spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အလုပ်အကိုင်ရှားပါးမှုကြောင့် ခလေးလူငယ်များ မိဘနှင့်ကင်းကွာနေရ

    မွန်ပြည်နယ်အလုပ်အကိုင်ရှားပါးမှုကြောင့် ခလေးလူငယ်များ မိဘနှင့်ကင်းကွာနေရ

    -

    မင်းသုတ – မွန်ပြည်နယ်တွင် အလုပ်အကိုင်ရှားပါးနေမှုကြောင့် မိဘဖြစ်သူများနီးစပ်ရာ ထိုင်းနိုင်ငံသို့ ဝင်ရောက်အလုပ်လုပ်ကိုင်နေကြရပြီး မိဘနှင့်ကင်းကွာနေရသောခလေးလူငယ်များအရေအတွက် များပြားနေခြင်းဖြစ်ကြောင်း ချောင်းဆုံမြို့နယ်မှ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    “တချို့ဒေသမှာအလုပ်အကိုင်ရှိပေမယ့်လည်း ရတဲ့ဝင်ငွေနဲ့ စားမလောက်တဲ့ပြဿနာတွေလည်းရှိသေးတယ်၊ ဒါကြောင့် တဖက်နိုင်ငံမှာအလုပ်သွားလုပ်ကြရတယ်၊ အဖိုးအဖွားတွေက သူတို့မြေးတွေကို ထိန်းကျောင်းပေးနေကြရတယ်” ဟု သူကဆက်ပြောသည်။

    မိဘနှင့်အတူတကွမနေရဘဲ ရှင်သန််ကြီးပြင်းရသည့် အသက် ၁၇ နှစ်အောက် ကလေးသူငယ်အများစုမှာ ထိုင်းနိုင်ငံနှင့်နီးစပ်သော မွန်ပြည်နယ်ဖြစ်သည်ဟု စီမံကိန်းရေးဆွဲရေး ဦးစီးဌာနမှညွှန်ကြားရေးမှူး ဒေါ်သွေးသွေးချစ်က ပြောကြားခဲ့ကြောင်း ပြည်တွင်းထုတ်ပေါ်ပြူလာသတင်းအင်တာနက်စာမျက်နှာတွင် ဖေါ်ပြထားသည်။

    ထို့အပြင် ဒုတိယအဖြစ်များဆုံးမှာ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့ဖြစ်ကြောင်း၊ ဖြစ်ရပ်အနည်းဆုံးမှာ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ဖြစ်ကြသည်ဟု ပေါ်ပြူလာသတင်းတွင် ဆက်လက်ဖေါ်ပြထားသည်။

    “မွန်ပြည်နယ်မှာရာဘာအစေးခြစ်ရင်တစ်နေ့ကို ကျပ်လေးထောင်လောက်ပဲရတယ်၊ ထိုင်းမှာအစေးလာခြစ်ရင် တစ်နေ့ဘတ်လေးရာလောက်ရနေတော့ ဗမာငွေနဲ့တွက်ရင် ကျပ်တစ်သောင်းအထက်မှာရှိတယ်” ဟု ထိုင်းနိုင်ငံ၊ ပရာချွတ်ခီရိခန်ခရိုင်တွင် ရာဘာအစေးရောင်းဝယ်ရေးဒိုင်တစ်ဦးဖြစ်သူ နိုင်လဂွမ်းအိမ်က ပြောသည်။

    “အခုထိုင်းမှာ ရေကြီးလို့ပြန်လာကြသူတွေကယာယီသဘောပဲဖြစ်လိမ့်မယ်၊ ရေကျတာနဲ့ပြန်သွားမှာပဲ၊ ဒီကရာဘာခြံတွေမှာအလုပ်ပြန်လုပ်မယ်လို့ မထင်ဘူး၊ ဒီကခြံတွေမှာ ပဲခူးတိုင်းကရွေ့ပြောင်းအလုပ်သမားတွေ ဝင်ရောက်နေရာယူထားကြပြီ” ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်

    အထူးသဖြင့် မွန်ပြည်နယ်တွင် ရာဘာအများဆုံးစိုက်ပျိုးကြသည့် သံဖြူဇရပ်နှင့် မုဒုံမြို့နယ်တို့တွင် ပဲခူးတိုင်းမှအလုပ်သမားများ မိသားစုအလိုက် ပြောင်းရွေ့လာပြီး ရာဘာအစေးခြစ်သမားများအဖြစ် ဝင်ရောက်အလုပ်လုပ်ကိုင်နေကြသည်ကို တွေ့ရှိနေရသည်။

    ထို့အတူ ၄င်းဒေသခံအများစုသည်လည်း ထိုင်းနိုင်ငံသို့ဝင်ရောက်အလုပ်လုပ်ကိုင်နေကြသည်။

    မိဘစုံမရှိခြင်းနှင့် မိဘလုံးဝမရှိကြခြင်းသည် အသက် ၁ဝ နှစ်မှ ၁၇ နှစ်အရွယ်မှာ အများဆုံးဖြစ်နေသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်သည့် စစ်တမ်းအရသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks