Sunday, March 8, 2026
More
    spot_img
    Homeသတင်းမွန်ပါတီနှစ်ခုပေါင်းစည်းရေး မွန်သံဃာတော်များနှင့် မွန်ပြည်သူများ ထောက်ခံ

    မွန်ပါတီနှစ်ခုပေါင်းစည်းရေး မွန်သံဃာတော်များနှင့် မွန်ပြည်သူများ ထောက်ခံ

    -

    မင်းသုတ– မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF) နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ပေါင်းစည်းရေးအတွက် မွန်သံဃာတော်များနှင့် မွန်ပြည်သူအများစုထောက်ခံကြကြောင်း AMDP ဥက္ကဌက ပြောသည်။

    AMDP ဥက္ကဌ နိုင်ငွေသိန်း(ခေါ်) နိုင်ဂျနူမွန်
    AMDP ဥက္ကဌ နိုင်ငွေသိန်း(ခေါ်) နိုင်ဂျနူမွန်

    ယင်းသို့ ပါတီနှစ်ခုပေါင်းစည်းရေးအတွက် နိုဝင်ဘာလ ၂၇ ရက်နေ့မှစ၍ စစ်တမ်းကောက်ခဲ့ရာ မွန်ပြည်သူလူထုများကထောက်ခံအားပေးခဲ့ပြီး အထူးသဖြင့် မွန်သံဃာတော်များက ပိုမို ထောက်ခံကြ သည်ဟု AMDP ဥက္ကဌ နိုင်ငွေသိန်း (ခေါ်) နိုင်ဂျနူမွန်က ပြောသည်။

    ၎င်းက “လမိုင်းမြို့နယ်ခွဲက ဘုန်းတော်ကြီး အပါး ရ၀ က တပြိုင်တည်းစုပြီး ပါတီနှစ်ခု မုချပေါင်းစည်းရ မယ်ဆိုပြီး စာရေးသားပေးပို့လာတယ်၊ ပါတီကော်မရှင်ကလည်း စစ်တမ်းကောက်တာ ဒီနေ့ သက်တမ်းပြည့် လို့ အများစုက ပါတီပေါင်းစည်းရေးကိုပဲ ထောက်ခံတယ်လို့ ကျနော့်ကို အစီရင်ခံပြီးပြီ” ဟု ပြောသည်။

    မွန်တိုင်းရင်းသားပါတီများအနေဖြင့် ရွေးကောက်ပွဲဝင်ပါက အင်အားပို၍ကောင်းစေရန်နှင့် မဲပေးသူမွန် လူမျိုးများ အတွက် ရှုပ်ထွေးမှု မဖြစ်စေရန်အတွက် မွန်ပါတီနှစ်ခုကို တခုအဖြင့်သာ ပေါင်းစည်းလိုကြောင်း ယင်းပါတီများမှ ခေါင်းဆောင်များက ယခင်လတွင်ပြောသည်။

    စစ်တမ်းကောက်ယူရန်အတွက် AMDP က ၎င်း၏ ကရင်ပြည်နယ် မွန်တိုင်းရင်းသားရေးရာဝန်ကြီး နိုင်ချစ်ဦး ဦးဆောင်သည့်(၇)ဦးပါ ကော်မရှင်တရပ်ကို ပြီးခဲ့သည့် နိုဝင်ဘာလ(၂၇) ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

    နိုင်ငွေသိန်း (ခေါ်) နိုင်ဂျနူမွန်က“ဘယ်လိုပေါင်းစည်းရမလဲဆိုတာကို ခုလ (၁၈) ရက်နေ့မှာ ကျနော်တို့ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်မယ်” ဟု ပြောသည်။

    ထို့အတူ MNDF မှ ဒေါက်တာမင်းစိုးလင်း၊ ဒေါက်တာမင်းကြည်ဝင်း၊ နိုင်စိုးမြင့်နှင့် နိုင်ပန်းအောင်တို့နှင့် AMDP မှ စစ်တမ်းကောက်ယူရေး ကော်မရှင်အဖွဲ့ဝင်(၄) ဦးတို့က ပါတီပေါင်းစည်းနိုင်ရေး အတွက် ယမန်နေ့တွင် မော်လမြိုင်မြို့တနေရာ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

    ၁၉၉၀ ခုနှစ်တွင် တရားဝင်ပါတီအဖြစ်မှ ဖျက်သိမ်းခံခဲ့ရသည့် မွန်အမျိုးသားဒီမိုက ရေစီအဖွဲ့ (MNDF)သည် ပြီးခဲ့သည့်လ၌ မော်လမြိုင်မြို့တွင် အစည်းအဝေးကျင်းပခဲ့ပြီး အမှုဆောင်သစ်များပြန်လည် ရွေးချယ် တင်မြှောက်ခဲ့သော်လည်း ပါတီပြန်လည် မှတ်ပုံတင် မည့်ကိစ္စကို မဆုံးဖြတ်ရေးသေးပါ။

    MNDF ဥက္ကဌ နိုင်ငွေသိမ်းက “၂၀၀၈ ဖွဲ့စည်းပုံမပြင်ရင် ရွေးကောက်ပွဲမဝင်တဲ့မူက ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) မှာဆုံးဖြတ်ထားတာရှိတယ်၊ ဒါပေမယ့် ပြီးခဲ့တဲ့လမှာ ကျနော်တို့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးခဲ့ပြီးပြီ၊ ဒါကြောင့် ကျနော်တို့ ပါတီ အနေနဲ့ ဒီ ၂၂ ရက်နေ့အစည်းအဝေးကျမှ ဆုံးဖြတ်ချက်ချမယ်၊ မွန်ပါတီနှစ်ခုကတော့ မုချပေါင်းရမှာပဲ” ဟု ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks