spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်းပြည်တွင်းမွန်ပါတီနှစ်ခု ပေါင်းစည်းနိုင်ရေးကြိုးပမ်းနေ

    ပြည်တွင်းမွန်ပါတီနှစ်ခု ပေါင်းစည်းနိုင်ရေးကြိုးပမ်းနေ

    -

    ဂျူရီချိုင်း၊ဂျလွန်းထော – ပြည်တွင်းမွန်နိုင်ငံရေးပါတီနှစ်ခု တစ်ပါတီအဖြစ်ပေါင်းစည်းနိုင်ရေး ကြိုးပမ်းနေကြောင်း ပါတီခေါင်းဆောင်တို့က ပြောသည်။

    (AMDP) မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ နိုင်ငွေသိန်း
    (AMDP) မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ နိုင်ငွေသိန်း

    “မွန်ပါတီတွေက အကွဲအပြဲဖြစ်ပြီးနှစ်ပါတီဖြစ်ခဲ့တာလည်းမဟုတ်ဘူး၊ ၂၀၁၀ ရွေးကောက်ပွဲကို မွန်ဒီမိုကလက်မခံ၊ ရွေးကောက်ပွဲမဝင်လို့ ရွေးကောက်ပွဲဝင်မယ့် မွန်ဒေသလုံးဆိုင်ရာပါတီဆိုပြီး အခြေအနေအရ အသစ်ပေါ်ပေါက်လာတယ်၊ အကယ်၍ မွန်ဒီမိုကမှတ်ပုံတင်ဖို့ဆုံးဖြတ်ရင် ကျနော်တို့တတွေ အမြင်တစ်ခုတည်းပေါ်အခြေခံပြီး ပါတီတစ်ခုတည်းကိုဖွဲ့စည်းသွားနိုင်မှာပါ” ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

    ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရခဲ့သော မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDFနှင့် ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် အသစ်ဖွဲ့စည်းလိုက်သည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP တို့ ပူးပေါင်းနိုင်ရေးအတွက် နှစ်ဖက်ပါတီခေါင်းဆောင်များ ဆက်လက်ညှိနှိုင်းနေသည်ဟုလည်း နိုင်ငွေသိန်းက ဆက်ပြောသည်။

    “လာမယ့်ဒီဇင်ဘာတတိယအပတ်မှာ ကျနော်တို့ပါတီ အီးစီအဖွဲ့ကဆုံးဖြတ်ကြမယ်၊ ပါတီမှတ်ပုံတင်ဖို့ဆုံးဖြတ်ချက်ကျရင် နှစ်ပါတီပေါင်းစည်းရေးအတွက် သေချာသလောက်ရှိသွားပြီ” ဟု မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှ ဥက္ကဌသစ် နိုင်ငွေသိမ်းက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ယနေ့တွင်ပြောကြားသည်။

    မွန်အမျိုးသားဒီမိုကရေစီအဖွဲ့သည် ၁၉၉၀ ရွေးကောက်ပွဲတွင် အမတ်နေရာ ၅ နေရာအနိုင်ရခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကဲ့သို့ပင် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ခြင်း ဖြစ်သည်။

    (MNDF) မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှ ဥက္ကဌသစ် နိုင်ငွေသိမ်း
    (MNDF) မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှ ဥက္ကဌသစ် နိုင်ငွေသိမ်း

    သို့ရာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ(၁၈) ရက်နေ့တွင် NLD မှရွေးကောက်ပွဲဝင်ရန်ဆုံးဖြတ်ခဲ့သဖြင့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့သည်လည်း ဗဟိုကော်မတီဝင်နှင့် ဗဟိုအလုပ်အမှုဆောင်သစ်များဖြင့် ပြန်လည်ရွေးချယ်ကာ ပါတီမှတ်ပုံတင်မည့်ကိစ္စကို စဉ်းစားသုံးသပ်နေခြင်းဖြစ်သည်။

    မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ကို ၁၉၈၈ ခု၊ အောက်တိုဘာလ ၁၁ နေ့၌ဖွဲ့စည်းခဲ့ပြီး ၁၉၉၂ ခုနှစ် မတ်လ ၁၉ ရက် (မွန်ပြည်နယ်နေ့) တွင် တရားဝင်ပါတီတည်ရှိခွင့်မှ နဝတစစ်အစိုးရ ရုတ်သိမ်းခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts