spot_img
Friday, January 23, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်တွင်ကွမ်းသီးအစိုတစ်လုံး ၁၅ ကျပ်ပေါက်စျေးဖြင့်စျေးကောင်းရရှိနေ

    ရေးမြို့နယ်တွင်ကွမ်းသီးအစိုတစ်လုံး ၁၅ ကျပ်ပေါက်စျေးဖြင့်စျေးကောင်းရရှိနေ

    -

    ဂျူရီချိုင်း – မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့နယ်အတွင်း ကွမ်းသီးအစိုတစ်လုံးလျှင် ၁၅ ကျပ်ပေါက်စျေးဖြင့် စျေးကောင်းရရှိနေကြောင်း ကွမ်းသီးခြံပိုင်ရှင်များက ပြောသည်။

    ​ရေးမြို့နယ်မှကွမ်သီး (Photo-IMNA)
    ရေးမြို့နယ်မှကွမ်သီး (Photo-IMNA)

    အောက်တိုဘာလလယ်ခန့်က ကွမ်းသီးအစိုတစ်လုံးလျှင် ၁၀ ကျပ်စျေးပေါက်ခဲ့ရာ နိုဝင်ဘာလအတွင်း ၁၅ ကျပ်အထိ စျေးမြင့်တက်လာပြီး တချို့ကျေးရွာများတွင် ၁၆ ကျပ်အထိ စျေးကောင်းရရှိနေသည်ဟု အင်ဒင်ရွာခံ ကွမ်းသီးခြံပိုင်ရှင် မိကျဲလိုင်က ပြောသည်။

    မိကျဲလိုင်က “ဒီနှစ် ကွမ်းသီးတွေ သီးတဲ့အချိန်မှာ ပြဒါးကျလို့ အပွင့်တွေ အသီးအကင်းတွေ အခိုင်လိုက်ကြွေကျတယ်၊ ပျက်စီးတယ်၊ ခြံတိုင်းပဲ ထိတယ်” ဟု ပြောသည်။

    ယခုနှစ် ရာသီဥတု မညီမျှမှုကြောင့် ဒေသအတွင်းရှိ ကွမ်းသီးခြံများ၌ ခူးချိန်မရောက်မီတွင် အခိုင်များကြွေကျမှုများခြင်းကြောင့် ကွမ်းသီးထွက်ချိန်တွင် အထွက်နှုန်းကျဆင်းကာ ယခုကဲ့သို့ ကွမ်းသီးစျေး မြင့်တက်လာသည်ဟု ကွမ်းသီးခြံပိုင်ရှင်များက ပြောဆိုနေကြသည်။

    ကွမ်းသီအစိုများ စျေးကောင်းရရှိလာသည်နှင့် ကွမ်းသီးအခြောက်ပေါက်စျေးသည်လည်း ယခင် တစ်ပိဿာ ၂၀၀၀ ကျပ်ရှိရာကနေ ယခု ၂၄၀၀ ကျပ်အထိ စျေးမြင့်တက်လာခဲ့သည်။

    “အရင်က ကွမ်းသီးတွေကို အခြောက်လုပ်ပြီးမှ အရောင်းအဝယ် ပြုကြတယ်၊ အခုကျတော့ကွမ်းသီးအစိုက စျေးပိုကောင်းနေတယ်၊ ခွဲခြမ်းဖို့နေလှမ်းဖို့မလိုတော့ဘူး၊ အပင်ကခူးပြီးတာနဲ့ တိုက်ရိုက်ရောင်းလို့ရပြီ” ဟု ရေးမြို့နယ်တောင်းပိုင်း ခေါဇာမြို့နယ်ခွဲရှိ ကွမ်းသီးခြံပိုင်ရှင်တစ်ဦးက ပြောသည်။

    ရေးမြို့နယ်နှင့် ရေးချောင်းဖျားဒေသအတွင်းရှိ ဒေသခံအများစုသည် ကွမ်းသီးခြံစိုက်ပျိုးခြင်းဖြင့် အဓိက စီးပွားရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။

    လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ရေးမြို့နယ်ဒေသတဝိုက်တွင် ကွမ်းသီးစျေး တလုံး ၄-၅ ကျပ်ဖြင့် ကွမ်းသီးစျေးမကောင်းသည့်အတွက်ကွမ်းခြံစိုက်ပျိုးခြင်းဖြင့် စီးပွားရေးလုပ်ကိုင်နေသူများ စီးပွားရေးအခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသည်။

    ယခုကဲ့သို့ ကွမ်းသီးစျေးကောင်းနေချိန်တွင် ကွမ်းသီးအရောင်းအဝယ်လုပ်ကိုင်နေသူများကလည်း ကွမ်းသီးကို အလုအယက်ဝယ်ယူနေကြကြောင်း တချို့မှာ ခြံများအရောက် ဝယ်ယူနေကြကြောင်း သိရသည်။

    မွန်ပြည်နယ်၊ ရေးမြို့နယ်မှ ထွက်ရှိသည့် ကွမ်းသီးများကို မြန်မာပြည်အခြားဒေသများသို့ တင်ပို့ရောင်းချကြသည်။

    လွန်ခဲ့သည့်သီတင်းနှစ်ပတ်တွင် မြန်မာပြည်တမူးနယ်စပ်မှ အိန္ဒိယနိုင်ငံသို့ ကျပ် ၂၀ ဒသမ ၇၄၅ သန်း တန်ဖိုးရှိ ကွမ်းသီး ၇ တန်တင်ပို့ခဲ့ရပြီး လွန်ခဲ့သည့်အပတ်တွင် ကွမ်းသီး ၂၃ တန်ကျော်ထပ်မံတင်ပို့ခဲ့ကြောင်း နိုဝင်ဘာလ(၁၄)ရက်နေ့ထုတ် စီးပွားရေးသတင်းဂျာနယ် Commerce Journal တွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts