးနှင့် ပြည်ထောင်စုအဆင့် ရထား ပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သောအဖွဲ့တို့ ယနေ့ ဒ႘ဇင်ဘာလ ၂၂ ရက်နေ့ နေ့လည်း ၁၁ နာရီမှာ ထိုင်းနိုင်ငံ စံခလပူရီမြို့ တွင် ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။

    ပြီးခဲ့သည့်လတွင် UNFC အဖွဲ့ွဝင်များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) များနှင့် မီးရထားဝန်ကြီး ဦးအောင်းမင်းတို့ တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

    UNFC ကို ယခင်က မွန်ပြည်သစ်ပါတီအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ပြီး ယခုလက်ရှိတွင်မူ ယင်းအဖွဲ့များထဲမှ ကချင်အဖွဲ့နှစ်ဖွဲ့ကိုပေါင်းစည်းလိုက်သဖြင့် အဖွဲ့ဝင် ၁၁ ဖွဲ့ ဖြစ်သွားခဲ့သည်။

    မွန်ပြည်သစ်ပါတီတွင် ပြီးခဲ့သည့် အောက်တိုဘာလတွင် မွန်ပြည်နယ် အစိုးရကိုယ် စားလှယ် အဖွဲ့များနှင့် ရေးမြို့ အခြေစိုက် ခလရ (၆၁) စစ်တပ် ဝင်းတွင် တစ်ကြိမ်၊ နိုဝင်ဘာ လတွင် မွန်ပြည် နယ်အစိုးရငြိမ်းချမ်းရေးအကျိုးတော်ဆောင်များနှင့် ဗဟိုဌာနချုပ်တွင် တစ်ကြိမ် တွေ့ဆုံခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks