spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်၌ လျှပ်စစ်မီတာခတိုးမြှင့် ကောက်ခံတော့မည်

    မွန်ပြည်နယ်၌ လျှပ်စစ်မီတာခတိုးမြှင့် ကောက်ခံတော့မည်

    -

    ဂျူရီချိုင်း – မွန်ပြည်နယ်တွင် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးဌာနက လာမည့်နှစ်အတွင်း လျှပ်စစ်မီတာခနှုန်း တိုးမြှင့်ကောက်တော့မည်ဟု အသိပေးထားကြောင်း ဒေသခံများက ပြောသည်။
    ယခင်က အိမ်သုံးမီတာခ တယူနစ်လျှင် ၂၅ ကျပ် ပုံမှန်ကောက်ခံရာမှ ၂၀၁၂ ခုနှစ်မှစပြီး တိုးမြှင့်ကောက်ခံသွားမည်ဟု လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနက ယခင်လကတည်းက အသိပေး ထားကြောင်း မွန်ပြည်နယ် မော်လမြိုင်မြို့ခံတဦးက ပြောသည်။

    ၄င်းက “နောက်လကျရင် ဒီနှုန်းခထက်တိုးပြီးတော့ ကောက်ခံမယ်လို့ပြောသွားတယ်၊ ဒါပေမယ့် ဘယ်လောက်ထိ တိုးကောက်မယ်ဆိုတာကိုတော့ မပြောသေးဘူး” ဟုပြောသည်။

    မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး အမှတ် (၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ လာမည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ အိမ်သုံးမီတာ တယူနစ်လျှင် ၅၀ ကျပ်၊ လုပ်ငန်းသုံး မီတာတယူနစ် လျှင် ၁၀၀ ကျပ်နှုန်းဖြင့် တိုးမြှင့် ကောက်ခံသွာမည်ဟု မြန်မာပြည်တွင်းထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

    အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ရေအားလျှပ်စစ် တယူနစ်လျှင် ၂၀ ကျပ်နှုန်း၊ ဓာတ်ငွေ့တာဘိုင်အတွက် တယူနစ်လျှင် ၁၂၇ ကျပ် အကုန်ကျခံကာ ဖြန့်ဖြူးပေးနေရခြင်းကြောင့် အရှုံးပေါ်လျက်ရှိသဖြင့် ဓါတ်အားခနှုန်းထားများ ပြောင်းလဲ ကောက်ခံရခြင်းဖြစ်ကြောင်းလည်း ပါရှိသည်။

    လျှပ်စစ်ဖြန့်ဖြူးရေးဌာနက ၂၀၀၆ ခုနှစ် ဇန်နဝါရီလမှစ၍ အိမ်သုံးမီးတာ တယူနစ်လျှင် ၂၅ ကျပ်၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းသုံး မီတာခ တယူနစ်လျှင် ၅၀ ကျပ်နှုန်းဖြင့် စတင်ကောက်ခဲ့ ခြင်းဖြစ် သည်။

    ယင်းသို့ သတ်မှတ်ထားသော်လည်း မွန်ပြည်နယ်ရှိ မြို့နယ်တချို့တွင် သတ်မှတ်နှုန်းထားထက် ပိုမိုပေးဆောင်နေခဲ့ရကြောင်း ဒေသခံများက ပြောသည်။

    မုဒုံမြို့နယ်၊ နှီးပဒေါ်ကျေးရွာမှ ကိုအောင်က “အခုမီတာခ ထပ်တိုးမယ်ဆိုတာကိုတော့ မကြားသေးဘူး၊ ဒါပေမယ့် ကျနော်တို့မှာက ၂၀၀၆ ခုနှစ်ကတည်းက မီးစယူထားကတည်းက မီတာခကို တယူနစ် ၅၀ ပေးနေရတယ်” ဟု ပြောသည်။

    မွန်ပြယ်နယ်ရှိ ဒေသများအတွင်း ဖြန့်ဖြူးသည့် လျှပ်စစ်မီးသည် ပုံမှန်လာခြင်းမရှိကြောင်း၊ မီးလာသည့်အခါတွင်လည်း မီးအားမပြည့်ဖြစ်နေသော်လည်း မီတာခကိုမူ တယူနစ်လျှင် ၆၀ ကျပ်အထိ ပေးဆောင်နေရကြောင်း ရေးမြို့နယ်မှ မြို့ခံများကလည်း ပြောသည်။

    ဆက်စပ်သတင်း

    1 COMMENT

    1. ဒီထက်ကောင်းတဲ့သတင်း ရေးမတတ်လို့လား မီတာခမပြောနဲ့ နှစ်တိုင်းဟာ ကုန်စျေးနှုန်းတက်နေတာပဲ ကျသွားတာရှိလို့လား ခေတ်ပေါ်လာတဲ့အမျှ သုံးစရိတ်တိုင်းဟာ စျေးတိုးမြှင့်လာတာပဲ ဒီသတင်းမဖတ်လည်း လူတိုင်းသိပါတယ်

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks