Homeသတင်းအွန်လိုင်းမွန်အမျိုးသားစာကြည့်တိုက် ယနေ့တွင် ဖွင့်လှစ်

အွန်လိုင်းမွန်အမျိုးသားစာကြည့်တိုက် ယနေ့တွင် ဖွင့်လှစ်

-

မင်းသုတ – မွန်လူမျိုးများနှင့်ပတ်သက်သော သမိုင်းစာအုပ်မှတ်တမ်းများကို အလွယ်တကူရှာဖွေဖတ်ရှုနိုင်ရန် www.monnationallibrary.org အင်တာနက်လိပ်စာဖြင့် မွန်အမျိုးသား စာကြည့်တိုက်ဝဘ်ဆိုက်အား ယနေ့တွင်စတင်ဖွင့်လှစ်ကြောင်း ၄င်းဝဘ်ဆိုက်ဖြစ်မြောက်ရေးလှုပ်ရှားသူ နိုင်စွန်းထွန်းက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။ “ဒီနေ့တော်သလင်းလပြည့်နေ့ကို ဖွင့်ရက်အဖြစ်သတ်မှတ်ရတာကတော့ သာသနာသက္ကရာဇ် ၉၅၆ ခုနှစ်၊ တော်သတင်းလပြည့်နေ့ဟာ သီရိလင်္ကာနိုင်ငံကိုရောက်နေတဲ့ မွန်မဟာထေရ်ဗုဒ္ဓဃောသ ကနေ ပိဋကတ်သုံးပုံကို ပေစာပေါ်မှာ မွန်ဘာသာနဲ့အက္ခရာတင် ပြန်ဆိုရေးသားခဲ့တာ ပြီးဆုံးသွားတဲ့နေ့မြတ်တစ်ခုပါ၊ ဒါကြောင့် အခုဝဘ်ဆိုက်ကို ဒီနေ့မှဖွင့်လှစ်ဖို့ ဆုံးဖြတ်ကြတာပါ” ဟု နိုင်စွန်းထွန်းက ဆက်ပြောသည်။

ယနေ့တော်သလင်းလပြည့်နေ့တွင် မွန်ဘုန်းတော်ကြီးကျောင်းအနှံ့အပြား၌ မွန်ပိဋကတ်သုံးပုံအမှူးထား၍ သင်္ဘောဦးဆွမ်းတော်ကြီးတင်ပွဲများ နှစ်စဉ်ကျင်းပကြသည်။

အဆိုပါဝဘ်ဆိုက်ပေါ်၌ မွန်လူမျိုးအကြာင်းကို မွန်၊ ဗမာ၊ အင်္ဂလိပ် စသည့်ဘာသာများဖြင့်ရေးသားထားသော စာအုပ်စာတမ်း (၃၁) ခု လွှင့်တင်ထားသည်ကို ယနေ့တွင် တွေ့မြင်နေရသည်။

“မွန်စာကြည့်တိုက်ဖွင့်လှစ်နိုင်တာကို သိပ်ကိုဂုဏ်ယူမိတယ်” ဟု အင်္ဂလိပ်လူမျိုးစာရေးဆရာ Ashley south က Monnet မှတဆင့် ဂုဏ်ပြုစကားပါးခဲ့သည်ကို တွေ့ရှိရသည်။

မွန်ပေစာဟောင်းများ၊ နိုင်ငံရေး၊ ဘာသာရေး၊ ရိုးရာဓလေ့ယဉ်ကျေးမှုထုံးဓမ်းအစဉ်အလာများ၊ အနုပညာ၊ သမိုင်းရေးရာများကို စိတ်ပါဝင်စားသူတိုင်းအလွယ်တကူလေ့လာ အဓိကရည်ရွယ်သည်ဟု မွန်အမျိုးသားစာကြည့်တိုက်ဝဘ်ဆိုက်၏ မွန်ဘာသာဖြင့်ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts