spot_img
Monday, August 25, 2025
More
    spot_img
    Homeသတင်းမွန်ပါတီနှစ်ခုပေါင်းစည်းရေး မွန်ပြည်သူများ၏ဆန္ဒ ကောက်ခံမည်

    မွန်ပါတီနှစ်ခုပေါင်းစည်းရေး မွန်ပြည်သူများ၏ဆန္ဒ ကောက်ခံမည်

    -

    ကျလွန်းထော – မွန်ပါတီနှစ်ခုပူပေါင်းနိုင်ရန်အတွက် မွန်ပြည်သူများနှင့် ရဟန်းသံဃာတော်များ၏ ဆန္ဒများရယူပြီးမှ ဆုံးဖြတ်ချက်ချသွားမည်ဟု မွန်ဒေသလုံးဆိုင်ဒီမိုကရေစီပါတီ (AMDP) ဥက္ကဌနိုင်ငွေသိန်း (ခေါ်) နိုင်ဂျနူမွန်က ပြောသည်။

    မွန်လူမျိုးများ နေထိုင်ရာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်း အစရှိသည့်ဒသများမှ မွန်လူမျိုးများ၊ သံဃာတော်များ၏ သဘောထားကို ကောက်ခံသွားမည်ဖြစ်သည်။

    “ပါတီနှစ်ခုပေါင်းဖို့ကို ကျနော်တို့ပါတီ ဆုံးဖြတ်ထားပြီးပါပြီ၊ ဒါပေမယ့် မွန်ပြည်သူနဲ့ မွန်ဆရာတော်တွေရဲ့ သဘောထားက ဘယ်လိုရှိလဲ၊ ဒီတစ်လအတွင်းမှာ သူတို့ရဲ သဘောထားကိုရယူပါဦးမယ်၊ ဆုံးဖြတ်ချက်က ဒီဇင်ဘာလလောက်မှ ချဖြစ်မယ်” ဟု နိုင်ဂျနူမွန်က လွတ်လပ်သော်မွန်သတင်းအေဂျင်စီကို ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ နိုဝင်ဘာ ၂၇ ရက်နေ့က အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ရာ မွန်ပြည်သူနှင့် သံဃောတော်များ၏ သဘော ကောက်ယူရန်အတွက် ကော်မတီဝင် (၇) ဦး ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

    ၄င်းပါတီနှစ်ခု ပူးပေါင်းမည်ဆိုပါက ပါတီအမည်သတ်မှတ်ရေးကို လာမည့်အစည်းအဝေးတွင် ဆုံးဖြတ်ချက် ချမည်ဖြစ်ကြောင်း (AMDP) ဥက္ကဌနိုင်ဂျနူမွန်က ပြောသည်။

    ထို့အတူ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF) အနေဖြင့်လည်း ၄င်းတို့မှ ပါတီမှတ်ပုံတင်ရန် အချိန်ယူစဉ်းစားလျှက်ရှိစဉ် မိမိတို့ပါတီနှင့် ယုံကြည်ချက်၊ ခံယူချက်တူညီသော မည်သည့်နိုင်ငံရေးပါတီများနှင့်မဆို လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

    ထို့အပြင် MNDF အနေနှင့် မွန်ပါတီနှစ်ခုပူးပေါင်းရေးကို လာမည့်ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ဆုံးဖြတ်ချက်ချသွားမည်ဟု သိရသည်။

    မွန်အမျိုးသားဒီမိုကရေစီအဖွဲ့အနေဖြင့် “ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (U.N.L.D) နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (U.N.A)” စသည့်တိုင်းရင်းသားများအဖွဲ့တွင် ပူးပေါင်းပါဝင်နေသည့်အတွက် လက်ရှိနိုင်ငံရေးအခင်းအကျင်းများကို မျက်ခြေမပြတ် လေ့လာသုံးသပ်ပြီး ပါတီမှတ်ပုံတင်သင့်၊ မတင်သင့် ကိစ္စရပ်များကို ပြည်ထောင်စုအကျိုး၊ မွန်အမျိုးသားများ၏အကျိုးကို ဦးထိပ်ပန်ဆင်ပြီး စဉ်းစားဆုံးဖြတ်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

    နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကျင်းပသော (U.N.L.D) နှင့် (U.N.A) တို့၏ ဆွေးနွေးပွဲတွင် နိုင်ငံရေးအကျဉ်းသားများ မလွတ်မြောက်သေးသောကြောင့် တိုင်းရင်းသားအများစုက ပါတီမှတ်ပုံတင်ရန် မဆုံးဖြတ်သေးကြောင်းနှင့် ၄င်းကိစ္စရပ်များကို မွန်အမျိုးသားဒီမိုကရေစီအဖွဲ့အနေဖြင့် ဆက်လက်ဆွေးနွေးသွားမည်ဟု ဆုံဖြတ်ထားသည်။

    ၂၀၁၀ ရွေးကောက်ပွဲတွင် အမတ် (၁၆) နေရာ အနိုင်ရရှိထားသည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP) နှင့် ၁၉၉၀ ပြည့် ရွေးကောက်ပွဲတွင် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် (၅) ဦး အနိုင်ရရှိခဲ့ပြီး ၁၉၉၂ ခုနှစ် မတ်လ ၁၉ ရက်နေ့ (မွန်ပြည်နယ်နေ့) တွင် နဝတ အစိုရ၏ ဖျက်သိမ်းခြင်းခံခဲ့ရသည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF) တို့ ပူးပေါင်းရန် ပါတီနှစ်ခု ညှိနှိုင်းထားပြီးဖြစ်သော်လည်း နှစ်ဖက်ဆုံးဖြတ်ချက် မချရသေးကြောင်း နိုင်ဂျနူမွန်က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,500SubscribersSubscribe
    spot_img

    Latest posts