Homeသတင်းမွန်ပြည်နယ်အတွင်း ရာဘာစျေး ပြန်ကျ

မွန်ပြည်နယ်အတွင်း ရာဘာစျေး ပြန်ကျ

-

ဂျူရီချိုင်း– မွန်ပြည်နယ်တွင် ယခုလဆန်းပိုင်းအတွင်း ရာဘာစျေး ပြန်လည်ကျဆင်းသွားကြောင်း ရာဘာခြံပိုင်ရှင်တို့က ပြောသည်။

မွန်ပြန်နယ် ရေးမြို့နယ်ရှိ ရာဘာခြံပုံ
မွန်ပြန်နယ် ရေးမြို့နယ်ရှိ ရာဘာခြံပုံ

ပျမ်းမျှအားဖြင့် ယခင်က ရာဘာစျေးနှုန်းသည် တပေါင်လျှင် ၁၃၀၀ ကျပ် ဝန်းကျင်ရှိရာမှ လက်ရှိ ပေါက်စျေး တပေါင်လျှင် ၉၀၀ ကျပ် အောက်ထိ စျေးကျသွားသည်။

“ဟုတ်တယ် ရာဘာစျေး တအားကျသွားတာ၊ အရောင်း အဝယ်သူတွေကတော့ ဒီ့ထက် ထပ်ကျဖို့ ရှိတယ် ပြောတာပဲ” ဟု ရေးမြို့မှ ရာဘာခြံပိုင်ရှင် မိခိုင်က ပြောသည်။

မွန်ပြည်နယ်အတွင်း ရာဘာအများဆုံးစိုက်ပျိုးကြသည့် မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်၊ ဘီးလင်း၊ ကျိုက်မရော အစရှိသည့် မြို့နယ်တိုင်းတွင် ရာဘာစျေးကျနေကြောင်း သိရသည်။

ရာဘာစျေးသည် တနေရာနှင့် တနေရာ တူညီမှုမရှိပဲ သံဖြူဇရပ်မြို့နယ်နှင့် မုဒုံမြို့နယ်တွင် တပေါင်လျှင် ၉၀၀ အထက်နှင့် စျေးအေးနေသည်ဟု သံဖြူဇရပ်မြို့မှ ရာဘာအရောင်းအဝယ်ပြုသူတဦးက ပြောသည်။

“စျေးထိုးကျနေတဲ့အတွက် ရာဘာခြံရှင်တွေက မရောင်းကြဘူး၊ ဝယ်တဲ့လူတွေကျတော့ လိုက်ဝယ်နေကြတုန်းပဲ” ဟု မုဒုံမြို့နယ် ရောင်းဒေါင်းကျေးရွာမှ ရာဘာခြံပိုင်ရှင်တစ်ဦးက ပြောသည်။

ရာဘာခြံပိုင်ပိုင်ရှင်အများစုသည် ယခုလို ရာဘာစျေးမကောင်းသည့်အချိန်တွင် ရာဘာကို ထုတ်မရောင်းပဲ သိုလှောင်ထားကြသည်။

ရာဘာသည် မွန်ပြည်သူတို့၏ အဓိက စီးပွားရေးလုပ်ငန်းတခုအဖြစ် လုပ်ကိုင်စားသောက်နေကြပြီး ရာဘာကြောင့်လည်း မွန်ပြည်သူတို့ လူနေမှုအဆင့်အတန်း မြင့်မြင့်နှင့် နေနိုင်လာကြသည်ဟု ရာဘာခြံပိုင်ရှင်တွေက ပြောဆိုနေကြသည်။

မွန်ပြည်နယ်သည် ရာဘာအများဆုံးစိုက်ပျိုးသည့် မြို့နယ်တခုဖြစ်ပြီး ၄င်းမှ ထွက်သည့်ရာဘာများကို ရန်ကုန်နှင့် မန္တလေးမြို့ရှိ ရာဘာအဝယ်ဒိုင်ကြီးတို့ထံ တင်ပို့ကြသည်။

မြန်မာပြည်မှ ထွက်သည့်ရာဘာကို တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့နေပြီး ဂျပန်နှင့် စင်ကာပူကိုလည်း တင်ပို့ကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ရာဘာအများဆုံးစိုက်ပျိုးပြီး၊ တနိုင်ငံလုံးရှိ ရာဘာစိုက်ဧက၏ ၃၇ ဒဿမ ရာခိုင်နှုန်းရှိသည်။ ၁၉၈၈ ခုနှစ် မတိုင်မီ စိုက်ဧက ရ၆,၆၀၇ ဧက ရှိရာမှ ၂၀၀၉-၂၀၁၀ တွင် ၄၂၃,၆၉၂ ဧကအထိ တိုးလာပြီး၊ ၂၂ နှစ်အတွင်း စိုက်ဧက ၅ ဆကျော် တိုးလာကြောင်း ဇန်နဝါလီလ ၁၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ့ အာဘော်တွင် ဖော်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts