Homeသတင်းNLD ပါတီ ရွေးကောက်ပွဲဝင်မည်ကို မွန်ပြည်သစ်ပါတီဥက္ကဌထောက်ခံ

NLD ပါတီ ရွေးကောက်ပွဲဝင်မည်ကို မွန်ပြည်သစ်ပါတီဥက္ကဌထောက်ခံ

-

လွတ်လပ်သော မွန်သတင်းအေဂျင်စီ – အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ပြီး

ပုံ - eleven media group
ပုံ - eleven media group

ရွေးကောက်ပွဲဝင်မည့်ကိစ္စနှင့် ပတ်သက်ပြီး မွန်ပြည်သစ်ပါတီဥက္ကဌကကြိုဆို ထောက်ခံကြောင်း ယနေ့နံနက်ပိုင်းတွင် လွတ်လပ်သောမွန်သတင်းအေဂျင်စီနဲ့တွေ့ဆုံမေးမြန်းချက်၌ နိုင်ထောမွန်က ပြောသည်။

NLD ပါတီသည် ယနေ့ကျင်းပသည့် ဗဟိုဦးစီးအဖွဲ့အစည်းအဝေးတွင် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းနှင့် လာမည့်ကြားဖြတ်ရွေးကောက်တွင် ဝင်ပြိုင် အရွေးခံမည်ဆိုသည့် ဆုံးဖြတ်ချက်ကို ကန့်ကွက်သူမရှိ ချမှတ်သည်။

“အနည်းငယ်ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေအပေါ်မှာ NLD ပါတီလို ဥပဒေဘောင်အတွင်းမှာ နိုင်ငံရေး လှုပ်ရှားနေတဲ့ ပါတီတခုအနေနဲ့ နိုင်ငံရေး လှုပ်ရှားဖို့ အခွင့်အရေးပေါ်လာရင် ဝင်ရောက်လှုပ်ရှားရမှာပဲ ဒါကတော့ နိုင်ငံရေးသမားတွေရဲ့ လုပ်ဆောင်မှုပဲ၊ လုပ်လည်း လုပ်သင့်တယ်လို့ မြင်တယ်” ဟု မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်က ပြောသည်။

သို့သော် NLD ပါတီအနေနှင့် လက်ရှိဖြစ်ပေါ်နေသည့်နိုင်ငံရေးအခွင့်အလမ်းအပေါ် ဘယ်ပုံဘယ်နည်းနှင့် လှုပ်ရှားသင့်သလဲဆိုသည်ကို စဉ်းစားသင့်ကြောင်းလည်း ၄င်းက ပြောသည်။

နိုင်ထောမွန်က “နောက်တခုက NLD နိုင်ငံရေးလှုပ်ရှားတဲ့နေရာမှာ ပြည်တွင်းမှာရှိနေတဲ့ တိုင်းရင်းသား အဖွဲ့အစည်း နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဖို့လိုတယ် လက်တွဲလုပ်ဆောင်သွားဖို့ လိုတယ်”

မွန်ပြည်သစ်ပါတီသည် ၁၉၉၀ နှင့် ၂၀၁၀ ခုနှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြသော်လည်း အစိုးရသစ်တက်လာပြီး လက်ရှိ ပြောင်းလဲလာသည့် ပကတိ နိုင်ငံရေးအခြေအနေပေါ်မူတည်ပြီး NLD ပါတီ ရွေးကောက်ပွဲဝင်မည်ကို ထောက်ခံခြင်းဖြစ်သည်။

လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကော်မရှင်မှ ကြေငြာထားသည့် မဲဆန္ဒနယ် ၄၈ နေရာစလုံး NLD ပါတီ ဝင်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပေဒေကို ပြင်ဆင်သည့် ဥပဒေအား ပြင်ဆင်၍အတည်ပြုလိုက်ပြီးနောက် NLD ပါတီက ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ရန် စဉ်းစားခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts