Homeသတင်းမဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား ပြန်ဖွင့်ပြီ

မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား ပြန်ဖွင့်ပြီ

-

မင်းသုတ – မြန်မာအစိုးရဘက်မှ တနှစ်ကျော်ကြာ တဖက်သတ်ပိတ်ထားသည့် မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားကို ယနေ့ နံနက် ရ နာရီကျော်အချိန်တွင် ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီးဖြစ်သည်။

 မြဝတီသို့ဝင်ရောက်ရန် မဲဆောက်မှအထွက်ဂိတ်ကို ယနေ့မြင်ရပုံ( ပုံ- လွတ်လပ်သော မွန်သတင်အေဂျင်စီ)
မြဝတီသို့ဝင်ရောက်ရန် မဲဆောက်မှအထွက်ဂိတ်ကို ယနေ့မြင်ရပုံ( ပုံ- လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် ထိုင်းအာဏာပိုင်နှင့် မြန်မာအာဏာပိုင်တို့ ညှိနှိုင်းပြီး ယခုလို ချစ်ကြည်ရေးတံတားကို ပြန်လည် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ပထမပတ်က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က သူ့ခရီးစဉ်အတွင်း မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားကို ပြန်လည်ဖွင့်လှစ်ပေးရန် မြန်မာနိုင်ငံအစိုးရထံ မေတ္တာရပ်ခံခဲ့သည်။

“နှစ်နိုင်ငံအရာကြီးတွေ တံတားအလယ်ကနေ ဖဲကြိုးဖြတ်၊ အမှာစကားပြောပြီး ၉ နာရီကျော်လောက်မှ မြဝတီစီးပွားရေးဇုံဘက်ကို ဆက်ပြီး သွားကြတယ်” ဟု မြဝတီမြို့နေ မွန်ကုန်သည်တဦးက ပြောသည်။

အခမ်းအနားသို့ မြန်မာ့စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ထိုင်းတာဝန်ရှိသူများ နှစ်ဘက် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

တံထားဖွင့်လှစ်ပေးပြီးနောက် ဖြတ်သန်းသွားလာသမျှ ကုန်သွယ်မော်တော်ယာဉ်များအား တနေ့သာ အခမဲ့ဖြတ်သန်းခွင့်ပြုထားသည်ဟုလည်း သိရသည်။

၄င်းချစ်ကြည်းရေးတံတားကို ၂၀၁၀ ခုနှစ် ဇူလိုင် ၁၈ ရက်နေ့မှစပြီး မြန်မာအာဏာပိုင်တို့က တဖက်သတ်ပိတ်ထားလိုက်သည်။

ချစ်ကြည်ရေးတံတား မပိတ်ခင်တွင် မဲဆောက်-မြဝတီ တရားဝင်ထိုင်းကုန်ပစ္စည်းများ တင်ပို့မှုမှာ တလလျှင် ဘတ်သန်း ၃၀၀၀ ကျော်ရှိပြီး၊ မြန်မာဘက်မှ ထိုင်းဘက်သို့ ပို့ကုန်တင်ပို့မှု ပမာဏဘတ်သန်း ၁၅၀၀ ခန့်ရှိကြောင်း ထိုင်း-မြန်မာ ကုန်သည်ကြီးများအသင်းက ခန့်မှန်းထားကြသည်။

ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေး ကုန်သွယ်မှုတံတားကို ၁၉၉၇ ခုနှစ်၊ သြဂုတ် ၁၅ ရက်နေ့က စတင်ဖွင့်လှစ်ပေးခဲ့ပြီး တံတားအတွက် ကုန်ကျမှုစရိတ်များကို ထိုင်းဘက်မှ အကုန်ကျခံတည်ဆောက်ပေးထားခြင်းဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts