Monday, April 28, 2025
spot_img
Homeသတင်းဘုရားသုံးဆူမြို့၌ ဒီကေဘီအေ လက်နက်ကိုင်ဆောင်ခွင့်မရှိ

ဘုရားသုံးဆူမြို့၌ ဒီကေဘီအေ လက်နက်ကိုင်ဆောင်ခွင့်မရှိ

-

မင်းသုတ – ယခုလဆန်းပိုင်းတွင် မြန်မာအစိုးရနှင့် အပစ်ခတ်ရပ်ခဲ့သော ဒီကေဘီအေတပ်ဖွဲ့ဝင်များ  ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့နှင့် အနီးပတ်ဝန်းကျင်သို့ လက်နက်ကိုင်ဆောင် သွားလာခွင့်မပြုကြောင်း အမည်မဖေါ်လိုသည့် မြန်မာအရာရှိတဦးက ပြောသည်။

ယမန်နှစ်တွင် ဒီကေဘီအေတပ်ဖွဲ့စီးနင်းတိုက်ခိုက်သဖြင့်ဘုရားသုံးဆူမြို့နေရာအချို့မီးလောင်ပျက်စီးခဲ့ရပုံ
ယမန်နှစ်တွင် ဒီကေဘီအေတပ်ဖွဲ့စီးနင်းတိုက်ခိုက်သဖြင့်ဘုရားသုံးဆူမြို့နေရာအချို့မီးလောင်ပျက်စီးခဲ့ရပုံ

“အရင်ကလို လက်နက်ကိုင်ပြီးမြို့ပေါ်လာခွင့်မပြုဘူး၊ လာရင်ပစ်ခတ်ဖို့အသင့်ပဲ၊ သူတို့အတွက် သတ်မှတ်ထားတဲ့ နေရာမှာပဲနေပေါ့၊ မြို့ပေါ်လာစရာအကြောင်းမှမရှိတာ” ဟု အထက်ပါအရာရှိက ပြောသည်။

၄င်းက ဘုရားသုံးဆူမြို့ပေါ်၌ ခလရ (၃၂) တပ်ရင်းနှင့် မြို့အနီးအနားပတ်ဝန်းကျင်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ခမရ (၅၆၃) တပ်ရင်းတို့ လှုပ်ရှားလျှက်ရှိသည်။

ဘုရားသုံးဆူဒေသအတွင်း လှုပ်ရှားနေသည့် ဗိုလ်ကြီးအေ၀မ်းဦးစီး ဒီကေဘီအေ တပ်ခွဲ (၃) မှ တပ်ဖွဲ့၀င်များအား လက်နက်အပ်နှံပြီး မြို့တွင်းသို့ ပြန်လည်နေထိုင်ရန် နီးစပ်သူများထံမှ တောင်းဆိုခဲ့သည်ဟု ဗိုလ်ကြီးအေ၀မ်း ပြောကြောင်း KIC ကရင်သတင်းဌာနတွင် ဖေါ်ပြထားသည်။

ထို့အတူ မြဝတီမြို့ပေါ်တွင်လည်း အစိုးရနှင့် ဒီကေဘီအေ အပစ်ရပ်စဲခဲ့သည့် ယခင်နှစ်များကဲ့သို့ လက်နက်ကိုင်ဆောင်သွားလာခွင့်မရှိဟု မြန်မာအာဏာပိုင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ဒီကေဘီအေဆက်ဆံရေးရုံးလာဖွင့်ထားပြီးပြီ၊ တခုပဲစိုးရိမ်နေရတယ်၊ သူတို့က KPF ယူနီဖေါင်းဝတ်ပြီး လက်နက်နဲ့သွားလာရင်တော့ အာဏာပိုင်တွေ ရုတ်တရက်ခွဲခြားနိုင်မှာမဟုတ်ဘူး၊ ဘယ်အဖွဲ့က လူတွေလည်းဆိုတာကို ခွဲခြားဖို့လည်းမလွယ်ဘူးလေ” ဟု ၄င်းကဆက်ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲကျင်းပအပြီး နိုဝင်ဘာလ (၈) ရက်နေ့တွင် နယ်ခြားစောင့်တပ်ဖွဲ့ကိုလက်မခံသော ဗိုလ်မှူးချုပ်စောလားပွယ် ဦးဆောင်သည့် ဒီကေဘီအေတပ်ဖွဲ့သည် မြဝတီမြို့နှင့် ဘုရားသုံးဆူမြို့တဝိုက်တွင် အစိုးရတပ်များအား စတင်တိုက်ခိုက်ခဲ့ရာမှ ယခင် ၁၉၉၄ ခုနှစ်ကရရှိခဲ့သော အပစ်ရပ်စဲမှု ပျက်ပြယ်ခဲ့ရသည်။

တဖန် ယခုလ နို၀င်ဘာ (၃) ရက်နေ့တွင် မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့နှင့် ဒီကေဘီအေခေါင်းဆောင်အချို့ ဘားအံမြို့တွင် နှစ်ဘက်အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် (၅) ချက်ဖြင့်  လက်မှတ်ရေးထိုးခဲ့ကြသည်။

၄င်းသဘောတူညီချက် ၅ ချက်မှာ (၁) ယခုလ (နိုဝင်ဘာ-၆) ရက်နေ့မှစပြီး နှစ်ဖက်အပစ်ရပ်ရန်သဘောတူသည်။ (၂) အပစ်ရပ်ကာလအတွင်း ဆုံစည်းမြိုင်နှင့်အနီးတဝိုက်တွင် ဒီကေဘီအေတပ်ဖွဲ့များ  ယာယီအခြေပြုရန်သဘောတူညီသည်။ (၃) မြဝတီမြို့ပေါ်တွင် ဒီကေဘီႝအေ ဆက်ဆံရေးရုံးထားရှိခွင့်ပြုသည်။ (၄) လက်နက်ဖြင့် နယ်မြေကျော်လွန်သွားလိုပါက နှစ်ဖက် တပ်ဖွဲ့များ ကြိုတင်ညှိနှိုင်းဆောင်ရွက်ပြီး သဘောတူမှုရယူရပါမည်။ (၅) ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်မှုကော်မတီနှင့် ဒီကေဘီအေခေါင်းဆောင် ဗိုလ်ချုပ်စောလားဘွယ်တို့ နှစ်ဦးနှစ်ဖက် သဘောတူညီသောနေရာ၊ နေ့ရက်အချိန်များတွင် ထာဝရငြိမ်းချမ်းရေးရရှိသည်အထိ ဆက်လက်ဆွေးနွေး သွားနိုင်ရေးများကို နှစ်ဦးနှစ်ဖက် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်ဟု နိုဝင်ဘာ (၄) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ထုတ်ပြန်ထားခဲ့သည်။

ဆက်စပ်သတင်း

4 COMMENTS

  1. နက်လက်မကိုင်ရဘူးဆိုတော့အချိန်မရွေးနေရာမရွေးလုပ်ကြံလို့ရတာပေါ့။ကလိမ်ကကျစ်တွေနော်သတိထား/

  2. ကောင်းတယ် ဒီကရင်တွေကိုရှင်းပြစ်လိုက် တစ်ကောင်မှအရှင်မထားနဲ့..၀မ်းသာတယ်

  3. ko lin မင်းဒီစကားမျိုးပြောနေတာလား… ကရင်လူမျိုးကို လာမထိနဲ့.. မင်းသေဖို့ရှိတယ်ကြားလား…..

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
34,200SubscribersSubscribe
spot_img

Latest posts