Homeသတင်းမွန်ဒေသအတွင်း လူငယ်စွမ်းအားမြှင့် သင်တန်းဖွင့်လှစ်

မွန်ဒေသအတွင်း လူငယ်စွမ်းအားမြှင့် သင်တန်းဖွင့်လှစ်

-

မင်းသုတ – မွန်ဒေသလူမှုဖွံ့ဖြိုးရေးကွန်ယက် Mon State Development Networking(MSDN) နှင့် ငြိမ်းဖောင်ဒေးရှင်းတို့ပူးပေါင်းပြီး လူငယ်များအရည်အသွေးနှင့်

Work Shop တစ်ခုတွင်မွန်လူငယ်များ လေ့လာသင်ယူနေကြပုံ(Photo-IMNA)
Work Shop တစ်ခုတွင်မွန်လူငယ်များ လေ့လာသင်ယူနေကြပုံ(Photo-IMNA)

စွမ်းဆောင်ရေမြှင့်တင်ရေး ရက်တိုသင်တန်းကို မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) မူးရစ်ကလေးတိုက်နယ်တွင် ဖွင့်လှစ်ပေးနေကြောင်း သင်တန်းတာဝန်ခံ မင်းမင်းနွယ်က ပြောသည်။

“ဒီမိုကရေစီနိုင်ငံတော်ကို ချီတက်နေတုန်းမှာ လူငယ်တွေအတွက် အထောက်အကူဖြစ်စေတဲ့ အကြောင်းအရာတွေကို ပို့ချသင်ကြားနေတာဖြစ်တယ်၊ ဘာမှအနှောက်အယှက်မရှိပါဘူး၊ အေးအေးဆေးဆေးပဲ” ဟု သူက ပြောသည်။

ဒီဇင်ဘာ(၇) ရက်နေ့တွင် အဆိုပါသင်တန်းကို စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ (၅) ရက်တိတိဖြစ်ရာ အသက်(၂၀-၃၀)အရွယ်ရှိ သင်တန်းသားလူငယ် (၃၀) ဦး တက်ရောက်လျှက်ရှိသည်။

သင်တန်းဆရာများအဖြစ် ငြိမ်းဖောင်ဒေးရှင်းမှ ဦးနန်းအောင်၊ မေတ္တာဖောင်ဒေးရှင်းမှ နိုင်ကောင်းလဝီ၊ မိကြည်ဝင်း၊ မွန်ဒေသလူမှုဖွံ့ဖြိုးရေးကွန်ယက်မှ မင်းတင့်လွင်(ကဗျာဆရာထောင့်မှန်) တို့ပါဝင်ကြသည်ဟု သိရသည်။

“ဒီသင်တန်းမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ပညာပေးတဲ့အစီအစဉ်ရှိပါတယ်၊ ဒါပေမယ့် ဒီဘီလူးကျွန်းဖက်ကလူငယ်တွေမှာ မူးယစ်ဆေးဝါးနဲ့ကင်းရှင်းကြတာများတယ်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးဖက်မှာတော့ ဘိန်းဇာရွက်ကို လူငယ်တွေကြားမှာ တော်တော်လေးသုံးစွဲနေတာတွေ့ရတယ်၊ အရေးယူရမယ့်အဆင့်တောင်ရောက်နေပြီ” ဟု မင်းမင်းနွယ်က ဆက်ပြောသည်။

အလားတူသင်တန်းများကို ဒီဇင်ဘာ (၁၀) ရက်နေ့တွင်လည်း သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာတွင် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး မော်လမြိုင်နှင့် ကရင်ပြည်နယ်ရှိ မွန်ကျေးရွာအချို့တွင် သင်ကြားပို့ချရန်အစီအစဉ်ရှိသည်။

မွန်ဒေသလူမှုဖွံ့ဖြိုးရေးကွန်ယက်မှ လူငယ်စွမ်းအားမြှင့်သင်တန်းကို ပထမဆုံးအကြိမ် သင်တန်းပေးရန်စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts