Homeသတင်းတတိယအကြိမ် မွန်အမျိုးသမီးများနှီးနှောဖလှယ်ပွဲကျင်းပ

တတိယအကြိမ် မွန်အမျိုးသမီးများနှီးနှောဖလှယ်ပွဲကျင်းပ

-

ကျလွန်းထော – တတိယအကြိမ်မြောက် မွန်အမျိုးသမီးများ နှီးနှောဖလှယ်ပွဲအခမ်းအနားကို မွန်အမျိုးသမီးများဗဟိုမှ ကြီးမှူးပြီး မွန်ပြည်သစ်ပါတီလက်အောက်ခံ မွန်အမျိုးသားပညာရေးဌာန ရုံးစိုက်ရာ ညီသာစခန်းတွင် ယမန်နေ့မှ စတင် ကျင်းပနေသည်။

အခမ်းအနားကို ဒီဇင်ဘာ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး နယ်စပ်ဒေသမှ မွန်လူမှုအဖွဲ့အစည်းများအပြင် ပြည်တွင်းရှိ မွန်ပြည်သစ်ပါတီလက်အောက်ခံ ခရိုင် ၃ ခရိုင်မှ အမျိုးသမီးအဖွဲ့ဝင်များနှင့် ပြည်တွင်းမွန်အမျိုးသမီးအရေး ပါဝင်လှုပ်ရှားသူများ စုစုပေါင်း (၅၀) ဦး တက်ရောက်ကြသည်။

“နယ်အသီးသီး ဒေသအသီးသီးမှ လာတဲ့ ကိုယ်စားလှယ်တွေက အမျိုးသမီးတွေရဲ့ လက်ရှိဘဝအခြေအနေတွေကို အဖွဲ့လိုက် တင်ပြကြတယ်၊ အဲဒီအချက်ပေါ်မူတည်ပြီးတော့ ဆက်ဆွေးနွေးသွားမှာ ဖြစ်တယ်” ဟု မွန်လူ့အခွင့်အရေးဖောင်းဒေရှင်းမှ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သူ နိုင်ကောင်းရော့က ပြောသည်။

အမျိုးသမီးများ နိုင်ငံရေးလုပ်ငန်းများတွင် ပါဝင်နိုင်ရန်၊ လူမှုအသိုင်းအဝန်းတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အမျိုးသမီးများအား ၄င်းတို့၏အမြင်များ နှီးနှောဖလှယ်ပေးရန်နှင့် မွန်အမျိုးသမီး ပူေးပါင်းရေးကော်မတီ ဖွဲ့စည်းနိုင်ရန် စသည့် ရည်ရွက်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်။

လက်ရှိဖြစ်ပေါ်နေသည့် အမျိုးသမီးများအကြမ်းဖက်မှု၊ အမျိုးသမီးနှင့် နိုင်ငံရေး၊ အမျိုးသမီးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၊ အမျိုးသမီးများ တက်ကြွနိုးကြားမှု၊ အမျိုးသမီးများနှင့် လက်တွဲ ပူးပေါင်းလုပ်ဆောင်ခြင်း စသည့် အခြေခံအချက်များဖြင့် ဆွေးနွေးသွားမည်ဖြစ်သည်ဟု ဆွေးနွေးဖလှယ်ရေး အခမ်းအနား ဖြစ်မြောက်ရေးကော်မတီအဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူမွန်အမျိုးသမီးများနှီးနှောဖလှယ်ပွဲကို ၂၀၀၄ ၊၂၀၀၈ ခုနှစ်များတွင် ကျင်းပပြုလုပ်ခဲ့ပြီး ယခု ၂၀၁၁ ခုနှစ်တွင် တတိယအကြိမ်အဖြစ် ပြုလုပ်နေခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts